• Back to the Global website
WageIndicator Logo
မြန်မာနိုင်ငံတွင် အလုပ်လုပ်သည်Chevron
ကျွန်ုပ်တို့ လုပ်ဆောင်သည့်အရာများChevron
ကျွန်ုပ်တို့အကြောင်းChevron
Search
ဆက်သွယ်ရန်
arrow
မြန်မာနိုင်ငံတွင် အလုပ်လုပ်သည်
Explore this section to learn more.
ဖူလုံသည့်လုပ်အားခများ
အနည်းဆုံးအခကြေးငွေ
လစာArrow
အလုပ်သမား ဥပဒေArrow
လစာစစ်တမ်း
လစာစစ်ဆေးမှု
အလုပ်နှင့် အခကြေးငွေ
လျော်ကြေးနှင့် အလုပ်ချိန်
လုပ်သက်ခွင့်နှင့် အားလက်ရက်များ။
စာချုပ်များနှင့် ထုပ်ပယ်မှုများ။
မိသားစုတာဝန် များ။
ကိုယ်ဝန်ဆောင်မိခင် နှင့် အလုပ်တာဝန်
ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး
နာမကျန်းခွင့်
လူမှုဖူလုံရေး
သင့်တင့်လျောက်ပတ်စွာ ပြုမူပြောဆိုဆက်ဆံမှု။
အလုပ်သမားသမဂ္ဂများ
Explore all topics
ကျွန်ုပ်တို့ လုပ်ဆောင်သည့်အရာများ
Explore this section to learn more.
ဒေတာနှင့် ဝန်ဆောင်မှုများ
စီမံကိန်းများ [ENG]
အခမ်းအနားများ [ENG]
ထုတ်ဝေစာများ [ENG]
သတင်းနှင့် အကြောင်းအရာများ [ENG]
ကျွန်ုပ်တို့အကြောင်း
Explore this section to learn more.
ကျွန်ုပ်တို့အကြောင်းArrow
ကျွန်ုပ်တို့၏ မိတ်ဖက်များ [ENG]
ကျွန်ုပ်တို့ လုပ်ဆောင်ရာနေရာများ [ENG]
ကျွန်ုပ်တို့၏ မူဝါဒများနှင့် အစီအစဉ်များ [ENG]
သတင်းမီဒီယာခန်းမ [ENG]
ဆက်သွယ်ရန် [ENG]
ကျွန်ုပ်တို့နှင့် အတူလုပ်ကိုင်ပါ [ENG]
အလုပ်သင်အခွင့်အလမ်းများ [ENG]
ကျွန်ုပ်တို့၏ သမိုင်းကြောင်း
ဒေတာအသုံးပြုသူများ
Scroll left
Scroll right
  1. မြန်မာနိုင်ငံ
  2. မြန်မာနိုင်ငံတွင် အလုပ်လုပ်သည်
  3. အလုပ်သမား ဥပဒေ
  4. နာမကျန်းခွင့်
  5. လုပ်ငန်းခွင်အတွင်းထိခိုက်နစ်နာမှုအကျိုးခ [...]

လုပ်ငန်းခွင်အတွင်းထိခိုက်နစ်နာမှုအကျိုးခံစားခွင့်။

ဤစာမျက်နှာကို နောက်ဆုံးပြင်ဆင်သည့်ရက်စွဲမှာ - 2025-01-21

မသန်စွမ်းဖြစ်မှု /လုပ်ငန်းခွင်အတွင်းထိခိုက်နစ်နာမှုအကျိုးခံစားခွင့်။

အလုပ်တွင် ထိခိုက်မှုများကို နောက်ဆက်တွဲဖြစ်စဉ်အပေါ်မူတည်၍ခွဲခြားနိုင်သည်။
(၁) အမြဲတန်း လုံးဝမသန်စွမ်းဖြစ်ခြင်း
(၂) အမြဲတန်း တစိတ်တပိုင်းမသန်စွမ်းဖြစ်ခြင်း
(၃) ယာယီ မသန်စွမ်းဖြစ်ခြင်း
(၄) ပြင်းထန်သောထိခိုက်မှုကြောင့်အလုပ်သမားသေဆုံးခြင်း

အမြဲတမ်းလုံးဝမသန်စွမ်းမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်အတွက် အလုပ်တွင်ထိခိုက်မှုမဖြစ်မီ လေးလအတွင်း ပျမ်းမျှလုပ်ခ တစ်လစာ၏ ၇၀ ရာခိုင်နှုန်းကို ပေးရမည်။ အမြဲတမ်းလုံးဝမသန်စွမ်းသူ ကို အခြားသူတစ်ဦးတစ်ယောက်က အမြဲမပြတ်ပြုစုရန်လိုအပ်ကြောင်း ဆေးသက်သေခံလက်မှတ်တင်ပြလျှင် ထိုသူခံစားခွင့်ရှိသော အကျိုးခံစားခွင့်၏ ၁၀ ရာခိုင်နှုန်းနှင့် ညီမျှသောငွေကို ထိုသူ၏ဆန္ဒအရ အရစ်ကျဖြစ်စေ၊ တစ်လုံးတစ်ခဲတည်း သို့မဟုတ် လစဉ် အသက်ထက်ဆုံးအထိဖြစ်စေ ထပ်ဆောင်၍ ခံစားခွင့်ရှိသည်။

အမြဲတန်း တစိတ်တစ်ဒေသ မသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့် တို့၏ အချိုးအစားသည် အလုပ်တွင် ထိခိုက်ဒဏ်ရာရမှုကြောင့် အလုပ်လုပ်နိုင်သော အင်အားဆုံးရှုံးမှု၏ အချိုးအစားနှင့် ညီမျှရမည်။ မသန်စွမ်းဖြစ်ရမှုအတိုင်းအတာပေါ်မူတည်၍ မစွမ်းမသန် ပင်စင်အပြည့်၏ အချိုးကျ % ကို ပေးရန်ဖြစ်သည်။ လုပ်အားဆုံးရှုံးမှုမှာ ၂၀ ရာခိုင်နှုန်းနှင့် အောက်ဖြစ်ပါက ထိုသူခံစားခွင့်ရှိသော လစဉ်အကျိုးခံစားခွင့်၏ ငါးနှစ်အတွက် ရထိုက်ခွင့်ရှိသော ငွေကြေးကို တစ်လုံးတစ်ခဲတည်း ခံစားခွင့်ရှိသည်။

ယာယီမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်အဖြစ် အလုပ်တွင်ထိခိုက်မှုမဖြစ်မီ လေးလအတွင်း ပျှမ်းမျှလုပ်ခ၏ ၇၀ ရာခိုင်နှုန်းကို အလုပ်စတင်မလုပ်နိုင်သည့်နေ့မှ အများဆုံး ၁၂ လ အထိ ခံစားခွင့်ရှိသည်။

လူမှုဖူလုံရေးအဖွဲ့၏ ဆေးဘက်ဆိုင်ရာအဖွဲ့သည် လုပ်အားဆုံးရှုံမှု ရာခိုင်နှုန်းကို ဆန်းစစ်ရမည့်အပြင် လူမှုဖူလုံရေးအဖွဲ့ကတောင်းဆိုသည့် မည်သည့်အချိန်တွင်မဆို ပြန်လည်ဆန်းစစ်မှုများ ဆောင်ရွက်ရမည်။ အာမခံထားသူအလုပ်သမားသည် ဆေးစစ်ဆေးရန်လာရောက်ခြင်းပျက်ကွက်ပါက လူမှုဖူလုံရေးအဖွဲ့ အနေဖြင့်အလုပ်သမား၏ အကျိုးခံစားခွင့်ကို ယာယီသော်လည်းကောင်း၊ အမြဲတန်းသော်လည်းကောင်း ရပ်ဆိုင်းနိုင်သည်။

အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ကို အာမခံထားသူက အမည်စာရင်းပေးသွင်းထားခြင်းခံရသူများအား ပေးရမည်။ ဤသို့ခံစားခွင့်ရှိသူစာရင်းပေးမထားခဲ့ပါက ခံစားခွင့်ရရှိထိုက်သူများမှာ ဦးစားပေးအလိုက် - ကျန်ရစ်သူမုဆိုးမ(ဖို)၊ သားသမီးများ၊ မိဘများ ဖြစ်သည်။ ကျန်ရစ်သူအကျိုးခံစားခွင့်ကို အောက်ပါအတိုင်းပေးရန် ဖြစ်သည် -

  • ထည့်ဝင်ကြေးငွေကို လပေါင်း ၆၀ နှင့်အောက် ပေးသွင်းပြီး ဖြစ်ပါက ပျမ်းမျှလုပ်ခ တစ်လစာ၏ ၃၀ ဆ၊
  • ထည့်ဝင်ကြေးငွေကို လပေါင်း ၆၀ အထက်မှ လပေါင်း ၁၂၀ နှင့်အောက် ပေးသွင်းပြီး ဖြစ်ပါက ပျမ်းမျှလုပ်ခ တစ်လစာ၏ ၅၀ ဆ၊
  • ထည့်ဝင်ကြေးငွေကို လပေါင်း ၁၂၀ အထက်မှ လပေါင်း ၂၄၀ နှင့် အောက်ပေးသွင်းပြီးဖြစ်ပါက ပျမ်းမျှလုပ်ခ တစ်လစာ၏ ၆၀ ဆ၊
  • ထည့်ဝင်ကြေးငွေကို လပေါင်း ၂၄၀ အထက် ပေးသွင်းပြီး ဖြစ်ပါက ပျမ်းမျှလုပ်ခ တစ်လစာ၏ ၈၀ ဆ။

ကျန်ရစ်သူမုဆိုးမ(ဖို) အတွက်ပင်စင်အကျိုးခံစားခွင့်ရှိသည်။ မှီခိုသူအခြားမိသားစုဝင်များအတွက်မူ ၎င်းတို့သည်အိုမင်းသူ၊ မသန်စွမ်းသူများဖြစ်ပါကအကျိုးခံစားခွင့်ရှိသည်။ အခြားသောကျန်ရစ်သူများအတွက်ပင်စင်အကျိုးခံစားခွင့်ကိုမူ သေဆုံးသူနှင့်တော်စပ်မှု၊ ထိုသူ၏ဝင်ငွေ၊ အလုပ်လုပ်နိုင်ခြင်း၊ နှင့်ဆက်စပ်အနေအထားများအပေါ်မူတည်၍ လူမှုဖူလုံရေးအဖွဲ့က စဉ်းစားဆုံးဖြတ်နိုင်သည်။

နာရေးစရိတ်ကိုလည်း တစ်ကြိမ်ထုတ်ပေးငွေ (တလုံးတခဲတည်း) ပမာဏအဖြစ် ပေးအပ်ပါသည်။ (ပျမ်းမျှလုပ်ခ တစ်လစာ၏ အများဆုံး ငါးဆ အထိ သတ်မှတ်ချက်များနှင့် အညီ ခံစားခွင့်ရှိသည်)။ ၎င်းသည် လူမှုဖူးလုံရေးထည့်ဝင်ထားသော လများနှင့် နောက်ဆုံးလေးလအတွင်းပျမ်းမျှလုပ်ခ အပေါ် မူတည်သည်။

အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်များကို လူမှုဖူလုံရေးအဖွဲ့မှ စီမံပါသည်။ အလုပ်ရှင်များသည် လူမှုဖူလုံကြေး ထည့်ဝင်ငွေကို လစဉ်လုပ်ခလစာ၏ ၁ ရာခိုင်နှုန်း ပေးသွင်းရမည်။

လူမှုဖူလုံရေးမှ အကျုံးမဝင်သော အလုပ်သမားများသည် အလုပ်သမား လျော်ကြေးအက်ဥပဒေ (၁၉၂၃) ပြဌာန်းချက်များအတိုင်း အကျိုးခံစားခွင့်ရှိသည်။ မတော်တဆမှုထိခိုက်မှုများတွင် အလုပ်သမားများအနေဖြင့် အခမဲ့ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်နိုင်ရန် အလုပ်ရှင်မှ ပံ့ပိုးပေးရမည်။ အလုပ်ရှင်များသည် လုပ်ငန်းခွင်အတွင်း အလုပ်သမားတို့အနေဖြင့် ၎င်းတို့ဘာသာဖြစ်သော ထိခိုက်ဒဏ်ရာများနှင့် ရောဂါများအတွက် နစ်နာကြေးပေးရန် တာဝန်ရှိသည်။ တစ်ခုတည်းသောအခြေအနေမှာ အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှုသည် အရက်သေစာ သို့မဟုတ် မူးယစ်ဆေးသုံးစွဲထားခြင်း သို့မဟုတ် အလုပ်ရှင်ချမှတ်ထားသော ဘေးကင်းလုံခြုံရေးစည်းကမ်းများကို မလိုက်နာခြင်း သို့မဟုတ် လုံခြုံရေးအကာအကွယ်များ သို့မဟုတ် အခြားလုံခြုံရေးကိရိယာများကို မိမိသဘောအလျောက် ဖယ်ရှားပစ်ခြင်း စသည့် အခြေအနေများအတွက်သာလျှင် အလုပ်သမား၏ ခံစားခွင့်များ ဆုံးရှုံးပါမည်။

အရင်းအမြစ်။
အပိုဒ် - ၃၀ ၊ ၅၅ - ၅၉ ၊ ၆၂ ၊ လူမှုဖူလုံရေးဥပဒေ (၂၀၁၂)
အပိုဒ် - ၃ နှင့် ၁၁၊ အလုပ်သမားလျော်ကြေးအက်ဥပဒေ ၁၉၂၃၁

ဆက်စပ်သည့်အကြောင်းအရာများ။

နာမကျန်းခွင့်
Related pages
အလုပ်နှင့် အခကြေးငွေလျော်ကြေးနှင့် အလုပ်ချိန်လုပ်သက်ခွင့်နှင့် အားလက်ရက်များ။စာချုပ်များနှင့် ထုပ်ပယ်မှုများ။အကြောင်းကြားစာ နှင့် အလုပ်ထုတ် နစ်နာကြေး။မိသားစုတာဝန် များ။ကိုယ်ဝန်ဆောင်မိခင် နှင့် အလုပ်တာဝန်အလုပ်အကိုင်ကာကွယ်ရေးကလေးနို့တိုက် ခြင်း။ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနာမကျန်းခွင့်လုပ်ငန်းခွင်အတွင်းထိခိုက်နစ်နာမှုအကျိုးခံစားခွင့်။လူမှုဖူလုံရေးအလုပ်လက်မဲ့အကျိုးခံစားခွင့်သင့်တင့်လျောက်ပတ်စွာ ပြုမူပြောဆိုဆက်ဆံမှု။လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှု။ကလေးသူငယ်များနှင့် လူငယ်များ။အဓမ္မအလုပ်ခိုင်းစေခြင်းအလုပ်သမားသမဂ္ဂများ

Cite this page: © WageIndicator 2026  –  မြန်မာ  –  လုပ်ငန်းခွင်အတွင်းထိခိုက်နစ်နာမှုအကျိုးခံစားခွင့်၊ မသန်စွမ်းဖြစ်မှုအတွက် ပံ့ပိုးပေးရသော ငွေကြေး။
FacebookLinkedin
WageIndicator အကြောင်း ပိုမိုသိရှိရန်
WageIndicator အဖွဲ့နှင့် ဆက်သွယ်ပြီး ကျွန်ုပ်တို့၏ လုပ်ငန်းများအကြောင်း ပိုမို သိရှိလိုက်ပါ။
ဆက်ဖတ်ရန် ဆက်ဖတ်ရန်
arrow
ဆက်သွယ်ရန် ဆက်သွယ်ရန်
arrow
WageIndicator Logo
WageIndicator မြန်မာနိုင်ငံ
လက်တွေ့အသုံးချနေသော ဒေတာများ
WageIndicator Foundation သည် ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်သော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အနည်းဆုံးအခကြေးငွေ၊ ဖူလုံသည့်လုပ်အားခများ၊ လူနေမှုစရိတ်နှုန်းထားများ နှင့် ဖူလုံသည့်ဝင်ငွေ၊ လုပ်ခလစာများ၊ အလုပ်သမားဥပဒေ၊ စုပေါင်းညှိနှိုင်းတောင်းဆိုမှု သဘောတူညီချက်များ နှင့် ကမ္ဘာတစ်ဝှမ်းရှိ Gig နှင့် ပလက်ဖောင်း အခြေပြု အလုပ်အကိုင်များဆိုင်ရာ အချက်အလက်များကို စုဆောင်းခြင်း၊ နှိုင်းယှဉ်ခြင်းနှင့် မျှဝေခြင်းတို့ကို ဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ နိုင်ငံနှင့် နယ်မြေပေါင်း ၂၀၈ ခုတွင် လှုပ်ရှားဆောင်ရွက်လျက် ရှိပါသည်။
အလုပ်နှင့်ဒေတာ
အနည်းဆုံးအခကြေးငွေ
ဖူလုံသည့်လုပ်အားခများ
လစာစစ်တမ်း
အလုပ်သမားဥပဒေ
စုပေါင်းသဘောတူညီချက်များ
ဒေတာနှင့် ဝန်ဆောင်မှုများ
နောက်ဆုံးထွက် အပ်ဒိတ်များ
စီမံကိန်းများ
ပွဲများ
သတင်း
စာတမ်းများ
ကျွန်ုပ်တို့အကြောင်း
ကျွန်ုပ်တို့အကြောင်း
ကျွန်ုပ်တို့နှင့်အတူ အလုပ်လုပ်ရန်
ကျွန်ုပ်တို့၏ မူဝါဒများနှင့် အစီအစဉ်များ
သတင်းမီဒီယာခန်းမ
FacebookInstagramLinkedinYoutube
Privacy PolicyCookies StatementWebsite Terms & ConditionsAccessibilityPowered by the WageIndicator Foundation