WageIndicator Logo
မြန်မာနိုင်ငံတွင် အလုပ်လုပ်သည်Chevron
ကျွန်ုပ်တို့ လုပ်ဆောင်သည့်အရာများChevron
ကျွန်ုပ်တို့အကြောင်းChevron
Search
ဆက်သွယ်ရန်
arrow
မြန်မာနိုင်ငံတွင် အလုပ်လုပ်သည်
ဒီအပိုင်းကို စူးစမ်းရှာဖွေရန်။
ဖူလုံသည့်လုပ်အားခများ
အနည်းဆုံးအခကြေးငွေ
လစာArrow
အလုပ်သမား ဥပဒေArrow
လစာစစ်တမ်း
လစာစစ်ဆေးမှု
အလုပ်နှင့် အခကြေးငွေ
လျော်ကြေးနှင့် အလုပ်ချိန်
လုပ်သက်ခွင့်နှင့် အားလက်ရက်များ။
စာချုပ်များနှင့် ထုပ်ပယ်မှုများ။
မိသားစုတာဝန် များ။
ကိုယ်ဝန်ဆောင်မိခင် နှင့် အလုပ်တာဝန်
ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး
နာမကျန်းခွင့်
လူမှုဖူလုံရေး
သင့်တင့်လျောက်ပတ်စွာ ပြုမူပြောဆိုဆက်ဆံမှု။
အလုပ်သမားသမဂ္ဂများ
အကြောင်းအရာ အားလုံးကို စူးစမ်းရှာဖွေပါ
ကျွန်ုပ်တို့ လုပ်ဆောင်သည့်အရာများ
ဒီအပိုင်းကို စူးစမ်းရှာဖွေရန်။
ဒေတာနှင့် ဝန်ဆောင်မှုများ
စီမံကိန်းများ
အခမ်းအနားများ
ထုတ်ဝေစာများ
သတင်းနှင့် အကြောင်းအရာများ
ကျွန်ုပ်တို့အကြောင်း
ဒီအပိုင်းကို စူးစမ်းရှာဖွေရန်။
ကျွန်ုပ်တို့အကြောင်းArrow
ကျွန်ုပ်တို့၏ မိတ်ဖက်များ
ကျွန်ုပ်တို့ လုပ်ဆောင်ရာနေရာများ
ကျွန်ုပ်တို့၏ မူဝါဒများနှင့် အစီအစဉ်များ
သတင်းမီဒီယာခန်းမ
ဆက်သွယ်ရန်
ကျွန်ုပ်တို့နှင့် အတူလုပ်ကိုင်ပါ
အလုပ်သင်အခွင့်အလမ်းများ
ကျွန်ုပ်တို့၏ သမိုင်းကြောင်း
ဒေတာအသုံးပြုသူများ
Scroll left
Scroll right
  1. မြန်မာနိုင်ငံ
  2. မြန်မာနိုင်ငံတွင် အလုပ်လုပ်သည်
  3. အလုပ်သမား ဥပဒေ
  4. လျော်ကြေးနှင့် အလုပ်ချိန်

လျော်ကြေးနှင့် အလုပ်ချိန်

ဤစာမျက်နှာကို နောက်ဆုံးပြင်ဆင်သည့်ရက်စွဲမှာ - 2025-01-21

အချိန်ပိုလုပ်ခ (အိုဗါတိုင်ကြေး)

အလုပ်ရုံများအက်ဥပဒေ (၁၉၅၁) နှင့် ဆိုင်များနှင့်အလုပ်ဌာနများအက်ဥပဒေ (၂၀၁၆) တို့အရအလုပ်ချိန်ကို ထိန်းညှိ ထားသည်။ အလုပ်ရုံများအက်ဥပဒေအရပုံမှန်အလုပ်ချိန်သည် တနေ့ (၈) နာရီ၊ ရက်သတ္တတပါတ်လျှင်(၄၄) နာရီဖြစ် သည်။ စဉ်ဆက်မပြတ်လုပ်ကိုင်ရသောလုပ်ငန်းမျိုး (ဥပမာဓါတ်အားပေးရုံ) တွင် ရက်သတ္တတပါတ်လျှင်(၄၈) နာရီဖြစ် ၏။ အချိန်ပိုနှင့် နားချိန် (၅ နာရီကြာတိုင်းမီနစ် ၃၀ နား) အပါအဝင် တနေ့အလုပ်ချိန်စုစုပေါင်းသည် (၁၀) နာရီဖြစ် သည်။ ဆိုင်များနှင့်အလုပ်ဌာနများနည်းဥပဒေ (၂၀၁၈) အရ ဆိုင် သို့မဟုတ် အလုပ်ဌာန အသီးသီးရှိ အလုပ်သမားများကို တစ်ရက်လျှင် (၈) နာရီထက်ပို၍လည်းကောင်း၊ ရက်သတ္တတစ်ပတ်လျှင် (၄၈) နာရီထက်ပို၍လည်းကောင်း လုပ်ကိုင်ရသည့်အလုပ်ချိန် နာရီများအတွက် အချိန်ပိုလုပ်ခကို အခကြေးငွေပေးချေရေး နည်းဥပဒေများပါ ပြဌာန်းချက်များ အတိုင်း တွက်ချက်ခံစားခွင့်ပြုရမည်။ ပုတ်ပြတ်အလုပ်သမားများ၏ ပျမ်းမျှတစ်ရက်နေ့တွက် လုပ်ခနှုန်းတွက်ချက်ရာတွင် ရက်သတ္တတစ်ပတ် အတွင်း အလုပ်သမား ရရှိခဲ့သည့် အခကြေးငွေကို ရက်သတ္တတစ်ပတ်အတွင်း အမှန်တကယ်အလုပ်လုပ်ကိုင်ခဲ့သည့် ရက်နှင့် စား၍ရရှိသော အခကြေးငွေဖြင့် တွက်ချက်ရမည်။

ဆိုင်များနှင့်အလုပ်ဌာနများဥပဒေ (၂၀၁၆) (ဈေးဆိုင်များ၊ ကုမ္ပဏီများ၊ အရောင်းအဝယ်ဌာနများ၊ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ဖျော်ဖြေရေးလုပ်ငန်းများအကျုံးဝင်သည်) အရပုံမှန်အလုပ်ချိန်သည် တနေ့ (၈) နာရီ၊ ရက်သတ္တတပါတ်လျှင်(၄၈) နာရီဖြစ်သည်။အချိန်ပိုနှင့် နားချိန် (၁) နာရီ အပါအဝင် တနေ့အလုပ်ချိန် စုစုပေါင်းသည် (၁၁) နာရီထက်မပိုရ။

အလုပ်သမားတဦးသည်မိမိကိုယ်ပိုင်သဘောဆန္ဒဖြင့်အချိန်ပိုလုပ်ခွင့်ရှိသည်။ အချိန်ပိုလုပ်သောနာရီစုစုပေါင်းသည် မည်သည့်ရက်သတ္တပတ်၌မဆို ၁၂ နာရီ ထက်မပိုစေရ။ သို့ရာတွင် အထူးကိစ္စရပ်အနေဖြင့် လိုအပ်ချက်ရှိပါက ရက်သတ္တပတ်၌ ၁၆ နာရီထက် မပိုစေရ။ ထို့ပြင် ညဉ့်သန်းခေါင် ၁၂ နာရီထက် ကျော်လွန်လုပ်ကိုင်ခြင်း မပြုရ။ အဆက်မပြတ်အလုပ်လုပ်ရခြင်းမရှိသော စက်ရုံအလုပ်သမားများအတွက် အချိန်ပိုနာရီများသည် တစ်ပတ်လျှင် နာရီ ၂၀ ဖြစ်သည်။ မဖြစ်မနေဆက်လက်လုပ်ဆောင်ရန် လိုအပ်သည့်လုပ်ငန်းစဉ် ဟူသောဝေါဟာရသည် နေ့ရောညပါရပ်နားခြင်းမပြုဘဲ၊ လုပ်ဆောင်ရမည့် (သံရည်ကျိုလေမှုတ်ဖိုများ၊ ကုတ်မီးသွေးထုတ်လုပ်ခြင်း၊ တွင်းထွက်ရေနံသန့်စင်ခြင်း၊ ဓာတုစက်ရုံရှိလုပ်ငန်းခွဲများ (သို့) လုပ်ငန်းဆောင်ရွက်မှုများ၊ ဘိလပ်မြေထုတ်လုပ်ခြင်း၊ ဆားထုတ်လုပ်ခြင်း၊ သတ္တုတွင်းလုပ်ငန်းများ ကဲ့သို့သော (သို့) ထုတ်ကုန်ပစ္စည်း၏ ပျက်စီးလွယ်သော သဘောသဘာဝကြောင့်၊ (ယေဘုယျအားဖြင့် နို့ထွက်ပစ္စည်းထုတ်ကုန်များကဲ့သို့သော (နှင့်) အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများ (ရေ၊ ဓာတငွေ့၊ လျှပ်စစ်) ဖြစ်သောကြောင့် ၇ရက် ပတ်လုံး ဆက်လက်လုပ်ဆောင်ရန် လိုအပ်သည့် နည်းပညာဆိုင်ရာ လုပ်ငန်းစဉ်များပါရှိသည့် အလုပ်အကိုင်နှင့် အကျုံးဝင်ပါသည်။

ရနေံတှငျးလုပျသားမြားအတှကျ ပုံမှနျအလုပျခြိနျသညျ တဈပတျလြှငျ ၄၄ နာရီ ဖွဈသောျလညျး ဆကျတိုကျလုပျဆောငျရခွငျးအတှကျမူ တဈပတျလြှငျ ၄၈ နာရီအထိ တိုးမွှင့ျထားသညျ။ ပုံမှနျ အလုပျခြိနျ နာရီ ၄၀ လုပျရသော သတ်တုတှငျးလုပျသားမြားအတှကျလညျး အလားတူပငျဖွဈသညျ။ အလုပျသမားသညျ လုပျငနျးလိုအပျခကြျအရ တဈနကေုနျအလုပျလုပျရနျ လိုအပျပါက ၎င်းငျး၏ တဈပတျ အလုပျခြိနျကို ၄၈ နာရီအထိ တိုးမွှင့ျနိုငျသညျ။ မြန်မာ့သတ္တုတွင်းနည်းဥပဒေ ၂၀၁၈ အရ သတ္တုတွင်းတစ်ခုတွင်ခန့်ထားသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား သာမန်အားဖြင့် တစ်နေ့လျှင် ၈ နာရီထက်ပို၍လည်းကောင်း၊ ရက်သတ္တပတ် တစ်ပတ်လျှင် နာရီ ၄၀ ထက်ပို၍လည်းကောင်း အလုပ်လုပ်ကိုင်စေခြင်းမပြုရ သို့မဟုတ် အလုပ်လုပ်ခွင့်မပြုရ၊ သို့ရာတွင် လုပ်ငန်းလိုအပ်ချက်အရသော်လည်းကောင်း၊ အလုပ်လုပ်နည်းနှင့် စပ်လျဥ◌်းသည့် အကြောင်းထူများကြောင့်သော်လည်းကောင်း၊ တစ်ရက်ပတ်လုံးစဉ်ဆက်မပြတ်လုပ်ရန် လိုအပ်ပါက ရက်သတ္တပတ် တစ်ပတ်လျှင် ၄၈ နာရီ လုပ်ကိုင်ရန်ခွင့်ပြုနိုင်သည်။ ထိုသို့ လုပ်ကိုင်ရာတွင် ရက်သတ္တပတ်အလုပ်ချိန် နာရီ ၄၀ ထက်ပို၍ လုပ်ကိုင်ရသော အလုပ်ချိန် ၈ နာရီကို အချိန်ပိုကာလအဖြစ် သတ်မှတ်ရမည်၊ သတ္တုတွင်းတစ်ခု၏ မြေပေါ်၌ ခန့်ထားသည့် အလုပ်သမားတစ်ဦး၏ တနေ့အလုပ်ချိန်ကို ၎င်း၏အလုပ်နားချိန်အပါအဝင် ၁၀ နာရီထက်မပိုစေရန် စီစဉ်ရမည်။ ထိုသူအား တစ်နေ့အတွက် အလုပ်လုပ်သည့် ကာလအပိုင်းအခြားများကို သတ်မှတ်ရာ၌ မည်သည့်ကာလအပိုင်းအခြားမျှ ငါးနာရီထက်ပို၍ တစ်ဆက်တည်းအလုပ်မလုပ်စေရ။ ထို့ပြင် မည်သည့် အလုပ်သမားကိုမျှ အနည်းဆုံး တစ်နာရီ နားစေရန် အားလပ်ချိန်မရသေးမီ ငါးနာရီထက်ပို၍ တစ်ဆက်တည်း အလုပ်မလုပ်စေရ၊ သတ္တုတွင်းတစ်ခု၏ မြေအောက်၌ လုပ်ကိုင်ရသည့် အလုပ်ကို မည်သည့်နေ့တွင်မဆို ၈ နာရီထက် ပို၍ လုပ်ကိုင်ခြင်း မပြုစေရ။ သို့ရာတွင် လုပ်ငန်းလိုအပ်ချက်အရ အဆိုင်းစနစ်ကို စီစဉ်ကျင့်သုံးနိုင်သည်။ ယင်းသို့ကျင့်သုံးရာတွင် အဆိုင်းစနစ်အရ အဆိုင်းတစ်ဆိုင်းအားအလုပ်ချိန်ကို ၈ နာရီထက်ပို၍ ကျော်လွန် သတ်မှတ်ခြင်းမပြုရ။ အနည်းဆုံးအလုပ်နားချိန် ၁ နာရီမရှိလျှင် ၅ နာရီ ထက်ပို၍ အလုပ်လုပ်ခြင်း မပြုစေရ၊

ဆိုင်များနှင့် အလုပ်ဌာနများအတွက် တစ်ပတ်လျှင် ၄၈ နာရီ လုပ်ပြီးပါက အချိန်ပိုနာရီ စတင်သော်လည်း စက်ရုံအလုပ်သမားများအတွက်မူ ဆက်တိုက်လုပ်ရခြင်းမရှိပါက တစ်ပတ်လျှင် ၄၄ နာရီ လုပ်ပြီးနောက်တွင် အချိန်ပိုနာရီ စတင်သည်။ တနေ့ (၈) နာရီ၊ တပါတ် (၄၄/ ၄၈) နာရီထက်ကျော်၍ အချိန်ပိုလုပ်ကိုင်ရခြင်းအတွက် အလုပ်သမားအား မပေးမနေရ အချိန်ပိုကြေးကိုလုပ်ကိုင်သမျှ နာရီ /ရက်အတွက် အလုပ်ရှင်မှရှင်းပေးရမည်။ အချိန်ပိုတစ်နာရီတိုင်းအတွက် အလုပ်သမား၏ အခြေခံလုပ်ခ၏ ၂၀၀% ပေးရမည်။ စဉ်ဆက်မပြတ် အချိန်ပိုခေါ်ယူခြင်းဆိုင်ရာ မူဝါဒအတည်ပြုချက်ရယူရန် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန၏ ခွင့်ပြုချက်ရယူရန်လိုအပ်သည်။

အချိန်ပိုကို တနေ့လုပ်ခကို အခြေခံ၍ တွက်ချက်ပါသည်။ ထို့ကြောင့် အလုပ်သမားတစ်ဦး၏ အပတ်စဉ်အလုပ်ချိန်သည် 44 နာရီ သို့မဟုတ် 48 နာရီထက် မကျော်လွန်သည့်တိုင် ၎င်း၏နေ့စဉ်အလုပ်ချိန်သည် တစ်နေ့လျှင် 8 နာရီထက်ကျော်လွန်ပါက အချိန်ပိုအဖြစ်တွက်ချက်ပါသည်။ အချိန်ပိုကို အောက်ပါအတိုင်းတွက်ချက်ပါသည် - [(အခြေခံလစာ * ၁၂ လ) / (၅၂ ပတ် * ၄၄/၄၈ နာရီ)] * ၂

ပုတ်ပြတ်အလုပ်သမားများသည် အချိန်ပိုလုပ်ဆောင်သော နာရီများအတွက် မိမိတို့၏ ပျမ်းမျှဝင်ငွေ၏ နှစ်ဆကိုရရှိရန် အကျုံးဝင်ပါသည်။ ပုတ်ပြတ်လုပ်သားများအတွက် ပျမ်းမျှလုပ်ခကို စစ်ဆေးရေးမှူးချုပ်က အလုပ်သမားများနှင့် အလုပ်ရှင်ကိုယ်စားလှယ်များကဲ့သို့ လက်တွဲလုပ်ဆောင်သူများနှင့် တိုင်ပင်ဆွေးနွေးပြီး သတ်မှတ်ပါသည်။

မူရင်း။
အပိုဒ် ၁၁၊ ၁၂၊ ၁၇ ၊ ဆိုင်များနှင့်အလုပ်ဌာနများဥပဒေ (၂၀၁၆)
အပိုဒ် ၅၉၊ ၆၂၊ ၆၄၊ ၇၃ အလုပ်ရုံများအက်ဥပဒေ (၁၉၅၁)

ညပိုင်းအချိန်အလုပ်လုပ်ရခြင်းအတွက် နစ်နာကြေး။

ညပိုင်းအချိန်အလုပ်လုပ်ခြင်းနှင့်ပါတ်သက်သည့်အထူးပြဌာန်းချက်မရှိပါ။ ဆိုင်များနှင့်အလုပ်ဌာနများဥပဒေ (၂၀၁၆) အရမည်သည့် ဈေးဆိုင် ၊ စီးပွားရေးလုပ်ငန်းမဆိုညအချိန် ၂၃:၀၀ နာရီမှ နံနက် ၀၅:၀၀ နာရီအတွင်းပိတ်ထားရမည်ဖြစ်သည်။ အများပြည်သူဖျော်ဖြေရာဌာနများဖြစ်သည့် ရုပ်ရှင်ရုံ၊ ပြဇာတ်ရုံ၊ အခမဲ့ ဖျော်ဖြေပွဲများသည် ၀၁:၀၀ နာရီမှ ၀၅:၀၀ နာရီအတွင်းပိတ်ထားရမည်ဖြစ်၏။

မူရင်း။
အပိုဒ် ၇ - ၈ ၊ ဆိုင်များနှင့်အလုပ်ဌာနများဥပဒေ (၂၀၁၆)

အစားထိုးနားရက် /ပိတ်ရက်များ။

အလုပ်သမားတယောက်သည် ရက်သတ္တပါတ်ပိတ်ရက်တွင် အလုပ်ဆင်းဖို့ လိုအပ်ပါက အလုပ်ဆင်းရမည်။ ထိုသို့ အလုပ်ဆင်းရမည်ဆိုပါကသူ /သူမအားတနင်္ဂနွေနေ့မတိုင်မီ (၃) ရက်အလို၊ သို့မဟုတ် တနင်္ဂနွေနေ့အလွန်နေ့ တနေ့တွင် ရက်သတ္တပါတ်နားရက် တစ်ရက်အစားထိုးပေးရန်ဖြစ်သည်။ အလုပ်သမားတယောက်ကိုနားရက်မရှိဘဲ (၁၀) ရက်ဆက်တိုက်အလုပ်မလုပ်စေရ။ စက်ရုံတရုံကိုရက်သတ္တပါတ် အလုပ်နားရက်များတွင်အလုပ်လုပ်ရန် လိုအပ်ချက်အရအထူးကင်းလွတ်ခွင့်ပေးထားပါက ထိုစက်ရုံ အလုပ်သမားများကိုအဆိုပါ လ အတွင်း ၊ သို့မဟုတ်နောက်လာသောပြက္ခဒိန်လ (၂) လအတွင်းနားရက်များအစားထိုးပေးရမည်။

အများပြည်သူရုံးပိတ်ရက်တွင်အလုပ်လုပ်ရသောအလုပ်သမားများအတွက် အစားထိုးနားရက်များနှင့်ပါတ်သက်၍ ပြဌာန်းထားခြင်းမရှိပါ။

အရင်းအမြစ်။
အပိုဒ်-၈၊ အလုပ်ရုံများအက်ဥပဒေ (၁၉၅၁)

ရက်သတ္တပါတ်နားရက်/ အများပြည်သူအလုပ်ပိတ်ရက်များတွင်အလုပ်လုပ်ရခြင်းအတွက်နစ်နာကြေး။

အပတ်စဉ် နားရက်တွင် အလုပ်လုပ်ရလျှင် အချိန်ပိုအဖြစ်သတ်မှတ်ပြီး ၎င်းကို ပုံမှန်နှုန်းထား၏ နှစ်ဆ (ပုံမှန်နာရီနှုန်း၏ ၂၀၀%) ဖြင့် ပေးချေပါသည်။ အများပြည်သူအလုပ်ပိတ်ရက် တစ်ရက်သည် ၊ ရက်သတ္တပတ် အလုပ်ပိတ်ရက်နှင့်ဖြစ်စေ၊ အခြား အများပြည်သူအလုပ်ပိတ်ရက်' နှင့်ဖြစ်စေ တိုက်ဆိုင်နေလျှင် အခြားနေ့ တစ်နေ့ကို အများပြည်သူအလုပ် ပိတ်ရက် အဖြစ်ဖြင့် ပြောင်းလဲ၍ ခွင့်မပြုရ ။ ထိုသို့တိုက်ဆိုင်သည့် အလုပ်ပိတ်ရက်ကို အများပြည်သူ အလုပ်ပိတ်ရက်ဖြစ်သည်ဟု ယူဆရ မည်။ သို့ရာတွင် အလုပ်သမားသည် အများပြည်သူအလုပ်ပိတ်ရက်တွင် အလုပ်လုပ်ရလျှင် ထိုအလုပ်သမားအား သက်ဆိုင်ရာအခြေခံအခကြေးငွေကိုသော်လည်းကောင်း၊ အခြေခံလစာငွေကိုသော်လည်း ကောင်း၊ ထိုနေ့အတွက် ပေးမြဲနှုန်း ၏ နှစ်ဆရထိုက်စေမည့်အပြင် ရှားပါးစရိတ်ရနေလျှင် ထိုနေ့အတွက် ပေးမြဲနှုန်းအတိုင်း ရှားပါးစရိတ်ကိုလည်း ရထိုက်စေ ရမည်။

အရင်းအမြစ် ။
အပိုဒ် - ၁၇ ၊ ဆိုင်များနှင့်အလုပ်ဌာနများဥပဒေ (၂၀၁၆)
အပိုဒ် - ၇၃၊ အလုပ်ရုံများအက်ဥပဒေ ၁၉၅၁
အပိုဒ် - ၃-၂၊ ခွင့်နှင့် အားလပ်ရက်ခံစားခွင့် ဥပဒေ ၁၉၅၁

နစ်နာကြေးပေးခြင်းဆိုင်ရာစည်းမျဉ်းများ။

  • ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေကို ပြင်ဆင်သည့်ဥပေဒ (၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၂) / The Law Amending the Factories Act, 1951 (The Pyidaungsu Hluttaw Law No. 12, 2016)
  • ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ ၂၀၁၆ / Shops and Establishments Act 2016
  • ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၀) / The Law Amending the leave and Holiday Act, 1951 (The Pyidaungsu Hluttaw Law No. 30, 2014[KMMM5] )

ဆက်စပ်သည့်အကြောင်းအရာများ။

အလုပ်နှင့် အခကြေးငွေ လုပ်သက်ခွင့်နှင့် အားလက်ရက်များ။ လစာစစ်ဆေးမှု
ဤစာမျက်နှာကို ကိုးကားပါ: © WageIndicator 2026  –  မြန်မာ  –  အချိန်ပိုလုပ်ခ၊ညပိုင်းအချိန်အလုပ်လုပ်ရခြင်းအတွက်လုပ်ခ၊ ပိတ်ရက်အလုပ်လုပ်ခ
FacebookXLinkedInEmail
WageIndicator အကြောင်း ပိုမိုသိရှိရန်
WageIndicator အဖွဲ့နှင့် ဆက်သွယ်ပြီး ကျွန်ုပ်တို့၏ လုပ်ငန်းများအကြောင်း ပိုမို သိရှိလိုက်ပါ။
ဆက်ဖတ်ရန် ဆက်ဖတ်ရန်
arrow
ဆက်သွယ်ရန် ဆက်သွယ်ရန်
arrow
WageIndicator Logo
WageIndicator မြန်မာနိုင်ငံ
လက်တွေ့အသုံးချနေသော ဒေတာများ
WageIndicator Foundation သည် ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်သော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အနည်းဆုံးအခကြေးငွေ၊ ဖူလုံသည့်လုပ်အားခများ၊ လူနေမှုစရိတ်နှုန်းထားများ နှင့် ဖူလုံသည့်ဝင်ငွေ၊ လုပ်ခလစာများ၊ အလုပ်သမားဥပဒေ၊ စုပေါင်းညှိနှိုင်းတောင်းဆိုမှု သဘောတူညီချက်များ နှင့် ကမ္ဘာတစ်ဝှမ်းရှိ Gig နှင့် ပလက်ဖောင်း အခြေပြု အလုပ်အကိုင်များဆိုင်ရာ အချက်အလက်များကို စုဆောင်းခြင်း၊ နှိုင်းယှဉ်ခြင်းနှင့် မျှဝေခြင်းတို့ကို ဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ နိုင်ငံနှင့် နယ်မြေပေါင်း ၂၀၈ ခုတွင် လှုပ်ရှားဆောင်ရွက်လျက် ရှိပါသည်။
အလုပ်နှင့်ဒေတာ
အနည်းဆုံးအခကြေးငွေ
ဖူလုံသည့်လုပ်အားခများ
လစာစစ်တမ်း
အလုပ်သမားဥပဒေ
စုပေါင်းသဘောတူညီချက်များ
ဒေတာနှင့် ဝန်ဆောင်မှုများ
နောက်ဆုံးထွက် အပ်ဒိတ်များ
စီမံကိန်းများ
ပွဲများ
သတင်း
စာတမ်းများ
ကျွန်ုပ်တို့အကြောင်း
ကျွန်ုပ်တို့အကြောင်း
ကျွန်ုပ်တို့နှင့်အတူ အလုပ်လုပ်ရန်
ကျွန်ုပ်တို့၏ မူဝါဒများနှင့် အစီအစဉ်များ
သတင်းမီဒီယာခန်းမ
FacebookInstagramLinkedinYoutube
Privacy PolicyCookies StatementWebsite Terms & ConditionsAccessibilityPowered by the WageIndicator Foundation