• Back to the Global website
WageIndicator Logo
မြန်မာနိုင်ငံတွင် အလုပ်လုပ်သည်Chevron
ကျွန်ုပ်တို့ လုပ်ဆောင်သည့်အရာများChevron
ကျွန်ုပ်တို့အကြောင်းChevron
Search
ဆက်သွယ်ရန်
arrow
မြန်မာနိုင်ငံတွင် အလုပ်လုပ်သည်
Explore this section to learn more.
ဖူလုံသည့်လုပ်အားခများ
အနည်းဆုံးအခကြေးငွေ
လစာArrow
အလုပ်သမား ဥပဒေArrow
လစာစစ်တမ်း
လစာစစ်ဆေးမှု
အလုပ်နှင့် အခကြေးငွေ
လျော်ကြေးနှင့် အလုပ်ချိန်
လုပ်သက်ခွင့်နှင့် အားလက်ရက်များ။
စာချုပ်များနှင့် ထုပ်ပယ်မှုများ။
မိသားစုတာဝန် များ။
ကိုယ်ဝန်ဆောင်မိခင် နှင့် အလုပ်တာဝန်
ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး
နာမကျန်းခွင့်
လူမှုဖူလုံရေး
သင့်တင့်လျောက်ပတ်စွာ ပြုမူပြောဆိုဆက်ဆံမှု။
အလုပ်သမားသမဂ္ဂများ
Explore all topics
ကျွန်ုပ်တို့ လုပ်ဆောင်သည့်အရာများ
Explore this section to learn more.
ဒေတာနှင့် ဝန်ဆောင်မှုများ
စီမံကိန်းများ [ENG]
အခမ်းအနားများ [ENG]
ထုတ်ဝေစာများ [ENG]
သတင်းနှင့် အကြောင်းအရာများ [ENG]
ကျွန်ုပ်တို့အကြောင်း
Explore this section to learn more.
ကျွန်ုပ်တို့အကြောင်းArrow
ကျွန်ုပ်တို့၏ မိတ်ဖက်များ [ENG]
ကျွန်ုပ်တို့ လုပ်ဆောင်ရာနေရာများ [ENG]
ကျွန်ုပ်တို့၏ မူဝါဒများနှင့် အစီအစဉ်များ [ENG]
သတင်းမီဒီယာခန်းမ [ENG]
ဆက်သွယ်ရန် [ENG]
ကျွန်ုပ်တို့နှင့် အတူလုပ်ကိုင်ပါ [ENG]
အလုပ်သင်အခွင့်အလမ်းများ [ENG]
ကျွန်ုပ်တို့၏ သမိုင်းကြောင်း
ဒေတာအသုံးပြုသူများ
Scroll left
Scroll right
  1. မြန်မာနိုင်ငံ
  2. မြန်မာနိုင်ငံတွင် အလုပ်လုပ်သည်
  3. အလုပ်သမား ဥပဒေ
  4. စာချုပ်များနှင့် ထုပ်ပယ်မှုများ။

စာချုပ်များနှင့် ထုပ်ပယ်မှုများ။

ဤစာမျက်နှာကို နောက်ဆုံးပြင်ဆင်သည့်ရက်စွဲမှာ - 2025-01-21

အလုပ်အကိုင်ဆိုင်ရာ ရေးသားဖေါ်ပြချက်များ။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်သည် တိကျသောသက်တမ်းဖော်ပြပါရှိသည့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် သို့မဟုတ် ရက်အကန့်အသတ်ဖော်ပြပါရှိခြင်းမရှိသည့် အလုပ်ခန့်ထားမှု သဘောတူစာချုပ် ဖြစ်နိုင်ပါသည်။ ဥပဒေအရ ရေးသားထားသော အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုရမည်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ၎င်း၏ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုရန် စာချုပ်ပုံစံကို 2015 ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး အလုပ်ရှင်များအနေဖြင့် ဤစာချုပ်ပုံစံကို အသုံးပြုရန် လိုအပ်ပါသည်။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ခွင့်ပြုချက်မရှိဘဲ အဆိုပါပုံစံ၏အကြောင်းအရာများကို ပြောင်းလဲ၍ မရပါ။

အလုပ်ရှင်သည် အလုပ်သမားအား အလုပ်တစ်ခုခုကို လုပ်ကိုင်ရန် ခန့်အပ်ပြီးပါက အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ကို စာဖြင့်ရေးသားပြင်ဆင်ရန် မဖြစ်မနေ လိုအပ်ပါသည်။ ထိုစာချုပ်ကိုအင်္ဂလိပ် - မြန်မာနှစ်ဘာသာဖြင့်ရေးသားထားရမည်။ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်သည် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ 2013 ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရေးဆွဲရမည်။ အလုပ်ခန့်ထားခြင်းမပြုမီ အကြိုသင်တန်းကာလနှင့် အစမ်းခန့်ကာလ သတ်မှတ်ပါက အဆိုပါသင်တန်းသားများမှ လွဲ၍ အလုပ်ခန့်အပ်ပြီးပါက ရက်ပေါင်း ၃၀ အတွင်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ချုပ်ဆိုရမည်။

အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်တွင် ဝင်ငွေအဖြစ် သတ်မှတ်နိုင်သော အခြားငွေ၊ အလုပ်ရပ်စဲခြင်း၊ ကြာချိန်နှင့် လူမှုဖူလုံရေးအကျိုးခံစားခွင့်များဆိုင်ရာ အပိုဒ်များအတိအလင်း ဖော်ပြထားရမည်။ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်တွင် လုပ်ခ၊လစာ၊ အလုပ်အကိုင်အမျိုးအစား၊ အလုပ်အကိုင်တည်နေရာ၊ အလုပ်ချိန်၊ အားလပ်ရက်များ၊ အလုပ်ချိန်အတွင်း အစားအသောက်အစီအစဉ်၊ ဆေးဝါးကုသခြင်း၊ အလုပ်ရပ်စဲမှုဆိုင်ရာ ပြဌာန်းများ နှင့် နေရာထိုင်ခင်းနှင့် လုပ်ငန်းခွင်သို့ ကြို/ပို့ယာဉ်စီစဉ်ပေးခြင်းနှင့် ခရီးသွားလာခြင်း အစီအစဉ် (ရှိပါက) တို့ကိုထည့်သွင်းဖော်ပြရမည်။ အလုပ်ရှင်နှင့် အလုပ်သမားနှစ်ဖက် လက်မှတ်ရေးထိုးချုပ်ဆိုပြီးပါက သက်ဆိုင်ရာမြို့နယ် သို့မဟုတ် ခရိုင်ရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးသို့ အတည်ပြုချက်ရယူရမည်။ ၂၀၁၈ ခုနှစ် ဇူလိုင်လမှစတင်၍ လုပ်ငန်းများသည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်ပုံစံကို အသုံးပြုရန် လိုအပ်ပါသည်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့်သာ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်ပုံစံကို ပြုပြင်ပြောင်းလဲနိုင်သည်။

အလုပ်ရှင်မှ ၎င်းအလုပ်သမားကို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ချုပ်ရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ ခြောက်လထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်။ ထို့အပြင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်များကို အတည်မဖြစ်ဟု ယူဆရမည်။

တည်ဆဲအလုပ်သမားဥပဒေများနှင့်အညီပြင်ဆင်ခြင်းနှင့်ဖြည့်စွက်ခြင်းပြုလုပ်လိုပါက အလုပ်ရှင်နှင့်အလုပ်သမားနှစ်ဦးနှစ်ဖက်ညှိနှိုင်းဆွေးနွေးပြင်ဆင်ဖြည့်စွက်ပြီးနောက် အဆိုပါသဘောတူစာချုပ်အသစ်ကိုလည်း သက်ဆိုင်ရာမြို့နယ်အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံးများသို့ ပေးပို့ရမည်။

အရင်းအမြစ်။
အပိုဒ် - ၅ နှင့် ၃၈၊ အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (၂၀၁၃)
သြဂုတ်လ ၃၁ ရက်နေ့တွင် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ရေးဆွဲချုပ်ဆိုရန် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အမှတ် (၁ /၂၀၁၅) ကို ပယ်ဖျက်လိုက်ပြီး အမိန့်ကြော်ငြာစာအမှတ် (၁၄၀/၂၀၁၇) အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုရန်ကြေညာခြင်း ဖြင့် အစားထိုးခဲ့သည်။

သက်တမ်းဖော်ပြပါရှိသည့် အလုပ်ခန့်ထားမှုသဘောတူ စာချုပ်

တိကျသောသက်တမ်းဖော်ပြပါရှိသည့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်သည် အမြဲလုပ်ကိုင်ရသော အလုပ်သဘောသဘာဝအလုပ်များအတွက် ခွင့်ပြုထားသည်။ တိကျသောသက်တမ်းဖော်ပြပါရှိသည့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်အတွက် ဥပဒေတွင်မည်သည့်ကန့်သတ်ချက်မှ မသတ်မှတ်ထားပေ။ ထို့အပြင် သက်တမ်းတိုးရန် သတ်မှတ်ချက်လည်း မရှိပါ။ တိကျသောသက်တမ်းဖော်ပြပါရှိသည့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်သည် အချိန်ကာလအကန့်အသတ် မရှိခြင်းဖြစ်နိုင်သည်။ တရားဝင်စာချုပ်ပုံစံတွင် စာချုပ်သက်တမ်းကာလသတ်မှတ်ခြင်းကို အလုပ်ရှင်အား ခွင့်ပြုထားသည်။ တိကျသောသက်တမ်းဖော်ပြပါရှိသည့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ကို စာချုပ်သက်တမ်းမကုန်ဆုံးမီ တစ်လအလိုတွင် အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်း၍ သတ်မှတ်ကာလကို သက်တမ်းတိုးခြင်း သို့မဟုတ် ပြင်ဆင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းများ ပြုလုပ်နိုင်သည်။

အစမ်းခန့်ကာလ။

အစမ်းခန့်ကာလကို ဥပဒေတွင် သတ်မှတ်ထားခြင်းမရှိပါ။ သို့ရာတွင် ယေဘုယျအားဖြင့် အလုပ်သမားတစ်ဦး၏ အစမ်းခန့်ကာလသည် (၃)လထက် မပိုပါ။ တရားဝင်ပြဌာန်းထားသောအလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်ပုံစံတွင် အစမ်းခန့်ကာလကို (၃)လ အထိ အစမ်းခန့်ကာလအဖြစ် ဖော်ပြထားသည်။ အစမ်းခန့်ကာလပြီးနောက် အလုပ်သမားသည် ၎င်း၏ရာထူးတွင် ကျေနပ်လောက်သော စွမ်းဆောင်ရည်ပြသခဲ့လျှင် အလုပ်ရှင်သည် အလုပ်သမားအား ဆက်လက်အလုပ်ခန့်နိုင်သည်။ သို့ရာတွင် အစမ်းခန့်ကာလပြီးဆုံးပြီးနောက် အမြဲတမ်းအလုပ်ခန့်ထားရန် အလုပ်ရှင်ဘက်မှ လုပ်ဆောင်ရန် မလိုအပ်ပါ။ အလုပ်ရှင်တစ်ဦးမှ အလုပ်သမားအား အစမ်းခန့်ကာလ မလိုအပ်ဟု ယူဆပါက အတည်ပြု (အမြဲတမ်း) ဝန်ထမ်းအဖြစ် တိုက်ရိုက်ခန့်အပ်နိုင်သည်။ အလုပ်သမားအသစ်များအတွက် လေ့ကျင့်ရေး၊ အလုပ်သင်ကာလသည် အများဆုံး (၃)လ အထိ ပြဌာန်းချက်လည်း ရှိပါသည်။ အလုပ်ရှင်များသည် သီးခြားလေ့ကျင့်ရေးဆိုင်ရာသဘောတူညီချက်တစ်ရပ်ကို ထည့်သွင်းနိုင်သော်လည်း အစမ်းခန့်ကာလအတွက်မူ သဘောတူညီချက် သီးသန့်မလိုအပ်ပါ။

အရင်းအမြစ် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ပုံစံ ၂၀၁၇

အလုပ်အကိုင်လုံခြုံမှုဆိုင်ရာစည်းမျဉ်းများ

  • ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေကို ပြင်ဆင်သည့်ဥပေဒ (၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၂) / The Law Amending the Factories Act, 1951 (The Pyidaungsu Hluttaw Law No. 12, 2016)
  • ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ ၂၀၁၆ / Shops and Establishments Act 2016
  • ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၀) / The Law Amending the leave and Holiday Act, 1951 (The Pyidaungsu Hluttaw Law No. 30, 2014[KMMM5] )
  • အနည်းဆုံးအခကြေးငွေဥပဒေ (ဥပဒေအမှတ် - ၇/၂၀၁၃) / Minimum Wage Law (No. 7 of 2013)

ဆက်စပ်သည့်အကြောင်းအရာများ။

အကြောင်းကြားစာ နှင့် အလုပ်ထုတ် နစ်နာကြေး။ အလုပ်နှင့် အခကြေးငွေ ကိုယ်ဝန်ဆောင်မိခင် နှင့် အလုပ်တာဝန် နာမကျန်းခွင့်
Related pages
အလုပ်နှင့် အခကြေးငွေလျော်ကြေးနှင့် အလုပ်ချိန်လုပ်သက်ခွင့်နှင့် အားလက်ရက်များ။စာချုပ်များနှင့် ထုပ်ပယ်မှုများ။အကြောင်းကြားစာ နှင့် အလုပ်ထုတ် နစ်နာကြေး။မိသားစုတာဝန် များ။ကိုယ်ဝန်ဆောင်မိခင် နှင့် အလုပ်တာဝန်အလုပ်အကိုင်ကာကွယ်ရေးကလေးနို့တိုက် ခြင်း။ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနာမကျန်းခွင့်လုပ်ငန်းခွင်အတွင်းထိခိုက်နစ်နာမှုအကျိုးခံစားခွင့်။လူမှုဖူလုံရေးအလုပ်လက်မဲ့အကျိုးခံစားခွင့်သင့်တင့်လျောက်ပတ်စွာ ပြုမူပြောဆိုဆက်ဆံမှု။လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှု။ကလေးသူငယ်များနှင့် လူငယ်များ။အဓမ္မအလုပ်ခိုင်းစေခြင်းအလုပ်သမားသမဂ္ဂများ

Cite this page: © WageIndicator 2026  –  မြန်မာ  –  အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်
FacebookLinkedin
WageIndicator အကြောင်း ပိုမိုသိရှိရန်
WageIndicator အဖွဲ့နှင့် ဆက်သွယ်ပြီး ကျွန်ုပ်တို့၏ လုပ်ငန်းများအကြောင်း ပိုမို သိရှိလိုက်ပါ။
ဆက်ဖတ်ရန် ဆက်ဖတ်ရန်
arrow
ဆက်သွယ်ရန် ဆက်သွယ်ရန်
arrow
WageIndicator Logo
WageIndicator မြန်မာနိုင်ငံ
လက်တွေ့အသုံးချနေသော ဒေတာများ
WageIndicator Foundation သည် ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်သော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အနည်းဆုံးအခကြေးငွေ၊ ဖူလုံသည့်လုပ်အားခများ၊ လူနေမှုစရိတ်နှုန်းထားများ နှင့် ဖူလုံသည့်ဝင်ငွေ၊ လုပ်ခလစာများ၊ အလုပ်သမားဥပဒေ၊ စုပေါင်းညှိနှိုင်းတောင်းဆိုမှု သဘောတူညီချက်များ နှင့် ကမ္ဘာတစ်ဝှမ်းရှိ Gig နှင့် ပလက်ဖောင်း အခြေပြု အလုပ်အကိုင်များဆိုင်ရာ အချက်အလက်များကို စုဆောင်းခြင်း၊ နှိုင်းယှဉ်ခြင်းနှင့် မျှဝေခြင်းတို့ကို ဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ နိုင်ငံနှင့် နယ်မြေပေါင်း ၂၀၈ ခုတွင် လှုပ်ရှားဆောင်ရွက်လျက် ရှိပါသည်။
အလုပ်နှင့်ဒေတာ
အနည်းဆုံးအခကြေးငွေ
ဖူလုံသည့်လုပ်အားခများ
လစာစစ်တမ်း
အလုပ်သမားဥပဒေ
စုပေါင်းသဘောတူညီချက်များ
ဒေတာနှင့် ဝန်ဆောင်မှုများ
နောက်ဆုံးထွက် အပ်ဒိတ်များ
စီမံကိန်းများ
ပွဲများ
သတင်း
စာတမ်းများ
ကျွန်ုပ်တို့အကြောင်း
ကျွန်ုပ်တို့အကြောင်း
ကျွန်ုပ်တို့နှင့်အတူ အလုပ်လုပ်ရန်
ကျွန်ုပ်တို့၏ မူဝါဒများနှင့် အစီအစဉ်များ
သတင်းမီဒီယာခန်းမ
FacebookInstagramLinkedinYoutube
Privacy PolicyCookies StatementWebsite Terms & ConditionsAccessibilityPowered by the WageIndicator Foundation