• Back to the Global website
WageIndicator Logo
မြန်မာနိုင်ငံတွင် အလုပ်လုပ်သည်Chevron
ကျွန်ုပ်တို့ လုပ်ဆောင်သည့်အရာများChevron
ကျွန်ုပ်တို့အကြောင်းChevron
Search
ဆက်သွယ်ရန်
arrow
မြန်မာနိုင်ငံတွင် အလုပ်လုပ်သည်
Explore this section to learn more.
ဖူလုံသည့်လုပ်အားခများ
အနည်းဆုံးအခကြေးငွေ
လစာArrow
အလုပ်သမား ဥပဒေArrow
လစာစစ်တမ်း
လစာစစ်ဆေးမှု
အလုပ်နှင့် အခကြေးငွေ
လျော်ကြေးနှင့် အလုပ်ချိန်
လုပ်သက်ခွင့်နှင့် အားလက်ရက်များ။
စာချုပ်များနှင့် ထုပ်ပယ်မှုများ။
မိသားစုတာဝန် များ။
ကိုယ်ဝန်ဆောင်မိခင် နှင့် အလုပ်တာဝန်
ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး
နာမကျန်းခွင့်
လူမှုဖူလုံရေး
သင့်တင့်လျောက်ပတ်စွာ ပြုမူပြောဆိုဆက်ဆံမှု။
အလုပ်သမားသမဂ္ဂများ
Explore all topics
ကျွန်ုပ်တို့ လုပ်ဆောင်သည့်အရာများ
Explore this section to learn more.
ဒေတာနှင့် ဝန်ဆောင်မှုများ
စီမံကိန်းများ [ENG]
အခမ်းအနားများ [ENG]
ထုတ်ဝေစာများ [ENG]
သတင်းနှင့် အကြောင်းအရာများ [ENG]
ကျွန်ုပ်တို့အကြောင်း
Explore this section to learn more.
ကျွန်ုပ်တို့အကြောင်းArrow
ကျွန်ုပ်တို့၏ မိတ်ဖက်များ [ENG]
ကျွန်ုပ်တို့ လုပ်ဆောင်ရာနေရာများ [ENG]
ကျွန်ုပ်တို့၏ မူဝါဒများနှင့် အစီအစဉ်များ [ENG]
သတင်းမီဒီယာခန်းမ [ENG]
ဆက်သွယ်ရန် [ENG]
ကျွန်ုပ်တို့နှင့် အတူလုပ်ကိုင်ပါ [ENG]
အလုပ်သင်အခွင့်အလမ်းများ [ENG]
ကျွန်ုပ်တို့၏ သမိုင်းကြောင်း
ဒေတာအသုံးပြုသူများ
Scroll left
Scroll right
  1. မြန်မာနိုင်ငံ
  2. မြန်မာနိုင်ငံတွင် အလုပ်လုပ်သည်
  3. အလုပ်သမား ဥပဒေ
  4. ကိုယ်ဝန်ဆောင်မိခင် နှင့် အလုပ်တာဝန်

ကိုယ်ဝန်ဆောင်မိခင် နှင့် အလုပ်တာဝန်

ဤစာမျက်နှာကို နောက်ဆုံးပြင်ဆင်သည့်ရက်စွဲမှာ - 2025-01-21

မွေးဖွားခွင့်။

လူမှုဖူလုံရေးအာမခံထားသူ အမျိုးသမီးအလုပ်သမားသည် စုစုပေါင်း အနည်းဆုံး ရက်သတ္တပတ် ၁၄ ပတ်အထိ မီးဖွားခွင့်ကို ခံစားခွင့်ရှိသည်။ လူမှုဖူလုံရေးအာမခံရှိသူဖြစ်စေ၊ မရှိသူဖြစ်စေ ကိုယ်ဝန်ဆောင်အလုပ်သမားတစ်ဦးသည် မီးမဖွားမီ ရက်သတ္တပတ် ခြောက်ပတ်နှင့် မီးဖွားပြီးနောက် အနည်းဆုံး ရက်သတ္တပတ် ရှစ်ပတ် မီးဖွားခွင့်ကို ခံစားခွင့်ရှိသည်။ အမြွှာကလေးမွေးပါက မီးဖွားခွင့်ခံစားပြီးနော်က ကလေးစောင့်ရှောက်ရန် ရက်သတ္တပတ် လေးပတ်ကို ဆက်လက်ခံစားခွင့်ရှိသည်။ ပြစ်ဒဏ်ထိုက်သင့်သည် ကိုယ်ဝန်ပျက်စေခြင်း မဟုတ်ဘဲ ကိုယ်ဝန်ပျက်သည့် ကိစ္စတွင် အများဆုံး ရက်သတ္တပတ်ခြောက်ပတ်အထိ မီးဖွားခွင့်အဖြစ် ခံစားခွင့်ရှိသည်။ ကိုယ်ဝန်ဆောင်စဉ် ခွင့်ပြုထားသည့် ဆေးရုံ၊ ဆေးခန်း၌ စမ်းသပ်စစ်ဆေး ပြသနိုင်ရန်အတွက် တစ်ကြိမ်လျှင် တစ်ရက်နှုန်းဖြင့် အများဆုံး ခုနှစ်ကြိမ်အထိ လုပ်အပြည့် ခံစားခွင့် ရှိသည်။ တစ်နှစ်အောက် ကလေးကို တည်ဆဲဥပဒေနှင့်အညီ မှတ်ပုံတင်၍ မွေးစားပါက ထိုကလေး တစ်နှစ်ပြည့်သည်အထိ ပြုစုစောင့်ရှောက်ရေးအတွက် ရက်သတ္တပတ် ရှစ်ပတ်ထက်မကျော်သော ခွင့်ကို မွေးစားကလေးတစ်ဦးအတွက်သာ ခံစားခွင့်ရှိသည်။

အရင်းအမြစ်။
အပိုဒ် - ၂၅ (ဂ နှင့် ဃ)၊ လူမှုဖူလုံရေးဥပဒေ (၂၀၁၂)။

ဝင်ငွေ။

အာမခံထားသူ အမျိုးသမီးသည် မီးဖွားမှုနှင့်ဆိုင်သည့် ငွေကြေး အကျိုးခံစားခွင့်ကို ခွင့်စတင်ခံစားသည့်နေ့မတိုင်မီ သက်ဆိုင်ရာ လုပ်ငန်းဌာနတွင် အနည်းဆုံး တစ်နှစ်လုပ်ကိုင်ခဲ့သူ ဖြစ်ရမည့်အပြင် အဆိုပါ တစ်နှစ်အတွင်း အနည်းဆုံးခြောက်လအတွက် ထည့်ဝင် ကြေးပေးသွင်းပြီးသူဖြစ်မှသာ ခံစားခွင့် ရှိစေရမည်။

မီးဖွားခွင့်ကာလ (၁၄ ပတ်) အတွက် မီးဖွားမှုနှင့်ဆိုင်သည့် အကျိုး ခံစားခွင့်အဖြစ် တစ်နှစ်အတွင်း ပျမ်းမျှလုပ်ခ၏ ၇၀ ရာခိုင်နှုန်းဖြစ်သည်။ ကိုယ်ဝန်ပျက်မှုကြောင့် ခံစားခွင့်ရှိသော မီးဖွားခွင့်ကာလအတွင်း ပျမ်းမျှလုပ်ခ၏ ၇၀ ရာခိုင်နှုန်း ဖြစ်သည်။ မီးဖွားမှုအကျိုးခံစားခွင့်တွင် ကလေးတစ်ဦးမွေးဖွားပါက မီးဖွားစရိတ်လည်း ပါဝင်သည်။ ကလေးတစ်ဦးမွေးဖွားပါက မီးဖွားစရိတ်အဖြစ် ပျမ်းမျှလုပ်ခ တစ်လစာ၏ ၅၀ ရာခိုင်နှုန်း၊ အမြွှာ ကလေးနှစ်ဦးမွေးပါက မီးဖွားစရိတ်အဖြစ် ပျမ်းမျှလုပ်ခ တစ်လစာ၏ ၇၅ ရာခိုင်နှုန်း၊ အမြွှာကလေး သုံးဦးနှင့်အထက်မွေးပါက မီးဖွားစရိတ်အဖြစ် ပျမ်းမျှလုပ်ခ တစ်လစာ၏ ၁၀၀ ရာခိုင်နှုန်း ဖြစ်သည်။ အထက်ဖော်ပြပါ မီးဖွားခွင့်ကာလအတွက် မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်နှင့် မီးပွားစရိတ်များကို အာမခံထားသူ အမျိုးသမီးအလုပ်သမားသည် ဆေးသက်သေခံလက်မှတ်အရ သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်။

အရင်းအမြစ်။ အပိုဒ် - ၂၆ နှင့် ၂၇၊ လူမှုဖူလုံရေးဥပဒေ (၂၀၁၂)

အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု။

အာမခံထားသူ အမျိုးသမီးသည် ကိုယ်ဝန်ဆောင်နေစဉ်နှင့် မီးဖွားသည့်အခါ ခွင့်ပြုထားသည့် ဆေးရုံ၊ ဆေးခန်း၌ အခမဲ့ ဆေးကုသမှုခံယူခွင့် ရှိသည်။ ထိုခံစားခွင့်တွင် အတွင်းလူနာ၊ ပြင်ပလူနာ စောင့်ရှောက်မှု၊ ဆေးပစ္စည်း၊ ဓါတ်ခွဲခန်းဝန်ဆောင်မှု၊ နှင့် မြို့ပြင်ဆင်ခြေဖုံးဒေသများသို့ လွှဲပြောင်းခြင်းများရှိပါက သယ်ယူပို့ဆောင်မှုတို့ပါဝင်သည်။ လူမှုဖူလုံရေးအာမခံထားသူ အမျိုးသမီးအလုပ်သမားသည် မီးဖွားပြီး တစ်နှစ်အထိ မိမိကလေးကို ဆေးကုသမှု ခံယူခွင့်ရှိသည်။

အရင်းအမြစ်။ အပိုဒ်၂၅ (က)၊ လူမှုဖူလုံရေးဥပဒေ (၂၀၁၂)။

ကိုယ်ဝန်ဆောင်မိခင် နှင့် အလုပ်တာဝန် ဆိုင်ရာစည်းမျဉ်းများ။

  • လူမှုဖူလုံရေးဥပဒေ (၂၀၁၂) / Social Security Law 2012

ဆက်စပ်သည့်အကြောင်းအရာများ။

အလုပ်အကိုင်ကာကွယ်ရေး ကလေးနို့တိုက် ခြင်း။ မိသားစုတာဝန် များ။ နာမကျန်းခွင့် စာချုပ်များနှင့် ထုပ်ပယ်မှုများ။
Related pages
အလုပ်နှင့် အခကြေးငွေလျော်ကြေးနှင့် အလုပ်ချိန်လုပ်သက်ခွင့်နှင့် အားလက်ရက်များ။စာချုပ်များနှင့် ထုပ်ပယ်မှုများ။အကြောင်းကြားစာ နှင့် အလုပ်ထုတ် နစ်နာကြေး။မိသားစုတာဝန် များ။ကိုယ်ဝန်ဆောင်မိခင် နှင့် အလုပ်တာဝန်အလုပ်အကိုင်ကာကွယ်ရေးကလေးနို့တိုက် ခြင်း။ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနာမကျန်းခွင့်လုပ်ငန်းခွင်အတွင်းထိခိုက်နစ်နာမှုအကျိုးခံစားခွင့်။လူမှုဖူလုံရေးအလုပ်လက်မဲ့အကျိုးခံစားခွင့်သင့်တင့်လျောက်ပတ်စွာ ပြုမူပြောဆိုဆက်ဆံမှု။လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှု။ကလေးသူငယ်များနှင့် လူငယ်များ။အဓမ္မအလုပ်ခိုင်းစေခြင်းအလုပ်သမားသမဂ္ဂများ

Cite this page: © WageIndicator 2026  –  မြန်မာ  –  မီးဖွားခွင့်၊ ကိုယ်ဝန်ဆောင်ခြင်းနှင့် လုပ်ခလစာ
FacebookLinkedin
WageIndicator အကြောင်း ပိုမိုသိရှိရန်
WageIndicator အဖွဲ့နှင့် ဆက်သွယ်ပြီး ကျွန်ုပ်တို့၏ လုပ်ငန်းများအကြောင်း ပိုမို သိရှိလိုက်ပါ။
ဆက်ဖတ်ရန် ဆက်ဖတ်ရန်
arrow
ဆက်သွယ်ရန် ဆက်သွယ်ရန်
arrow
WageIndicator Logo
WageIndicator မြန်မာနိုင်ငံ
လက်တွေ့အသုံးချနေသော ဒေတာများ
WageIndicator Foundation သည် ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်သော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အနည်းဆုံးအခကြေးငွေ၊ ဖူလုံသည့်လုပ်အားခများ၊ လူနေမှုစရိတ်နှုန်းထားများ နှင့် ဖူလုံသည့်ဝင်ငွေ၊ လုပ်ခလစာများ၊ အလုပ်သမားဥပဒေ၊ စုပေါင်းညှိနှိုင်းတောင်းဆိုမှု သဘောတူညီချက်များ နှင့် ကမ္ဘာတစ်ဝှမ်းရှိ Gig နှင့် ပလက်ဖောင်း အခြေပြု အလုပ်အကိုင်များဆိုင်ရာ အချက်အလက်များကို စုဆောင်းခြင်း၊ နှိုင်းယှဉ်ခြင်းနှင့် မျှဝေခြင်းတို့ကို ဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ နိုင်ငံနှင့် နယ်မြေပေါင်း ၂၀၈ ခုတွင် လှုပ်ရှားဆောင်ရွက်လျက် ရှိပါသည်။
အလုပ်နှင့်ဒေတာ
အနည်းဆုံးအခကြေးငွေ
ဖူလုံသည့်လုပ်အားခများ
လစာစစ်တမ်း
အလုပ်သမားဥပဒေ
စုပေါင်းသဘောတူညီချက်များ
ဒေတာနှင့် ဝန်ဆောင်မှုများ
နောက်ဆုံးထွက် အပ်ဒိတ်များ
စီမံကိန်းများ
ပွဲများ
သတင်း
စာတမ်းများ
ကျွန်ုပ်တို့အကြောင်း
ကျွန်ုပ်တို့အကြောင်း
ကျွန်ုပ်တို့နှင့်အတူ အလုပ်လုပ်ရန်
ကျွန်ုပ်တို့၏ မူဝါဒများနှင့် အစီအစဉ်များ
သတင်းမီဒီယာခန်းမ
FacebookInstagramLinkedinYoutube
Privacy PolicyCookies StatementWebsite Terms & ConditionsAccessibilityPowered by the WageIndicator Foundation