• Back to the Global website
WageIndicator Logo
မြန်မာနိုင်ငံတွင် အလုပ်လုပ်သည်Chevron
ကျွန်ုပ်တို့ လုပ်ဆောင်သည့်အရာများChevron
ကျွန်ုပ်တို့အကြောင်းChevron
Search
ဆက်သွယ်ရန်
arrow
မြန်မာနိုင်ငံတွင် အလုပ်လုပ်သည်
Explore this section to learn more.
ဖူလုံသည့်လုပ်အားခများ
အနည်းဆုံးအခကြေးငွေ
လစာArrow
အလုပ်သမား ဥပဒေArrow
လစာစစ်တမ်း
လစာစစ်ဆေးမှု
အလုပ်နှင့် အခကြေးငွေ
လျော်ကြေးနှင့် အလုပ်ချိန်
လုပ်သက်ခွင့်နှင့် အားလက်ရက်များ။
စာချုပ်များနှင့် ထုပ်ပယ်မှုများ။
မိသားစုတာဝန် များ။
ကိုယ်ဝန်ဆောင်မိခင် နှင့် အလုပ်တာဝန်
ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး
နာမကျန်းခွင့်
လူမှုဖူလုံရေး
သင့်တင့်လျောက်ပတ်စွာ ပြုမူပြောဆိုဆက်ဆံမှု။
အလုပ်သမားသမဂ္ဂများ
Explore all topics
ကျွန်ုပ်တို့ လုပ်ဆောင်သည့်အရာများ
Explore this section to learn more.
ဒေတာနှင့် ဝန်ဆောင်မှုများ
စီမံကိန်းများ [ENG]
အခမ်းအနားများ [ENG]
ထုတ်ဝေစာများ [ENG]
သတင်းနှင့် အကြောင်းအရာများ [ENG]
ကျွန်ုပ်တို့အကြောင်း
Explore this section to learn more.
ကျွန်ုပ်တို့အကြောင်းArrow
ကျွန်ုပ်တို့၏ မိတ်ဖက်များ [ENG]
ကျွန်ုပ်တို့ လုပ်ဆောင်ရာနေရာများ [ENG]
ကျွန်ုပ်တို့၏ မူဝါဒများနှင့် အစီအစဉ်များ [ENG]
သတင်းမီဒီယာခန်းမ [ENG]
ဆက်သွယ်ရန် [ENG]
ကျွန်ုပ်တို့နှင့် အတူလုပ်ကိုင်ပါ [ENG]
အလုပ်သင်အခွင့်အလမ်းများ [ENG]
ကျွန်ုပ်တို့၏ သမိုင်းကြောင်း
ဒေတာအသုံးပြုသူများ
Scroll left
Scroll right
  1. မြန်မာနိုင်ငံ
  2. မြန်မာနိုင်ငံတွင် အလုပ်လုပ်သည်
  3. အလုပ်သမား ဥပဒေ
  4. စာချုပ်များနှင့် ထုပ်ပယ်မှုများ။
  5. အကြောင်းကြားစာ နှင့် အလုပ်ထုတ် နစ်နာကြေး [...]

အကြောင်းကြားစာ နှင့် အလုပ်ထုတ် နစ်နာကြေး။

ဤစာမျက်နှာကို နောက်ဆုံးပြင်ဆင်သည့်ရက်စွဲမှာ - 2025-01-21

အကြောင်းကြားစာပေးရန်လိုအပ်ချက်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်အရ သတ်မှတ်ကာလပြီးဆုံးသွားလျှင်သော်လည်းကောင်း၊ စက်ရုံ သို့မဟုတ် ကုမ္ပဏီ ပိတ်သိမ်းလျှင်သော်လည်းကောင်း (အလုပ်ရှင်၏ ဒေဝါလီခံမှု)၊ ကြိုတင်မှန်းဆခြင်းမပြုနိုင်သည့်ဖြစ်ရပ်ကြောင့်ပျက်စီးရလျှင်သော်လည်းကောင်း၊ တဘက်ဘက်မှ စာချုပ်ဖောက်ဖျက်လျှင်သော်လည်းကောင်း၊ အလုပ်သမားသေဆုံးလျှင်သော်လည်းကောင်း၊ အလုပ်ရှင်ကြောင့် မဟုတ်ပဲ ကြိုတင်မမျှော်လင့်ထားသော ပြဿနာများကြောင့် အလုပ်များလျော့ပါးသွားခြင်း(လုပ်သားလျော့ချခြင်းအပါအဝင်) နှင့် အလုပ်သမားသည် သတ်မှတ်ထားသော စည်းကမ်းချက်များကို အကြီးစားကျူးလွန်ဖောက်ဖျက်ခြင်းအတွက် ရာဇဝတ်ပြစ်ဒဏ်ကျလျှင်သော်လည်းကောင်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ကို ရပ်စဲနိုင်သည်။

အလုပ်ရှင်၊ အလုပ်သမား တဘက်ဘက်က တစ်လကြိုတင်အသိပေးခြင်းဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ကိုရပ်စဲနိုင်သည်။ သာမန်ပြစ်မှုများအတွက် ပထမအကြိမ်နှုတ်ဖြင့် သတိပေးခြင်း၊ ဒုတိယအကြိမ်စာဖြင့်သတိပေးခြင်း၊ တတိယအကြိမ် နှင့် နောက်ဆုံးအကြိမ်တွင် သတိပေးစာပေါ် ဝန်ခံကတိလက်မှတ်ရေးထိုးခြင်းဆောင်ရွက်စေနိုင်သည်။ ဤသတိပေးခြင်းသုံးကြိမ်ပြုလုပ်ပြီးနောက် အလုပ်သမားသည် သာမန်ပြစ်မှုကို ထပ်မံကျူးလွန်ခဲ့လျှင် အလုပ်ရှင်သည် သတိပေးအကြောင်းကြားခြင်းနှင့် နစ်နာကြေးပေးရန်မလိုဘဲ အလုပ်မှ ရပ်စဲနိုင်သည်။ ဝန်ထမ်းမှ သတ်မှတ်ထားသော စည်းကမ်းချက်များကို အကြီးစားကျူးလွန်ဖောက်ဖျက်ခြင်းကိစ္စတွင် အလုပ်ရှင်က အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ကို ချက်ချင်းရပ်စဲနိုင်သည်။

(အရေးကြီးသောအကြောင်းပြချက်များအတွက်) အလုပ်သမားအား တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အလုပ်ရှင်တစ်ဦးက တစ်လကြိုတင်အကြောင်းကြား၍ သတ်မှတ်ထားသော နစ်နာကြေးပေးပြီး အလုပ်မှရပ်စဲခြင်း သို့မဟုတ် ထုတ်ပယ်ခြင်း ပြုလုပ်နိုင်သည်။ အစမ်းခန့်ကာလအတွင်း အလုပ်သမားတစ်ဦးက အလုပ်မှနှုတ်ထွက်လိုပါက အလုပ်ရှင်သို့ (၇) ရက်ကြိုတင်အကြောင်းကြားရန် လိုအပ်ပါသည်။

အလုပ်သမားအဖွဲ့အစည်း ဥပဒေအရ အလုပ်ရှင်က အလုပ်သမားတစ်ဦးဦးအား အလုပ်မှ ထုတ်ပယ်ရာတွင် ထိုသို့အလုပ်မှ ထုတ်ပယ်သောအကြောင်းရင်းများသည် အလုပ်သမားအဖွဲ့အစည်းဝင်ဖြစ်မှု သို့မဟုတ် အလုပ်သမားအဖွဲ့အစည်းတွင် လုပ်ဆောင်မှုနှင့် သက်ဆိုင်လျှင်ဖြစ်စေ သို့မဟုတ် တရားဝင်သပိတ်မှောက်ခြင်းများတွင် ပါဝင်ခြင်းအတွက် အလုပ်ရှင်သည် ၎င်းအလုပ်သမားကို အလုပ်ထုတ်ခွင့်မရှိပါ။

အရင်းအမြစ်။ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်၊ ၂၀၁၇ အပိုဒ် ၅၊ ၂၀၁၃ခုနှစ် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ အပိုဒ် ၄၄၊ ၂၀၁၁ခုနှစ် အလုပ်သမားအဖွဲ့အစည်းဥပဒေ

အလုပ်ထုတ် နစ်နာကြေး။

အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမား ရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေ ပုဒ်မ ၅၉ ပုဒ်မခွဲ (ခ) နှင့် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ ၄၁ ပုဒ်မခွဲ (ခ) တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့် ပေးရမည့် နစ်နာကြေးနှုန်းထားများကို သတ်မှတ်လိုက်သည်။

ဖော်ပြပါ ကိစ္စများဖြစ်သော "အလုပ်ရှင်နှင့်အလုပ်သမား နှစ်ဦးနှစ်ဖက်သဘောတူညီချက်ဖြင့် မူလချုပ်ဆိုထားသော အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်အား ဖျက်သိမ်းခြင်း၊ ဝန်ထမ်းမှ အလုပ်နှုတ်ထွက်ခြင်း၊ ဝန်ထမ်းမှ သတ်မှတ်ထားသော စည်းကမ်းချက်များကို အကြီးစားကျူးလွန်ဖောက်ဖျက်ခြင်း၊ နှင့် သတိပေးအကြောင်းကြားပြီးမှ အလုပ်မှရပ်စဲခံရသော အလုပ်သမားနှင့် ပတ်သက်၍ အလုပ်ရှင်က ပေးရမည့် နစ်နာကြေးနှုန်းထား ပေးရန်မလိုပါ။။ အကယ်၍ အလုပ်ခန့်ထားမှုဆိုင်ရာ စာချုပ်အား အခြားအကြောင်းများကြောင့် အလုပ်မှ ရပ်စဲခံရသော အလုပ်သမားနှင့် ပတ်သက်၍ (လုပ်သားလျော့ချခြင်းအပါအဝင်) အလုပ်ရှင်ကပေးရမည့် နစ်နာကြေးနှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. လုပ်သက် ခြောက်လထက်လျှော့သောအလုပ်သက်တမ်းအတွက်ရှင်းပေးရန်မလို
  2. လုပ်သက် ခြောက်လပြည့်ပြီး တစ်နှစ်မပြည့်ပါက နစ်နာကြေး လဝက်စာ
  3. လုပ်သက် တစ်နှစ်ပြည့်ပြီး နှစ်နှစ် မပြည့်ပါက နစ်နာကြေး တစ်လစာ
  4. လုပ်သက် နှစ်နှစ်ပြည့်ပြီး သုံးနှစ်မပြည့်ပါက နစ်နာကြေး တစ်လခွဲ လစာ
  5. လုပ်သက် သုံးနှစ်ပြည့်ပြီး လေးနှစ် မပြည့်ပါက နစ်နာကြေး သုံးလစာ
  6. လုပ်သက် လေးနှစ်ပြည့်ပြီး ခြောက်နှစ် မပြည့်ပါက နစ်နာကြေး လေးလစာ
  7. လုပ်သက် ခြောက်နှစ်ပြည့်ပြီး ရှစ်နှစ် မပြည့်ပါက နစ်နာကြေး ငါးလစာ
  8. လုပ်သက် ရှစ်နှစ်ပြည့်ပြီး တစ်ဆယ်နှစ် မပြည့်ပါက နစ်နာကြေး ခြောက်လစာ
  9. လုပ်သက် တစ်ဆယ်နှစ်ပြည့်ပြီး ၂၀ နှစ် မပြည့်ပါက နစ်နာကြေး ရှစ်လစာ

အရင်းအမြစ်။ အမိန့်ကြော်ငြာစာအမှတ် (၈၄ /၂၀၁၅)

ဆက်စပ်သည့်အကြောင်းအရာများ။

စာချုပ်များနှင့် ထုပ်ပယ်မှုများ။
Related pages
အလုပ်နှင့် အခကြေးငွေလျော်ကြေးနှင့် အလုပ်ချိန်လုပ်သက်ခွင့်နှင့် အားလက်ရက်များ။စာချုပ်များနှင့် ထုပ်ပယ်မှုများ။အကြောင်းကြားစာ နှင့် အလုပ်ထုတ် နစ်နာကြေး။မိသားစုတာဝန် များ။ကိုယ်ဝန်ဆောင်မိခင် နှင့် အလုပ်တာဝန်အလုပ်အကိုင်ကာကွယ်ရေးကလေးနို့တိုက် ခြင်း။ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနာမကျန်းခွင့်လုပ်ငန်းခွင်အတွင်းထိခိုက်နစ်နာမှုအကျိုးခံစားခွင့်။လူမှုဖူလုံရေးအလုပ်လက်မဲ့အကျိုးခံစားခွင့်သင့်တင့်လျောက်ပတ်စွာ ပြုမူပြောဆိုဆက်ဆံမှု။လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှု။ကလေးသူငယ်များနှင့် လူငယ်များ။အဓမ္မအလုပ်ခိုင်းစေခြင်းအလုပ်သမားသမဂ္ဂများ

Cite this page: © WageIndicator 2026  –  မြန်မာ  –  နို့တစ်စာ၊ အလုပ်မှ ထွက် ခွာခြင်းခံစားခွင့်။
FacebookLinkedin
WageIndicator အကြောင်း ပိုမိုသိရှိရန်
WageIndicator အဖွဲ့နှင့် ဆက်သွယ်ပြီး ကျွန်ုပ်တို့၏ လုပ်ငန်းများအကြောင်း ပိုမို သိရှိလိုက်ပါ။
ဆက်ဖတ်ရန် ဆက်ဖတ်ရန်
arrow
ဆက်သွယ်ရန် ဆက်သွယ်ရန်
arrow
WageIndicator Logo
WageIndicator မြန်မာနိုင်ငံ
လက်တွေ့အသုံးချနေသော ဒေတာများ
WageIndicator Foundation သည် ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်သော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အနည်းဆုံးအခကြေးငွေ၊ ဖူလုံသည့်လုပ်အားခများ၊ လူနေမှုစရိတ်နှုန်းထားများ နှင့် ဖူလုံသည့်ဝင်ငွေ၊ လုပ်ခလစာများ၊ အလုပ်သမားဥပဒေ၊ စုပေါင်းညှိနှိုင်းတောင်းဆိုမှု သဘောတူညီချက်များ နှင့် ကမ္ဘာတစ်ဝှမ်းရှိ Gig နှင့် ပလက်ဖောင်း အခြေပြု အလုပ်အကိုင်များဆိုင်ရာ အချက်အလက်များကို စုဆောင်းခြင်း၊ နှိုင်းယှဉ်ခြင်းနှင့် မျှဝေခြင်းတို့ကို ဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ နိုင်ငံနှင့် နယ်မြေပေါင်း ၂၀၈ ခုတွင် လှုပ်ရှားဆောင်ရွက်လျက် ရှိပါသည်။
အလုပ်နှင့်ဒေတာ
အနည်းဆုံးအခကြေးငွေ
ဖူလုံသည့်လုပ်အားခများ
လစာစစ်တမ်း
အလုပ်သမားဥပဒေ
စုပေါင်းသဘောတူညီချက်များ
ဒေတာနှင့် ဝန်ဆောင်မှုများ
နောက်ဆုံးထွက် အပ်ဒိတ်များ
စီမံကိန်းများ
ပွဲများ
သတင်း
စာတမ်းများ
ကျွန်ုပ်တို့အကြောင်း
ကျွန်ုပ်တို့အကြောင်း
ကျွန်ုပ်တို့နှင့်အတူ အလုပ်လုပ်ရန်
ကျွန်ုပ်တို့၏ မူဝါဒများနှင့် အစီအစဉ်များ
သတင်းမီဒီယာခန်းမ
FacebookInstagramLinkedinYoutube
Privacy PolicyCookies StatementWebsite Terms & ConditionsAccessibilityPowered by the WageIndicator Foundation