• Back to the Global website
WageIndicator Logo
မြန်မာနိုင်ငံတွင် အလုပ်လုပ်သည်Chevron
ကျွန်ုပ်တို့ လုပ်ဆောင်သည့်အရာများChevron
ကျွန်ုပ်တို့အကြောင်းChevron
Search
ဆက်သွယ်ရန်
arrow
မြန်မာနိုင်ငံတွင် အလုပ်လုပ်သည်
Explore this section to learn more.
ဖူလုံသည့်လုပ်အားခများ
အနည်းဆုံးအခကြေးငွေ
လစာArrow
အလုပ်သမား ဥပဒေArrow
လစာစစ်တမ်း
လစာစစ်ဆေးမှု
အလုပ်နှင့် အခကြေးငွေ
လျော်ကြေးနှင့် အလုပ်ချိန်
လုပ်သက်ခွင့်နှင့် အားလက်ရက်များ။
စာချုပ်များနှင့် ထုပ်ပယ်မှုများ။
မိသားစုတာဝန် များ။
ကိုယ်ဝန်ဆောင်မိခင် နှင့် အလုပ်တာဝန်
ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး
နာမကျန်းခွင့်
လူမှုဖူလုံရေး
သင့်တင့်လျောက်ပတ်စွာ ပြုမူပြောဆိုဆက်ဆံမှု။
အလုပ်သမားသမဂ္ဂများ
Explore all topics
ကျွန်ုပ်တို့ လုပ်ဆောင်သည့်အရာများ
Explore this section to learn more.
ဒေတာနှင့် ဝန်ဆောင်မှုများ
စီမံကိန်းများ [ENG]
အခမ်းအနားများ [ENG]
ထုတ်ဝေစာများ [ENG]
သတင်းနှင့် အကြောင်းအရာများ [ENG]
ကျွန်ုပ်တို့အကြောင်း
Explore this section to learn more.
ကျွန်ုပ်တို့အကြောင်းArrow
ကျွန်ုပ်တို့၏ မိတ်ဖက်များ [ENG]
ကျွန်ုပ်တို့ လုပ်ဆောင်ရာနေရာများ [ENG]
ကျွန်ုပ်တို့၏ မူဝါဒများနှင့် အစီအစဉ်များ [ENG]
သတင်းမီဒီယာခန်းမ [ENG]
ဆက်သွယ်ရန် [ENG]
ကျွန်ုပ်တို့နှင့် အတူလုပ်ကိုင်ပါ [ENG]
အလုပ်သင်အခွင့်အလမ်းများ [ENG]
ကျွန်ုပ်တို့၏ သမိုင်းကြောင်း
ဒေတာအသုံးပြုသူများ
Scroll left
Scroll right
  1. မြန်မာနိုင်ငံ
  2. မြန်မာနိုင်ငံတွင် အလုပ်လုပ်သည်
  3. အလုပ်သမား ဥပဒေ
  4. အလုပ်နှင့် အခကြေးငွေ

အလုပ်နှင့် အခကြေးငွေ

ဤစာမျက်နှာကို နောက်ဆုံးပြင်ဆင်သည့်ရက်စွဲမှာ - 2025-01-21

အနည်းဆုံးအခကြေးငွေ။

ဥပဒေအရသတ်မှတ်ထားသောအနည်းဆုံး အခကြေးငွေဆိုသည်မှာ အနည်းဆုံးအခကြေးငွေအမိန့်ဖြင့် သတ်မှတ်ထားသော အခကြေးငွေ (အားလပ်ရက် အခကြေးငွေအပါအဝင်) ဖြစ်သည်။ တစ်နိုင်ငံလုံးဆိုင်ရာအနည်းဆုံး အခကြေးငွေကို အသက်အရွယ်၊ စက်မှုလုပ်ငန်း၊ အတွေ့အကြုံနှင့် ဒေသအလိုက်မခွဲခြားဘဲ အလုပ်သမားများအားလုံးအတွက်သတ်မှတ်ထားခြင်းဖြစ်သည်။ ၎င်းတွင် အမြင့်ဆုံးလုပ်ခလစာသတ်မှတ်ထားခြင်းမရှိပါ။အနည်းဆုံးအခကြေးငွေဥပဒေ (၂၀၁၃) သည် အခကြေးငွေ ကို အခြေခံ လုပ်ခလစာအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုပြီး ပင်စင်လစာနှင့် အငြိမ်းစားလုပ်သက်ဆုငွေ၊ လူမှုဖူလုံရေး အကျိုးခံစားခွင့်ငွေကြေးများ၊ နေထိုင်ခနှင့် စားသောက်စရိတ်များ၊ မီးဖိုး၊ ရေဖိုးနှင့် အခွန်အခများ၊ ဆေးကုသစရိတ်နှင့် အပန်းဖြေခများ၊) နှင့် အလုပ်ထုတ်နစ်နာကြေးများ မပါဝင်ပါ။

အနည်းဆုံးအခကြေးငွေဥပဒေသည် အလုပ်သမားများအတွက် စက်မှုလုပ်ငန်းနယ်ပယ်အသီးသီးတွင် ပျံ့နှံ့နေသော အနည်းဆုံးအခကြေးငွေဆိုင်ရာ သုတေသနပြုလုပ်ရန်အတွက် အစိုးရ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ၊ အလုပ်ရှင်များနှင့် အလုပ်သမားများကိုယ်စားလှယ်များပါဝင်သော အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းရန် အကြံပြုထားသည်။ ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီများကိုလည်း အလားတူပုံစံဖြင့် ဖွဲ့စည်းခဲ့သည်။ အထူးစီးပွားရေးဇုန်များအတွက် သီးခြား အနည်းဆုံးအခကြေးငွေ ကော်မတီတစ်ရပ် ရှိသည်။ အဆိုပါ ကော်မတီများသည် ၎င်းတို့၏ အဆိုပြုချက်များကို အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီသို့ တင်ပြကြပြီး၊ ထိုအဆိုပြုချက်များကို ထည့်သွင်းစဉ်းစားသည့်နောက် တရားဝင်ခွင့်ပြုချက်ရရန်မတိုင်မီ ရက်ပေါင်း ၆၀ ကြိုတင်ကာ အများပြည်သူ၏ ကန့်ကွက်ချက်များကို ထည့်သွင်းစဉ်းစားပြီးမှ အဆိုပြုအမိန့်ကြော်ငြာစာ ထုတ်ပြန်ရန် အကြံပြုထားသည်။ အနည်းဆုံးအခကြေးငွေနှုန်းထားများကို အစိုးရမှခွင့်ပြုချက်ရယူပြီး အများပြည်သူကန့်ကွက်ခြင်းမရှိသော နှုန်းထားများကို သတ်မှတ်ပေးပါသည်။

လုပ်ငန်းအမျိုးအစားများအတွက် (အနည်းဆုံးလစာနှုန်းထားများကို သတ်မှတ်ရန်) အမျိုးသားကော်မတီမှ ဆုံးဖြတ်သည်။ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးအတွက် သုတေသနပြုလုပ်ချက်နှင့် စစ်တမ်းများကို လေ့လာ စိစစ် တွက်ချက်သည်။ အမျိုးသားကော်မတီက အနည်းဆုံးအခကြေးငွေ သတ်မှတ်ရာတွင် အောက်ဖော်ပြပါအချက်များဖြစ်သည့် အလုပ်သမားများနှင့် ယင်းတို့၏မိသားစုလိုအပ်ချက်များ၊ လက်ရှိလုပ်ခများ၊ လူမှုဖူလုံရေးအကျိုးခံစားခွင့်များ၊ စားဝတ်နေရေးကုန်ကျစရိတ်နှင့် ယင်းကုန်ကျစရိတ်တို့၏ ပြောင်းလဲချက်များ၊ လိုက်လျောညီထွေမှုရှိမည့် လူနေမှုဘဝအဆင့်အတန်း၊ နိုင်ငံတော်၏ စီးပွားရေးနှင့်ကုန်ထုတ်စွမ်းအားတိုးတက်ရေး လိုအပ်ချက်များနှင့်အညီ အလုပ်အကိုင် အခွင့်အလမ်းများ၊ နိုင်ငံတော်၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုးနှင့် တစ်ဦးချင်းဝင်ငွေ၊ ကျန်းမာရေးကို ထိခိုက်စေနိုင်သော အသက်အန္တရာယ်ဖြစ်စေနိုင်သော အလုပ်၊ လုပ်ငန်းခွင်၏ သဘောသဘာဝ၊ ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့၏အတည်ပြုချက်ဖြင့် သတ်မှတ်သော အခြားအချက်များ ကို ထည့်သွင်းစဉ်းစားပါသည်။

အလုပ်ရှင်သည် အစိုးရ ကော်မတီမှ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေကို အနည်းဆုံး ပေးဆောင်ရန် လိုအပ်ပြီး၊ အနည်းဆုံးအခကြေးငွေနှုန်းထားများအနက် လုပ်ငန်းနှင့်သက် ဆိုင်သော အနည်းဆုံးအခကြေးငွေနှုန်းထားများကို အလုပ်သမားများအား အသိပေးရမည့်အပြင် လုပ် ငန်းခွင်တွင် သက်ဆိုင်ရာအလုပ်သမားများ မြင်နိုင်စေရန် ကြော်ငြာထားရမည်။ အလုပ်ရှင်သည် သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေထက် ပို၍ ပေးပြီး၊ အလုပ်သမားများ၏ သာယာဝပြောရေးကို ကြည့်ရှု့ပေးရန် လိုအပ်သည်။

ဥပဒေကို ဖောက်ဖျက်ပါက ပြစ်ဒဏ်များ ချမှတ်နိုင်သည်။ အလုပ်ရှင်သည် အနည်းဆုံးအခကြေးငွေကို မပေးနိုင်လျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။ အလုပ်သင်ကာလ သုံးလအချိန်ကာလအတွင်း အနည်းဆုံးအခကြေးငွေ၏ ၅၀ ရာခိုင်နှုန်းထက် မနည်းသော လုပ်ခ၊ လစာကို ပေးရမည်။ အစမ်းခန့်ကာလအတွင်း အနည်းဆုံးအခကြေးငွေ၏ ၇၅ ရာခိုင်နှုန်း ပေးရမည်။

အရင်းအမြစ် ။ အနည်းဆုံးအခကြေးငွေဥပဒေ (ဥပဒေအမှတ် - ၇ /၂၀၁၃)
အနည်းဆုံးအခကြေးငွေနည်းဥပဒေ (အမိန့်ကြော်ငြာစာအမှတ် - ၆၄ /၂၀၁၃)
အနည်းဆုံး အခကြေးငွေ နှုန်းထားအား ပြင်ဆင်သတ်မှတ်ကြောင်း ကြေငြာချက် (အမိန့်ကြေငြာစာအမှတ် -၁/၂၀၂၃)

နောက်ဆုံးထွက်ရှိထားသော အနည်းဆုံးအခကြေးငွေနှုန်းထားများအတွက် အနည်းဆုံးအခကြေးငွေဆိုင်ရာကဏ္ဍတွင် ကြည့်ရှုပါ။

ပုံမှန်လုပ်ခ။

အနည်းဆုံးအခကြေးငွေဥပဒေနှင့် အခကြေးငွေပေးချေရေးဥပဒေတွင် အခကြေးငွေဆိုသည်မှာ အလုပ်ရှင်၏ နာရီပိုင်းအလုပ်၊ နေ့စဉ်အလုပ်၊ အပတ်စဉ်အလုပ်၊ လစဉ်အလုပ် သို့မဟုတ် အခြားအချိန်ပိုင်း အလုပ်တစ်ခုခုကို အလုပ်သမားက လုပ်ကိုင်ဆောင်ရွက်ပေးရသဖြင့် ရသင့်သော အခကြေးငွေနှင့် လုပ်ခလစာတို့ကို ဆိုသည်။ ယင်းစကားရပ်တွင် အချိန်ပိုလုပ်ခသည်လည်းကောင်း၊ အလုပ် သမား၏ စွမ်းဆောင်ရည် ကောင်းမွန်သဖြင့် သို့မဟုတ် အကျင့်စာရိတ္တ ကောင်းမွန်သဖြင့် အလုပ်ရှင်က အပိုပေး သည့် ဆုကြေးငွေများသည်လည်းကောင်း၊ ဝင်ငွေအဖြစ် သတ်မှတ်နိုင်သော အခြားငွေနှင့် အကျိုးခံစားခွင့် များသည် လည်းကောင်းပါဝင်သည်။ သို့ရာတွင် အောက်ဖော်ပြပါများဖြစ်သော ခရီးစရိတ် သို့မဟုတ် ခရီးသွားလာမှုအတွက် အထူးထောက်ပံ့စရိတ်များ၊ နေထိုင်ခနှင့်စားသောက်စရိတ်များ၊လျှပ်စစ်ဓာတ်အားခ၊ ရေဖိုးနှင့်အခွန်အခများ၊ ဆေးကုသစရိတ်နှင့်အပန်းဖြေခများ မပါဝင်ပါ။

မိမိ၏လုပ်ငန်းတွင် လုပ်ကိုင်နေသော အလုပ်သမားများ၏ အခကြေးငွေကို ပြည်တွင်းသုံး ငွေဖြင့်ဖြစ်စေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိအမှတ်ပြုသည့် နိုင်ငံခြားသုံး ငွေဖြင့်ဖြစ်စေ ပေးချေရမည်။ ထိုသို့ ပေးချေရာတွင် အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်သဘောတူညီမှုဖြင့် ငွေသားဖြင့်ဖြစ်စေ၊ ချက်လက်မှတ်ဖြင့်ဖြစ်စေ၊ အလုပ်သမား၏ ဘဏ်စာရင်းသို့ဖြစ်စေ ပေးချေနိုင်သည်။

အလုပ်ရှင်သည် နာရီပိုင်းအလုပ်၊ နေ့စဉ်အလုပ်၊ အပတ်စဉ်အလုပ် သို့မဟုတ် အခြားအချိန်ပိုင်း အလုပ်တစ်ခုခုအတွက် သော်လည်းကောင်း၊ ယာယီအလုပ်သို့မဟုတ် ပုတ်ပြတ်အလုပ် တစ်ခုအတွက် သော်လည်းကောင်း အလုပ်ပြီးဆုံး သည့်အခါဖြစ်စေ၊ အလုပ်သမားနှင့် သဘောတူညီသည့် အချိန်ကာလ တွင်ဖြစ်စေ အခကြေးငွေပေးချေရမည်။ အခကြေးငွေပေးချေရန် အလုပ်သမားနှင့် သဘောတူညီသည့် အချိန်ကာလ အပိုင်းအခြားသည် တစ်လထက် မကျော်စေရ။ အမြဲတမ်းအလုပ်အတွက် အခကြေးငွေကို လစဉ်ပေးချေရမည်။ အလုပ်သမားဦးရေ ၁၀၀ ထက်မပိုပါက အခကြေးငွေပေးရန် ကာလအပိုင်းအခြား ကုန်ဆုံးသည့် နေ့တွင်ပေးချေရမည်။ အလုပ်သမားဦးရေ ၁၀၀ ထက်ပိုပါက အခကြေးငွေပေးချေရန် ကာလအပိုင်းအခြား ကုန်ဆုံးပြီးနောက် နောက်အကျဆုံး ငါးရက်အတွင်း ပေးချေရမည်။

စာချုပ်မှရပ်စဲခြင်း သို့မဟုတ် အလုပ်သမားသေဆုံးသည့်ကိစ္စများ ဖြစ်ခဲ့လျှင် ပေးထိုက်သည့် အခကြေးငွေကို အလုပ်မှ ရပ်စဲခြင်းခံရသည့်နေ့မှ အလုပ်ဖွင့်ရက် နှစ်ရက်အတွင်း ပေးချေရမည်။ အလုပ်သမားက အလုပ်ရှင်ထံ ကြိုတင်အကြောင်းကြားစာ ပေးပို့၍ မိမိဆန္ဒအရ အလုပ်မှ နုတ်ထွက်ပါက အခကြေးငွေ ပေးချေရန် ကာလအပိုင်းအခြား ကုန်ဆုံးသည့်နေ့တွင် ပေးချေရမည်။

ဥပဒေအရ သတ်မှတ်ထားသော အခြေအနေများမှလွဲ၍ အလုပ်ရှင်သည် အလုပ်သမားတစ်ဦး၏ အခကြေးငွေကို ဖြတ်တောက်ခွင့်မရှိပါ။ အခကြေးငွေမှ နုတ်ယူဖြတ်တောက်ရာတွင် အလုပ်သမားက တာဝန် ထမ်းဆောင်ရန် ပျက်ကွက်မှု အတွက် နုတ်ယူဖြတ်တောက်ငွေများမှအပ အခြားနုတ်ယူဖြတ်တောက်ငွေ စုစုပေါင်း သည် အလုပ်သမားရရှိသည့် အခကြေးငွေ၏ ၅၀ ရာခိုင်နှုန်းထက် မပိုစေရ။

ဆိုင်များနှင့် အလုပ်ဌာနများဥပဒေတွင် အလုပ်သမား၏ အခကြေးငွေပေးရန် ကာလ အပိုင်းအခြား ကုန်ဆုံးပြီး နောက် တစ်ဆက်တည်းဖြစ်သော ခုနစ်ရက်ထက် နောက်ကျ၍ထုတ်ပေးခြင်း မပြုရ။

အခကြေးငွေပေးချေရေးဥပဒေတွင် အလုပ်သမားနှင့် ယင်း၏မိသားစု ကိုယ်ရေးကိုယ်တာ အသုံးပြုမှုနှင့် အကျိုးအမြတ်တစ်စုံတစ်ရာအတွက် ဖြစ်ရမည့်အပြင် ပေးသည့် တန်ဖိုးမှာလည်း ကျိုးကြောင်းဆီလျော်ပြီး မျှတလျှင် စုစုပေါင်း အခကြေးငွေ၏ ၅၀% အထိ ပစ္စည်းတစ်မျိုးမျိုးဖြင့်တွဲဖက်၍ အခကြေးငွေပေးချေရန် ခွင့်ပြုထားသည်။ အခကြေးငွေပေးချေရေးနည်းဥပဒေ ၂၀၁၈ အရ အလုပ်ရှင်သည် သဘာဝဘေးအန္တရာယ်အပါအဝင် မမျှော်လင့်သော ထူးခြားသည့်အခြေအနေ တစ်ရပ်ရပ်ပေါ်ပေါက်သဖြင့် အခကြေးငွေကို သတ်မှတ်ကာလအတွင်း ပေးချေရန် အခက်အခဲရှိပါက အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်ညှိနှိုင်း သဘောတူညီချက်ဖြင့် ခိုင်လုံသည့် ကျိုးကြောင်းဖော်ပြလျက် အခကြေးငွေပေးချေရန် ကာလအပိုင်းအခြား ကုန်ဆုံးသည့်နေ့မစေ့ရောက်မီ ခုနှစ်ရက်အတွင်း အခကြေးငွေပေးချေမည့် နေ့ရက်ရွှေ့ဆိုင်းခြင်းလျှောက်ထားလွှာကို သက်ဆိုင်ရာမြို့နယ် သို့မဟုတ် ခရိုင် သို့မဟုတ် စက်မှုဇုန်ရှိ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနရုံးမှတစ်ဆင့် ဦးစီးဌာနသို့ ပုံစံ (၁) ဖြင့် တင်ပြရမည်။

အလုပ်ရှင်များသည် အလုပ်သမားများကို အောက်ပါ အသေးစိတ် အချက်အလက်များ ပါဝင်သည့် လစာပြေစာများ ပေးရန် လိုအပ်ပါသည်။ ဝန်ထမ်းစိစစ်ရေးသက်သေခံလက်မှတ်၊ အခြေခံ အလုပ်ချိန်များ၊ အချိန်ပို အလုပ်ချိန်များ၊ အချိန်ပို နှုန်းထားများ၊ ဆုကြေးငွေများနှင့် ဖြတ်တောက်ငွေများ၏ အသေးစိတ် အချက်အလက်များ၊ အလုပ်သမားနှင့် အလုပ်ရှင်၏ လက်မှတ်များ ပါဝင်ရမည်။ လစာပြေစာ ပုံစံကို ဝန်ကြီးဌာနမှ ညွှန်ကြားချက်ဖြင့် သတ်မှတ်ထားသည်။

အရင်းအမြစ်။
အပိုဒ် - ၁၆ ၊ ဆိုင်များနှင့်အလုပ်ဌာနများဥပဒေ (၂၀၁၆)
အပိုဒ် - ၂ (င) အနည်းဆုံးအခကြေးငွေဥပဒေ (ဥပဒေအမှတ် - ၇/၂၀၁၃)
အပိုဒ် ၁ - ၁၀ အခကြေးငွေပေးချေရေးဥပဒေ (၂၀၁၆)

အလုပ်နှင့် အခကြေးငွေဆိုင်ရာစည်းမျဉ်းများ။

  • အနည်းဆုံးအခကြေးငွေဥပဒေ (ဥပဒေအမှတ် - ၇/၂၀၁၃) / Minimum Wage Law (No. 7 of 2013)
  • အနည်းဆုံးအခကြေးငွေနည်းဥပဒေ (အမိန့်ကြော်ငြာစာအမှတ် - ၆၄ /၂၀၁၃) / Minimum Wage Rule (Notification No. 64 of 2013) as amended 2018
  • ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ ၂၀၁၆ / Shops and Establishments Act 2016
  • အခကြေးငွေပေးချေရေးဥပဒေ ၂၀၁၆ / Payment of Wages Law 2016

ဆက်စပ်သည့်အကြောင်းအရာများ။

လျော်ကြေးနှင့် အလုပ်ချိန် အနည်းဆုံးအခကြေးငွေ လစာစစ်ဆေးမှု
Related pages
အလုပ်နှင့် အခကြေးငွေလျော်ကြေးနှင့် အလုပ်ချိန်လုပ်သက်ခွင့်နှင့် အားလက်ရက်များ။စာချုပ်များနှင့် ထုပ်ပယ်မှုများ။အကြောင်းကြားစာ နှင့် အလုပ်ထုတ် နစ်နာကြေး။မိသားစုတာဝန် များ။ကိုယ်ဝန်ဆောင်မိခင် နှင့် အလုပ်တာဝန်အလုပ်အကိုင်ကာကွယ်ရေးကလေးနို့တိုက် ခြင်း။ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနာမကျန်းခွင့်လုပ်ငန်းခွင်အတွင်းထိခိုက်နစ်နာမှုအကျိုးခံစားခွင့်။လူမှုဖူလုံရေးအလုပ်လက်မဲ့အကျိုးခံစားခွင့်သင့်တင့်လျောက်ပတ်စွာ ပြုမူပြောဆိုဆက်ဆံမှု။လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှု။ကလေးသူငယ်များနှင့် လူငယ်များ။အဓမ္မအလုပ်ခိုင်းစေခြင်းအလုပ်သမားသမဂ္ဂများ

Cite this page: © WageIndicator 2026  –  မြန်မာ  –  လစာ၊ အနည်းဆုံးအခကြေးငွေ၊ ပုံမှန်လစာ။
FacebookLinkedin
WageIndicator အကြောင်း ပိုမိုသိရှိရန်
WageIndicator အဖွဲ့နှင့် ဆက်သွယ်ပြီး ကျွန်ုပ်တို့၏ လုပ်ငန်းများအကြောင်း ပိုမို သိရှိလိုက်ပါ။
ဆက်ဖတ်ရန် ဆက်ဖတ်ရန်
arrow
ဆက်သွယ်ရန် ဆက်သွယ်ရန်
arrow
WageIndicator Logo
WageIndicator မြန်မာနိုင်ငံ
လက်တွေ့အသုံးချနေသော ဒေတာများ
WageIndicator Foundation သည် ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်သော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အနည်းဆုံးအခကြေးငွေ၊ ဖူလုံသည့်လုပ်အားခများ၊ လူနေမှုစရိတ်နှုန်းထားများ နှင့် ဖူလုံသည့်ဝင်ငွေ၊ လုပ်ခလစာများ၊ အလုပ်သမားဥပဒေ၊ စုပေါင်းညှိနှိုင်းတောင်းဆိုမှု သဘောတူညီချက်များ နှင့် ကမ္ဘာတစ်ဝှမ်းရှိ Gig နှင့် ပလက်ဖောင်း အခြေပြု အလုပ်အကိုင်များဆိုင်ရာ အချက်အလက်များကို စုဆောင်းခြင်း၊ နှိုင်းယှဉ်ခြင်းနှင့် မျှဝေခြင်းတို့ကို ဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ နိုင်ငံနှင့် နယ်မြေပေါင်း ၂၀၈ ခုတွင် လှုပ်ရှားဆောင်ရွက်လျက် ရှိပါသည်။
အလုပ်နှင့်ဒေတာ
အနည်းဆုံးအခကြေးငွေ
ဖူလုံသည့်လုပ်အားခများ
လစာစစ်တမ်း
အလုပ်သမားဥပဒေ
စုပေါင်းသဘောတူညီချက်များ
ဒေတာနှင့် ဝန်ဆောင်မှုများ
နောက်ဆုံးထွက် အပ်ဒိတ်များ
စီမံကိန်းများ
ပွဲများ
သတင်း
စာတမ်းများ
ကျွန်ုပ်တို့အကြောင်း
ကျွန်ုပ်တို့အကြောင်း
ကျွန်ုပ်တို့နှင့်အတူ အလုပ်လုပ်ရန်
ကျွန်ုပ်တို့၏ မူဝါဒများနှင့် အစီအစဉ်များ
သတင်းမီဒီယာခန်းမ
FacebookInstagramLinkedinYoutube
Privacy PolicyCookies StatementWebsite Terms & ConditionsAccessibilityPowered by the WageIndicator Foundation