• Back to the Global website
WageIndicator Logo
မြန်မာနိုင်ငံတွင် အလုပ်လုပ်သည်Chevron
ကျွန်ုပ်တို့ လုပ်ဆောင်သည့်အရာများChevron
ကျွန်ုပ်တို့အကြောင်းChevron
Search
ဆက်သွယ်ရန်
arrow
မြန်မာနိုင်ငံတွင် အလုပ်လုပ်သည်
Explore this section to learn more.
ဖူလုံသည့်လုပ်အားခများ
အနည်းဆုံးအခကြေးငွေ
လစာArrow
အလုပ်သမား ဥပဒေArrow
လစာစစ်တမ်း
လစာစစ်ဆေးမှု
အလုပ်နှင့် အခကြေးငွေ
လျော်ကြေးနှင့် အလုပ်ချိန်
လုပ်သက်ခွင့်နှင့် အားလက်ရက်များ။
စာချုပ်များနှင့် ထုပ်ပယ်မှုများ။
မိသားစုတာဝန် များ။
ကိုယ်ဝန်ဆောင်မိခင် နှင့် အလုပ်တာဝန်
ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး
နာမကျန်းခွင့်
လူမှုဖူလုံရေး
သင့်တင့်လျောက်ပတ်စွာ ပြုမူပြောဆိုဆက်ဆံမှု။
အလုပ်သမားသမဂ္ဂများ
Explore all topics
ကျွန်ုပ်တို့ လုပ်ဆောင်သည့်အရာများ
Explore this section to learn more.
ဒေတာနှင့် ဝန်ဆောင်မှုများ
စီမံကိန်းများ [ENG]
အခမ်းအနားများ [ENG]
ထုတ်ဝေစာများ [ENG]
သတင်းနှင့် အကြောင်းအရာများ [ENG]
ကျွန်ုပ်တို့အကြောင်း
Explore this section to learn more.
ကျွန်ုပ်တို့အကြောင်းArrow
ကျွန်ုပ်တို့၏ မိတ်ဖက်များ [ENG]
ကျွန်ုပ်တို့ လုပ်ဆောင်ရာနေရာများ [ENG]
ကျွန်ုပ်တို့၏ မူဝါဒများနှင့် အစီအစဉ်များ [ENG]
သတင်းမီဒီယာခန်းမ [ENG]
ဆက်သွယ်ရန် [ENG]
ကျွန်ုပ်တို့နှင့် အတူလုပ်ကိုင်ပါ [ENG]
အလုပ်သင်အခွင့်အလမ်းများ [ENG]
ကျွန်ုပ်တို့၏ သမိုင်းကြောင်း
ဒေတာအသုံးပြုသူများ
Scroll left
Scroll right
  1. မြန်မာနိုင်ငံ
  2. မြန်မာနိုင်ငံတွင် အလုပ်လုပ်သည်
  3. အလုပ်သမား ဥပဒေ
  4. လုပ်သက်ခွင့်နှင့် အားလက်ရက်များ။

လုပ်သက်ခွင့်နှင့် အားလက်ရက်များ။

ဤစာမျက်နှာကို နောက်ဆုံးပြင်ဆင်သည့်ရက်စွဲမှာ - 2025-01-21

လုပ်ခရရှိသော အားလပ်ရက် / လုပ်သက်ခွင့်။

လုပ်သက်ခွင့် (ယေဘူယျအားဖြင့် Earned Leave ဟုရည်ညွှန်းသည်) ကို ခွင့်ရက်နှင့်အလုပ်ပိတ်ရက်များဥပဒေအောက်တွင် ပြဌာန်းထားသည်။ အလုပ်သမားသည် တစ်လလျှင် အနည်းဆုံး ရက်နှစ်ဆယ် အလုပ်လုပ်ခဲ့သူလည်းဖြစ်၍ အလုပ်ကို တဆက်တည်း ဆယ်နှစ်လပြည့်အောင် လုပ်ပြီးသည်လည်းဖြစ်လျှင်၊ လုပ်သက်ခွင့်ကို ခွင့်ပြုရမည်။ အလုပ်သမား၏ အသက်အပေါ်မူတည်၍ လုပ်သက်ခွင့်သည် ၁၀ မှ ၁၄ ရက်အထိခံစားခွင့်ရှိသည်။ အသက် ၁၅ နှစ်အောက် အလုပ်သမားအတွက် တဆက်တည်း လုပ်သက်ခွင့် ၁၄ ရက် နှင့် အသက် ၁၅ နှစ်အထက် အလုပ်သမားအတွက် တဆက်တည်း လုပ်သက်ခွင့် ၁၀ ရက် ခံစားခွင့်ရှိသည်။ သို့ရာတွင် အလုပ်သမားသည် ရက်နှစ်ဆယ်ပြည့်အောင် မလုပ်ခဲ့သောလတိုင်းအတွက် မိမိလုပ်သက်ခွင့်ရက်မှ တရက်ကျစီ အဖြတ်ခံရမည်။ လုပ်ငန်းသဘာဝအရ တစ်ဆက်တည်းတစ်ဆယ့်နှစ်လပြည့်အောင် လုပ်ကိုင်ရခြင်းမရှိသည့် လုပ်ငန်းတစ်ခုခုတွင် လုပ်သက်ခွင့်ကို အချိုးကျခံစားနိုင်သည်။

ခွင့်ရက်နှင့်အလုပ်ပိတ်အက်ဥပဒေအရ လုပ်သက်ခွင့်ရက်ခံစားသူများအား ခွင့်ရက်ကာလမစမီ လုပ်သက်ခွင့်ရက်အတွက် လစာ သို့မဟုတ် အခကြေးငွေကို ကြိုတင်ထုတ်ပေးရမည့်အပြင် ထိုသို့ထုတ်ပေးမည်ဖြစ်ကြောင်းကို အလုပ်သမားများအား အသိပေးထားရမည်။

အလုပ်ရှင်သည် မိမိအလုပ်သမားအား လုပ်သက်ခွင့်ရယူနိုင်စေရန် ထိုသူ၏ လုပ်သက်ခွင့်ရက်နှင့် သက်ဆိုင်သည့် တစ်ဆယ့်နှစ်လဖြစ်သောကာလအပိုင်းအခြား၏ နောက်ဆုံးနေ့မှစ၍ သုံးလအတွင်းအချိန်ကို သတ်မှတ်ပေးရမယ်။ သို့ရာတွင် သက်ဆိုင်ရာအလုပ်သမားနှင့်အလုပ်ရှင်အချင်းချင်း သဘောတူညီလျှင် သုံးနှစ်ထက်မပိုသော ကာလအပိုင်းအခြားအတွက် လုပ်သက်ခွင့်ရက်ကိုစုပေါင်း၍ မည်သည့်အချိန်တွင်မဆိုပေးနိုင်သည်။ လုပ်သက်ခွင့်ရထိုက်သည့် အလုပ်သမားသည် မိမိရထိုက်သည့် သို့တည်းမဟုတ် စုထားသည့် ခွင့်ရက်များကို မယူသေးမီ အလုပ်မှ နှုတ်ထွက်လျှင် သို့တည်းမဟုတ် အလုပ်ရှင်၏ အလုပ်မှ ထုတ်ပစ်ခြင်းခံရလျှင် သို့တည်းမဟုတ် သေဆုံးလျှင် ထိုအလုပ်သမားအားဖြစ်စေ ထိုအလုပ်သမား၏တရားဝင်ကိုယ်စားလှယ်အားဖြစ်စေ လုပ်သက်ခွင့်ရက်အစား ထိုအလုပ်သမား အလုုပ်မှ မနုတ်ထွက်မီ သို့တည်းမဟုတ် ထုတ်ပစ်ခြင်းမခံရမီ သို့တည်းမဟုတ် မသေဆုံးမီ တဆက်တည်းဖြစ်သော လွန်ခဲ့သည့်ရက်ပေါင်းသုံးဆယ်အတွင်း လုပ်ခဲ့သည့် ရက်များအတွက် သက်ဆိုင်ရာအခကြေးငွေကိုဖြစ်စေ၊ လစာငွေကိုဖြစ်စေ အခကြေးငွေ၏ သို့တည်းမဟုတ် လစာငွေ၏ ပျမ်းမျှနေ့စည်နှုန်းထားနှင့်ညီမျှသည့်အတိုင်း တွက်စစ်၍ အလုပ်ရှင်ကပေးရမည်။

အရင်းအမြစ်။ ။
အပိုဒ် - ၄၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေ (၁၉၅၁)။

အများပြည်သူအလုပ်ပိတ်ရက်များအတွက်လုပ်ခ။

အလုပ်သမားတိုင်းသည် ပြန်တမ်းဝင်အများပြည်သူအလုပ်ပိတ်ရက်များကို ခံစားခွင့်ရှိသည်။ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များဥပဒေကို ပြင်ဆင်သည့်ဥပဒေ (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၀၊ ၂၀၁၄) အရ အများပြည်သူအလုပ်ပိတ်ရက်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာဖြင့် နှစ်စဉ်ထုတ်ပြန်ကြေညာခဲ့သည်။ အများပြည်သူအလုပ်ပိတ်ရက် ၂၄ ရက်ခန့်ရှိသည်။ ၎င်းတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြေညာထားသည့် မြန်မာနှစ်သစ်ကူးပွဲတော် (ဧပြီ ၁၃ ရက်မှ ၂၁ ရက်အထိ) ပိတ်ရက် ၉ ရက် ပါဝင်သည်။ အများပြည်သူအလုပ်ပိတ်ရက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
လွတ်လပ်ရေးနေ့ - ဇန်နဝါရီလ (၄)ရက်နေ့
ပြည်ထောင်စုနေ့ - ဖေဖော်ဝါရီလ (၁၂)ရက်နေ့
တောင်သူလယ်သမားနေ့ - မတ်လ (၂)ရက်နေ့
တပေါင်းလပြည့်နေ့ - မတ်လ (၂၄)ရက်နေ့
တပ်မတော်နေ့ - မတ်လ (၂၇)ရက်နေ့
မြန်မာနှစ်သစ်ကူးပိတ်ရက်များ - ဧပြီလ (၁၃ - ၂၁)
အလုပ်သမားနေ့ - မေလ (၁)ရက်နေ့
ကဆုန်လပြည့်နေ့ - မေလ (၂၂)ရက်နေ့
အာဇာနည်နေ့ - ဇူလိုင်လ (၁၉)ရက်နေ့
ဝါဆိုလပြည့်နေ့ (ဝါဝင်) - ဇူလိုင်လ (၂၀)ရက်နေ့
သီတင်းကျွတ်လပြည့်နေ့ (ဝါထွက်) - အောက်တိုဘာလ (၁၆-၁၈)ရက်နေ့
တန်ဆောင်မုန်းလပြည့်နေ့ - နိုဝင်ဘာလ (၁၅)ရက်နေ့
အမျိုးသားအောင်ပွဲနေ့ - နိုဝင်ဘာလ (၂၅)ရက်နေ့
ခရစ်စမတ်နေ့ - ဒီဇင်ဘာ (၂၅)ရက်နေ့
ကရင်နှစ်သစ်ကူးနေ့ - ဒီဇင်ဘာလ (၃၀)ရက်နေ့
ဒီပါဝလီနေ့ - အောက်တိုဘာလ (xx)ရက်နေ့
ဘက္ကရီးအစ်နေ့ - နိုဝင်ဘာလ (xx)ရက်နေ့
အီဒုလ်အဿဟာနေ့ (ကုရ်ဘာနီအီးဒ်)နေ့ (တစ်ရက်) နှင့် ဒီပါဝလီနေ့ (တစ်ရက်) ပွဲတော်ကို သတင်းစာများတွင် အများပြည်သူအလုပ်ပိတ်ရက်များ (လူနည်းစုများအတွက်သာ) အဖြစ် ကြေညာပါသည်။ ဗုဒ္ဓဘာသာဝင်မဟုတ်သည့် အလုပ်သမားများအတွက် အလုပ်ရှင်နှင့် အလုပ်သမားများ အချင်းချင်း သဘောတူညီချက်အတိုင်း သက်ဆိုင်ရာ ဘာသာရေးအခါရက်ကြီးများကို လစာမရှိ အလုပ်ပိတ်ရက်အဖြစ်ဖြင့် ခွင့်ပြုနိုင်သည်။

အများပြည်သူအလုပ်ပိတ်ရက်တစ်ရက်သည် ရက်သတ္တပတ် အလုပ်ပိတ်ရက်နှင့်ဖြစ်စေ၊ အခြားအများပြည်သူအလုပ်ပိတ်ရက် နှင့်ဖြစ်စေ တိုက်ဆိုင်နေလျှင် အခြားနေ့တနေ့ကို အများပြည်သူအလုပ်ပိတ်ရက်အဖြစ်ဖြင့် ပြောင်းလဲ၍ခွင့်မပြုရ။ ထိုသို့တိုက်ဆိုင်သည့်အလုပ်ပိတ်ရက်ကို အများပြည်သူအလုပ်ပိတ်ရက်ဖြစ်သည်ဟု ယူဆရမည်။ သို့ရာတွင် အလုပ်သမားသည် အများပြည်သူအလုပ်ပိတ်ရက်တွင် အလုပ်လုပ်ရလျှင် ထိုအလုပ်သများအား သက်ဆိုင်ရာ အခြေခံအခကြေးငွေကိုသော်၎င်း၊ အခြေခံလစာငွေကိုသော်၎င်း၊ ထိုနေ့အတွက် ပေးမြဲနှုန်း၏ နှစ်ဆရထိုက်စေရမည့်အပြင်၊ ရှားပါးစရိတ်ရနေလျှင် ထိုနေ့အတွက် ပေးမြဲနှုန်းအတိုင်း ရှားပါးစရိတ်ကိုလည်း ရထိုက်စေရမည်။ အလုပ်ရှင်များသည် ဗုဒ္ဓဘာသာဝင်မဟုတ်သော အလုပ်သမားများအား ၎င်းတို့၏ ဘာသာရေးပွဲတော်များတွင် အခကြေးငွေမပေးဘဲ အားလပ်ရက်များ ပေးဆောင်ရန် သဘောတူနိုင်သည်။ လထွက်သောရက်များသည် နှစ်တိုင်းပြောင်းလဲနိုင်ပါသည်။

အရင်းအမြစ်။ ။
အပိုဒ် - ၃၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေ (၁၉၅၁)။
အမိန့်ကြေငြာစာအမှတ် - ၁ /၂၀၀၇၊ ရက်စွဲ - ၁၆ ဖေဖေါ်ဝါရီ၊ ၂၀၀၇။

ရက်သတ္တပါတ်နားရက်များ။

ဥပေဒအရရက်သတ္တပါတ်တစ်ပါတ်လျှင်ပိတ်ရက်အနည်းဆုံး (၁)ရက်ရှိရမည်။ ဆိုင်များနှင့်အလုပ်ဌာနများဥပဒေ (၂၀၁၆)အရ အလုပ်သမားဝန်ထမ်းသည် ရက်သတ္တတစ်ပါတ်လျှင် (၁)ရက်လုပ်ခလစာဖြင့်နားရက်ရရှိရမည်။ အလုပ်သမားတိုင်း တစ်ပတ်လျှင် တစ်ရက် လုပ်အားခအပြည့်နှင့် နားခွင့်ပေးထားသော အလားတူ ပြဋ္ဌာန်းချက်များကို အနည်းဆုံးအခကြေးငွေဥပဒေ ၂၀၁၃ တွင်လည်း တွေ့ရသည်။

အလုပ်ရုံများ အက်ဥပဒေအရ တနင်္ဂနွေနေ့ကို တစ်ပတ်လုံး၏ အားလပ်ရက်အဖြစ်သတ်မှတ်သည်။ အလားတူ ပြဋ္ဌာန်းချက်များကို အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ် အသစ်ထုတ်ပြန်မှုတွင်လည်း တွေ့ရသည်။ လုပ်ငန်းသဘောသဘာဝအရ လိုအပ်လျှင် အလုပ်ရှင်နှင့် အလုပ်သမားကြား သဘောတူညီမှုအရ ကြားရက်များကိုလည်း အားလပ်ရက်အဖြစ် သတ်မှတ်နိုင်သည်။

ခွင့်ရက်နှင့် အားလပ်ရက် ဥပဒေအရ အလုပ်သမားများသည် တစ်နှစ်လျှင် ရှောင်တခွင်ခွင့် (၆) ရက်ကို လုပ်အားအပြည့်ဖြင့် ခံစားခွင့်ရှိသည်။ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်နည်းဥပဒေများ ၂၀၁၈ အရ အလုပ်သမားသည် အလုပ်စတင်ဝင်ရောက်သည့်အချိန်မှ လုပ်သက်နှစ်လပြည့်သည့်အခါတိုင်း ရှောင်တခင်ခွင့် တစ်ရက်နှုန်းကို သက်ဆိုင်ရာနှစ်အတွင်း သက်ဆိုင်ရာ အခကြေးငွေ သို့မဟုတ် အခြေခံလစာငွေအပြည့်ဖြင့် ခံစားခွင့်ရှိသည်။ သို့ရာတွင် လုပ်သက်နှစ်လမပြည့်သော်လည်း ခိုင်လုံသောအကြောင်းပြချက်ရှိပါက ရှောင်တခင်ခွင့်ရက်ကို အလုပ်ရှင်က ခံစားခွင့်ပြုရမည်။ ဘာသာရေးကိစ္စများနှင့် မလွဲမရှောင်သာသော လူမှုရေးကိစ္စများမှတပါး ရှောင်တခွင်ခွင့်များကို တစ်ကြိမ်လျှင် ၃ ရက် ဆက်တိုက်ထက် ပို၍ မယူရပါ။ ရှောင်တခွင်ခွင့်များကို လာမည့်နှစ်သို့ သယ်ဆောင်ခွင့်မရှိသည့်အပြင် (နှစ်ပတ်လည်ခွင့် သို့မဟုတ် နာမကျန်းခွင့် သို့မဟုတ် မီးဖွားခွင့်တို့ကဲ့သို့) အခြား မည်သည့်ခွင့်အမျိုးအစားနှင့်မဆို ပူးတွဲပြီး မယူရပါ။ ရှောင်တခင်ခွင့်ရက်ကို တစ်ကြိမ်လျှင် အများဆုံးသုံးရက်ထိခံစားနိုင်ပြီး သုံးရက်ထက် ကျော်လွန် ခံစားရန် အကြောင်းထူးရှိပါက အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် ခွင့်ပေးပိုင်ခွင့်ရှိသူထံသို့ ခိုင်လုံသော အကြောင်းပြချက်ဖြင့် တင်ပြပါက သုံးရက်ထက်ကျော်လွန်သည့် ရှောင်တခင်ခွင့်ရက်ကို ခွင့်ပြုနိုင်သည်။

အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်အရ အလုပ်သမားများ၏မိသားစုဝင် သို့မဟုတ် မိဘနာရေးကိစ္စဖြစသည့်အခါ အနည်းဆုံးအခကြေးငွေမှ ဖြတ်တောက်ခြင်းမပြုဘဲ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်လုပ်ပိတ်ရက် အက်ဥပဒေအရ ခံစားခွင့်ရှိသည်။ အလုပ်သမား၏ဥပဒေပါခွင့်ခံစားမှုကုန်ဆုံးချိန်တွင် လစာမဲ့ခွင့်အနေဖြင့် ညှိနှိုင်းခံစားခွင့်ရှိသည်။

အရင်းအမြစ်။ ။
အပိုဒ် - ၁၅၊ ဆိုင်များနှင့်အလုပ်ဌာနများဥပဒေ (၂၀၁၆)
အပိုဒ် - ၆၀၊ အလုပ်ရုံများအက်ဥပဒေ ၁၉၅၁
အပိုဒ် - ၁၄၊ အနည်းဆုံးအခကြေးငွေဥပဒေ (ဥပဒေအမှတ် - ၇/၂၀၁၃)
အပိုဒ် - ၅-၆၊ ခွင့်နှင့် အားလပ်ရက်ခံစားခွင့် ဥပဒေ ၁၉၅၁
အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ် ၂၀၁၇

လုပ်သက်ခွင့်နှင့် အားလက်ရက်များဆိုင်ရာ စည်းမျဉ်းများ။

  • ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေကို ပြင်ဆင်သည့်ဥပေဒ (၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၂) / The Law Amending the Factories Act, 1951 (The Pyidaungsu Hluttaw Law No. 12, 2016)
  • ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ ၂၀၁၆ / Shops and Establishments Act 2016
  • ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၀) / The Law Amending the leave and Holiday Act, 1951 (The Pyidaungsu Hluttaw Law No. 30, 2014[KMMM5] )
  • အနည်းဆုံးအခကြေးငွေဥပဒေ (ဥပဒေအမှတ် - ၇/၂၀၁၃) / Minimum Wage Law (No. 7 of 2013)

ဆက်စပ်သည့်အကြောင်းအရာများ။

လျော်ကြေးနှင့် အလုပ်ချိန် အလုပ်နှင့် အခကြေးငွေ ကိုယ်ဝန်ဆောင်မိခင် နှင့် အလုပ်တာဝန် နာမကျန်းခွင့် လစာစစ်ဆေးမှု
Related pages
အလုပ်နှင့် အခကြေးငွေလျော်ကြေးနှင့် အလုပ်ချိန်လုပ်သက်ခွင့်နှင့် အားလက်ရက်များ။စာချုပ်များနှင့် ထုပ်ပယ်မှုများ။အကြောင်းကြားစာ နှင့် အလုပ်ထုတ် နစ်နာကြေး။မိသားစုတာဝန် များ။ကိုယ်ဝန်ဆောင်မိခင် နှင့် အလုပ်တာဝန်အလုပ်အကိုင်ကာကွယ်ရေးကလေးနို့တိုက် ခြင်း။ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနာမကျန်းခွင့်လုပ်ငန်းခွင်အတွင်းထိခိုက်နစ်နာမှုအကျိုးခံစားခွင့်။လူမှုဖူလုံရေးအလုပ်လက်မဲ့အကျိုးခံစားခွင့်သင့်တင့်လျောက်ပတ်စွာ ပြုမူပြောဆိုဆက်ဆံမှု။လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှု။ကလေးသူငယ်များနှင့် လူငယ်များ။အဓမ္မအလုပ်ခိုင်းစေခြင်းအလုပ်သမားသမဂ္ဂများ

Cite this page: © WageIndicator 2026  –  မြန်မာ  –  လုပ်သက်ခွင့်၊ အားလပ်ရက် လုပ်ခ၊ ရက်သတ္တပါတ်နားရက်။
FacebookLinkedin
WageIndicator အကြောင်း ပိုမိုသိရှိရန်
WageIndicator အဖွဲ့နှင့် ဆက်သွယ်ပြီး ကျွန်ုပ်တို့၏ လုပ်ငန်းများအကြောင်း ပိုမို သိရှိလိုက်ပါ။
ဆက်ဖတ်ရန် ဆက်ဖတ်ရန်
arrow
ဆက်သွယ်ရန် ဆက်သွယ်ရန်
arrow
WageIndicator Logo
WageIndicator မြန်မာနိုင်ငံ
လက်တွေ့အသုံးချနေသော ဒေတာများ
WageIndicator Foundation သည် ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်သော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အနည်းဆုံးအခကြေးငွေ၊ ဖူလုံသည့်လုပ်အားခများ၊ လူနေမှုစရိတ်နှုန်းထားများ နှင့် ဖူလုံသည့်ဝင်ငွေ၊ လုပ်ခလစာများ၊ အလုပ်သမားဥပဒေ၊ စုပေါင်းညှိနှိုင်းတောင်းဆိုမှု သဘောတူညီချက်များ နှင့် ကမ္ဘာတစ်ဝှမ်းရှိ Gig နှင့် ပလက်ဖောင်း အခြေပြု အလုပ်အကိုင်များဆိုင်ရာ အချက်အလက်များကို စုဆောင်းခြင်း၊ နှိုင်းယှဉ်ခြင်းနှင့် မျှဝေခြင်းတို့ကို ဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ နိုင်ငံနှင့် နယ်မြေပေါင်း ၂၀၈ ခုတွင် လှုပ်ရှားဆောင်ရွက်လျက် ရှိပါသည်။
အလုပ်နှင့်ဒေတာ
အနည်းဆုံးအခကြေးငွေ
ဖူလုံသည့်လုပ်အားခများ
လစာစစ်တမ်း
အလုပ်သမားဥပဒေ
စုပေါင်းသဘောတူညီချက်များ
ဒေတာနှင့် ဝန်ဆောင်မှုများ
နောက်ဆုံးထွက် အပ်ဒိတ်များ
စီမံကိန်းများ
ပွဲများ
သတင်း
စာတမ်းများ
ကျွန်ုပ်တို့အကြောင်း
ကျွန်ုပ်တို့အကြောင်း
ကျွန်ုပ်တို့နှင့်အတူ အလုပ်လုပ်ရန်
ကျွန်ုပ်တို့၏ မူဝါဒများနှင့် အစီအစဉ်များ
သတင်းမီဒီယာခန်းမ
FacebookInstagramLinkedinYoutube
Privacy PolicyCookies StatementWebsite Terms & ConditionsAccessibilityPowered by the WageIndicator Foundation