• Back to the Global website
WageIndicator Logo
မြန်မာနိုင်ငံတွင် အလုပ်လုပ်သည်Chevron
ကျွန်ုပ်တို့ လုပ်ဆောင်သည့်အရာများChevron
ကျွန်ုပ်တို့အကြောင်းChevron
Search
ဆက်သွယ်ရန်
arrow
မြန်မာနိုင်ငံတွင် အလုပ်လုပ်သည်
Explore this section to learn more.
ဖူလုံသည့်လုပ်အားခများ
အနည်းဆုံးအခကြေးငွေ
လစာArrow
အလုပ်သမား ဥပဒေArrow
လစာစစ်တမ်း
လစာစစ်ဆေးမှု
အလုပ်နှင့် အခကြေးငွေ
လျော်ကြေးနှင့် အလုပ်ချိန်
လုပ်သက်ခွင့်နှင့် အားလက်ရက်များ။
စာချုပ်များနှင့် ထုပ်ပယ်မှုများ။
မိသားစုတာဝန် များ။
ကိုယ်ဝန်ဆောင်မိခင် နှင့် အလုပ်တာဝန်
ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး
နာမကျန်းခွင့်
လူမှုဖူလုံရေး
သင့်တင့်လျောက်ပတ်စွာ ပြုမူပြောဆိုဆက်ဆံမှု။
အလုပ်သမားသမဂ္ဂများ
Explore all topics
ကျွန်ုပ်တို့ လုပ်ဆောင်သည့်အရာများ
Explore this section to learn more.
ဒေတာနှင့် ဝန်ဆောင်မှုများ
စီမံကိန်းများ [ENG]
အခမ်းအနားများ [ENG]
ထုတ်ဝေစာများ [ENG]
သတင်းနှင့် အကြောင်းအရာများ [ENG]
ကျွန်ုပ်တို့အကြောင်း
Explore this section to learn more.
ကျွန်ုပ်တို့အကြောင်းArrow
ကျွန်ုပ်တို့၏ မိတ်ဖက်များ [ENG]
ကျွန်ုပ်တို့ လုပ်ဆောင်ရာနေရာများ [ENG]
ကျွန်ုပ်တို့၏ မူဝါဒများနှင့် အစီအစဉ်များ [ENG]
သတင်းမီဒီယာခန်းမ [ENG]
ဆက်သွယ်ရန် [ENG]
ကျွန်ုပ်တို့နှင့် အတူလုပ်ကိုင်ပါ [ENG]
အလုပ်သင်အခွင့်အလမ်းများ [ENG]
ကျွန်ုပ်တို့၏ သမိုင်းကြောင်း
ဒေတာအသုံးပြုသူများ
Scroll left
Scroll right
  1. မြန်မာနိုင်ငံ
  2. မြန်မာနိုင်ငံတွင် အလုပ်လုပ်သည်
  3. အလုပ်သမား ဥပဒေ
  4. နာမကျန်းခွင့်

နာမကျန်းခွင့်

ဤစာမျက်နှာကို နောက်ဆုံးပြင်ဆင်သည့်ရက်စွဲမှာ - 2025-01-21

ဝင်ငွေ။

ခွင့်ရက်နှင့်အလုပ်ပိတ်ရက်များအက်ဥပဒေ (၁၉၅၁) အရ အလုပ်သမားသည်၊ အနည်းဆုံး လုပ်သက် (၆) လပြည့်ပြီးပါက နာမကျန်းခွင့် ရက် (၃၀) ခံစားခွင့်ရှိသည်။ ထိုဆေးလက်မှတ်ခွင့်ရက်ရရန်အလုပ်သမားအနေဖြင့် ဆေးလက်မှတ်ကို မှတ်ပုံတင် ကျန်းမာရေးတာဝန်ခံ၊ ဆရာဝန် သို့မဟုတ် အခြား မှတ်ပုံတင်ဆေးဆရာ ၏ ထောက်ခံချက်ဖြင့်တင်ပြရမည်။ အဆိုပါခွင့်ရက်ပေးရာတွင် သုံးရက် ဆုံးငံ့ပြီးမှ ပေးရမည်။ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များ နည်းဥပဒေ ၂၀၁၈ အရ မည်သည့်အလုပ်သမားမဆို သွေးလှူကြောင်းခိုင်လုံသည့် အထောက်အထားဖြင့် တင်ပြလာပါက သွေးလှူသည့်နေ့ရက်နှင့် နောက်တစ်ရက်ကို ဆေးလက်မှတ်ခွင့်ရက်အဖြစ် ခံစားခွင့်ရှိသည်။ ရက်ရှည် အလုပ်ပိတ်ထားသောကာလများအတွင်း နာမကျန်းဖြစ်မှုအတွက် ဆေးလက်မှတ်ခွင့်ရက်တင်ပြတောင်းခံရန် မလိုအပ်ပါ။

လုပ်သက် ခြောက်လမပြည့်သေးသောအလုပ်သမားသည် ဆေးလက်မှတ်ခွင့်တောင်းခံပါက လစာမဲ့နာမကျန်းခွင့် ခံစားနိုင်သည်။

အလုပ်ရှင်သည် လုပ်သက် ခြောက်လပြည့်ပြီးသောအလုပ်သမားကို ငွေကြေးအကျိုးခံစားခွင့် ထောက်ပံ့ပေးရမည်။ ထိုကုန်ကျစရိတ်ကို အလုပ်ရှင်မှပေးရန်ဖြစ်ပြီး အစိုးရထံမှ တောင်းခံလို့မရနိုင်ပါ။

အလုပ်သမားသည် မိမိရထိုက်သော ဆေးလက်မှတ်ခွင့်ရက်ကို သက်ဆိုင်ရာနှစ်အတွင်းမယူလျှင်၊ ထိုခွင့်ရက်သည် ပျက်ပြယ်စေရမည်။ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်ပါခံစားခွင့်တရပ်ရပ်သည် ဤဥပဒေအရခံစားခွင့်ထက်လျှော့နည်းပါက ထိုစာချုပ်ပါခံစားခွင့်သည်အကျုံးမဝင်ပါ။

လူမှုဖူလုံရေးဥပဒေအရ အာမခံရရှိထားသောအလုပ်သမားသည် ပြီးခဲ့သောလုပ်သက်ကာလ (၆)လအတွင်း အနည်းဆုံး လူမှုဖူလုံရေးထည့်ဝင်ငွေ (၄) လ ထည့်ဝင်ပြီးပါက နာမကျန်းခွင့် ခံစားခွင့်ရှိသည်။ ထိုသို့ရရှိရန်အတွက်လူမှုဖူလုံရေးဆေးခန်းမှ ဆရာဝန်အနေဖြင့် ဝန်ထမ်းသည် အလုပ်လုပ်နိုင်သောအခြေအနေမရှိကြောင်းထောက်ခံချက်ပေးရန်လိုသည်။ မိမိဆန္ဒအလျောက် နုတ်ထွက်ခြင်းမဟုတ်ဘဲ တရားဝင်အလုပ်လက်မဲ့ဖြစ်သွားသော အလုပ်သမားအတွက်ခံစားခွင့်ကို အလုပ်ပြီးသည့်နောက်ဆုံးရက်မှစတင်ပြီး အကျုံးဝင်မှုကို ထောက်ပံ့ပေးရမည်။

လူမှုဖူလုံရေးဥပဒေအရ နာမကျန်းမှုခံစားခွင့်များရရှိနိုင်သည်။ နာမကျန်းဖြစ်မှုတခုအတွက် စတင်နေမကောင်းသော နေ့မှစ၍ ခံစားခွင့်ရရှိမည်။ ထိုနေ့မတိုင်မီ (၄)လ ကာလအတွင်းအလုပ်သမား၏ ပျမ်းမျှ လုပ်ခလစာ ၆၀% ကို ခံစား နိုင်သည်။ နာမကျန်းမှုကာလ (၂၆) ပါတ်အထိခံစားခွင့်ရှိသည်။ ခံစားခွင့်ငွေကြေးပမာဏ ကျပ် ၁၀၀၀ မှ ၆၀၀၀ အတွင်း ရှိသည်။ နာမကျန်းဖြစ်မှုသည် ထပ်ခါတလဲလဲပြန်ဖြစ်ခြင်း၊ နာတာရှည်ဖြစ်ခြင်း၊ ရောဂါတမျိုးထက်ပိုဖြစ်ခြင်း၊ အရေးကြီးသော နာမကျန်းဖြစ်မှုများ ဖြစ်ပါက နာမကျန်းမှုကာလ (၅၂) ပါတ်ထိ သို့မဟုတ် လူမှုဖူလုံရေးဘုတ်အဖွဲ့က သတ်မှတ်သောကာလအထိ ဆေးဝါးကုသခြင်းခံစားခွင့်ရရှိမည်။ နာမကျန်းသောအလုပ်သမားသည် နာမကျန်းခံစားခွင့်အတွက် ၆ လ လုပ်သက်ရှိရပြီး လူမှုဖူးလုံးရေး ထည့်ဝင်ငွေ ၄ လ ရှိရပါမည်။

အရင်းအမြစ်။
အပိုဒ် - ၆၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်များအက်ဥပဒေ (၁၉၅၁)
အပိုဒ် - ၂၂ နှင့် ၂၃၊ လူမှုဖူလုံရေးဥပဒေ (၂၀၁၂)

ကျန်းမာရေးစောင့်ရှောက်မှု။

အာမခံထားသူအလုပ်သမားသည် နာမကျန်းခွင့်ယူထားချိန်တွင် အခမဲ့ဆေးကုသမှုခံယူခွင့် ရှိသည်။ လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများတွင်လည်းကောင်း၊ ယင်းအဖွဲ့နှင့် သဘောတူ စာချုပ်ချုပ်ဆိုထားသည့် နိုင်ငံတော်ပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင် ဆေးရုံ၊ ဆေးခန်းများတွင်လည်းကောင်း၊ အလုပ်ရှင်က စီမံထားရှိသော ဆေးရုံ၊ ဆေးခန်းများတွင်လည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့်နှင့် ဆေးကုသမှု ခံယူခွင့်ရှိသည်။ ဆေးခန်းတွင် စာရင်းသွင်းထားသော အာမခံထားသူများသည် ဆေးခန်းမှ ပံ့ပိုးပေးသော ဝန်ဆောင်မှုများအတွက်သာ အကျုံးဝင်သည် (အရေးပေါ်အခြေအနေများအတွက် သို့မဟုတ် ဆေးခန်းမှ လွှဲပြောင်းခြင်းမှ လွဲ၍) ဆေးကုသမှုအကျိုးခံစားခွင့်များတွင် ဆေးခန်း၌ ဆေးကုသမှုခံယူခွင့်၊ အရေးပေါ်အိမ်တိုင်ရာရောက်ကျန်းမာရေးစောင့်ရှောက်မှု၊ အထူးကုများဖြင့် ပြသခွင့်နှင့် ရောဂါရှာဖွေရေးစင်တာများတွင် ဓာတ်ခွဲခန်းဝန်ဆောင်မှုများ၊ ဓာတ်မှန်ရိုက်ခြင်း၊ လိုအပ်သည့် ဆေးရုံတက်ကုသမှု၊ ရုပ်ပိုင်းဆိုင်ရာကုထုံး၊ ခြေတုလက်တုများ၊ ကုသမှုအတွက် လိုအပ်သော ကိရိယာများနှင့် ဆေးဝါးများ ပါဝင်ပါသည်။ လူမှုဖူလုံရေးဆေးခန်းများနှင့် ဆေးရုံများတွင် အခမဲ့ဆေးကုသမှုကို ရရှိသော်လည်း အလုပ်သမားများသည် အစိုးရဆေးရုံများသို့ လွဲပြောင်းခံရသည့်အခါ ၎င်းတို့အနေဖြင့် အစိုးရဆေးရုံများတွင် ကုန်ကျစရိတ်များကို ပြန်လည်တောင်းခံနိုင်ပါသည်။ ခွင့်ပြုထားသည့် ဆေးရုံ၊ ဆေးခန်း၌ဆေးစတင်ကုသသည့် နေ့မှရက်သတ္တပတ် ၂၆ ပတ်/ ၆ လ အထိ ဆေးကုသမှုခံယူခွင့်ရှိသည်။

မှီခိုနေထိုင်သူများအတွက် ဆေးကုသမှုကိုလည်း ထောက်ပံ့ပေးပါသည်။ အာမခံထားသူအမျိုးသမီး၏ ကလေးအတွက် ကလေးအထူးကုဖြင့် ဆေးကုသမှုကို ကလေးအသက်တစ်နှစ်အထိ ထောက်ပံ့ပေးသည်။

မူရင်း။
အပိုဒ် - ၂၂၊ ၂၃ လူမှုဖူလုံရေးဥပဒေ (၂၀၁၂)

အလုပ်အကိုင် တည်မြဲလုံခြုံမှု။

နာမကျန်းခွင့်ခံစားနေသော ကာလအတွင်း အာမခံထားသည့် ဝန်ထမ်း၏ အလုပ်အကိုင် လုံခြုံတည်မြဲစေရမည်။ နာမကျန်းဖြစ်ခြင်းအတွက်၊ သို့မဟုတ် ကလေးမွေးဖွားခြင်းအတွက်၊ သို့မဟုတ် လုပ်ငန်းခွင်တွင်းထိခိုက်မှုကြောင့် ယာယီမသန်စွမ်းဖြစ်ခြင်းအတွက် ဆေးခွင့်ခံစားနေစဉ်ကာလအတွင်း အလုပ်ရှင်သည်ထိုအလုပ်သမားအား အလုပ်မှထုတ်ပယ်ခြင်းသော်လည်းကောင်း၊ အလုပ်စာချုပ်ရပ်စဲခြင်းသော်လည်းကောင်း၊ တဆင့်နိမ့်အလုပ်သို့ရွှေ့ပြောင်းခြင်းသော်လည်းကောင်း မလုပ်ရ။ လူမှုဖူလုံရေး ဥပဒေအရ အလုပ်ရှင်မှထည့်ဝင်ပေးရခြင်းအတွက် ထိုအလုပ်သမား၏ လုပ်ခလစာနှင့် အခကြေးငွေမှ လျော့ချခြင်း သို့မဟုတ် ဖြတ်တောက်ခြင်းမပြုရ။

အရင်းအမြစ် ။
အပိုဒ် - ၆၆၊ လူမှုဖူလုံရေးဥပဒေ (၂၀၁၂)

နာမကျန်းခွင့်ဆိုင်ရာ စည်းမျဉ်းများ။

  • ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၀) / The Law Amending the leave and Holiday Act, 1951 (The Pyidaungsu Hluttaw Law No. 30, 2014[KMMM5] )
  • လူမှုဖူလုံရေးဥပဒေ (၂၀၁၂) / Social Security Law 2012

ဆက်စပ်သည့်အကြောင်းအရာများ။

လုပ်ငန်းခွင်အတွင်းထိခိုက်နစ်နာမှုအကျိုးခံစားခွင့်။ လုပ်သက်ခွင့်နှင့် အားလက်ရက်များ။ စာချုပ်များနှင့် ထုပ်ပယ်မှုများ။ မိသားစုတာဝန် များ။ ကိုယ်ဝန်ဆောင်မိခင် နှင့် အလုပ်တာဝန် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး
Related pages
အလုပ်နှင့် အခကြေးငွေလျော်ကြေးနှင့် အလုပ်ချိန်လုပ်သက်ခွင့်နှင့် အားလက်ရက်များ။စာချုပ်များနှင့် ထုပ်ပယ်မှုများ။အကြောင်းကြားစာ နှင့် အလုပ်ထုတ် နစ်နာကြေး။မိသားစုတာဝန် များ။ကိုယ်ဝန်ဆောင်မိခင် နှင့် အလုပ်တာဝန်အလုပ်အကိုင်ကာကွယ်ရေးကလေးနို့တိုက် ခြင်း။ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနာမကျန်းခွင့်လုပ်ငန်းခွင်အတွင်းထိခိုက်နစ်နာမှုအကျိုးခံစားခွင့်။လူမှုဖူလုံရေးအလုပ်လက်မဲ့အကျိုးခံစားခွင့်သင့်တင့်လျောက်ပတ်စွာ ပြုမူပြောဆိုဆက်ဆံမှု။လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှု။ကလေးသူငယ်များနှင့် လူငယ်များ။အဓမ္မအလုပ်ခိုင်းစေခြင်းအလုပ်သမားသမဂ္ဂများ

Cite this page: © WageIndicator 2026  –  မြန်မာ  –  နာမကျန်းခွင့်၊ ဆေးခွင့်ယူစဉ်လစာ၊ ဆေးခွင့်ယူကာလအတွင်း အလုပ်အကိုင် တည်မြဲလုံခြုံမှု။
FacebookLinkedin
WageIndicator အကြောင်း ပိုမိုသိရှိရန်
WageIndicator အဖွဲ့နှင့် ဆက်သွယ်ပြီး ကျွန်ုပ်တို့၏ လုပ်ငန်းများအကြောင်း ပိုမို သိရှိလိုက်ပါ။
ဆက်ဖတ်ရန် ဆက်ဖတ်ရန်
arrow
ဆက်သွယ်ရန် ဆက်သွယ်ရန်
arrow
WageIndicator Logo
WageIndicator မြန်မာနိုင်ငံ
လက်တွေ့အသုံးချနေသော ဒေတာများ
WageIndicator Foundation သည် ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်သော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အနည်းဆုံးအခကြေးငွေ၊ ဖူလုံသည့်လုပ်အားခများ၊ လူနေမှုစရိတ်နှုန်းထားများ နှင့် ဖူလုံသည့်ဝင်ငွေ၊ လုပ်ခလစာများ၊ အလုပ်သမားဥပဒေ၊ စုပေါင်းညှိနှိုင်းတောင်းဆိုမှု သဘောတူညီချက်များ နှင့် ကမ္ဘာတစ်ဝှမ်းရှိ Gig နှင့် ပလက်ဖောင်း အခြေပြု အလုပ်အကိုင်များဆိုင်ရာ အချက်အလက်များကို စုဆောင်းခြင်း၊ နှိုင်းယှဉ်ခြင်းနှင့် မျှဝေခြင်းတို့ကို ဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ နိုင်ငံနှင့် နယ်မြေပေါင်း ၂၀၈ ခုတွင် လှုပ်ရှားဆောင်ရွက်လျက် ရှိပါသည်။
အလုပ်နှင့်ဒေတာ
အနည်းဆုံးအခကြေးငွေ
ဖူလုံသည့်လုပ်အားခများ
လစာစစ်တမ်း
အလုပ်သမားဥပဒေ
စုပေါင်းသဘောတူညီချက်များ
ဒေတာနှင့် ဝန်ဆောင်မှုများ
နောက်ဆုံးထွက် အပ်ဒိတ်များ
စီမံကိန်းများ
ပွဲများ
သတင်း
စာတမ်းများ
ကျွန်ုပ်တို့အကြောင်း
ကျွန်ုပ်တို့အကြောင်း
ကျွန်ုပ်တို့နှင့်အတူ အလုပ်လုပ်ရန်
ကျွန်ုပ်တို့၏ မူဝါဒများနှင့် အစီအစဉ်များ
သတင်းမီဒီယာခန်းမ
FacebookInstagramLinkedinYoutube
Privacy PolicyCookies StatementWebsite Terms & ConditionsAccessibilityPowered by the WageIndicator Foundation