WageIndicator Logo
မြန်မာနိုင်ငံတွင် အလုပ်လုပ်သည်Chevron
ကျွန်ုပ်တို့ လုပ်ဆောင်သည့်အရာများChevron
ကျွန်ုပ်တို့အကြောင်းChevron
Search
ဆက်သွယ်ရန်
arrow
မြန်မာနိုင်ငံတွင် အလုပ်လုပ်သည်
ဒီအပိုင်းကို စူးစမ်းရှာဖွေရန်။
ဖူလုံသည့်လုပ်အားခများ
အနည်းဆုံးအခကြေးငွေ
လစာArrow
အလုပ်သမား ဥပဒေArrow
လစာစစ်တမ်း
လစာစစ်ဆေးမှု
အလုပ်နှင့် အခကြေးငွေ
လျော်ကြေးနှင့် အလုပ်ချိန်
လုပ်သက်ခွင့်နှင့် အားလက်ရက်များ။
စာချုပ်များနှင့် ထုပ်ပယ်မှုများ။
မိသားစုတာဝန် များ။
ကိုယ်ဝန်ဆောင်မိခင် နှင့် အလုပ်တာဝန်
ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး
နာမကျန်းခွင့်
လူမှုဖူလုံရေး
သင့်တင့်လျောက်ပတ်စွာ ပြုမူပြောဆိုဆက်ဆံမှု။
အလုပ်သမားသမဂ္ဂများ
အကြောင်းအရာ အားလုံးကို စူးစမ်းရှာဖွေပါ
ကျွန်ုပ်တို့ လုပ်ဆောင်သည့်အရာများ
ဒီအပိုင်းကို စူးစမ်းရှာဖွေရန်။
ဒေတာနှင့် ဝန်ဆောင်မှုများ
စီမံကိန်းများ
အခမ်းအနားများ
ထုတ်ဝေစာများ
သတင်းနှင့် အကြောင်းအရာများ
ကျွန်ုပ်တို့အကြောင်း
ဒီအပိုင်းကို စူးစမ်းရှာဖွေရန်။
ကျွန်ုပ်တို့အကြောင်းArrow
ကျွန်ုပ်တို့၏ မိတ်ဖက်များ
ကျွန်ုပ်တို့ လုပ်ဆောင်ရာနေရာများ
ကျွန်ုပ်တို့၏ မူဝါဒများနှင့် အစီအစဉ်များ
သတင်းမီဒီယာခန်းမ
ဆက်သွယ်ရန်
ကျွန်ုပ်တို့နှင့် အတူလုပ်ကိုင်ပါ
အလုပ်သင်အခွင့်အလမ်းများ
ကျွန်ုပ်တို့၏ သမိုင်းကြောင်း
ဒေတာအသုံးပြုသူများ
Scroll left
Scroll right
  1. မြန်မာနိုင်ငံ
  2. မြန်မာနိုင်ငံတွင် အလုပ်လုပ်သည်
  3. အလုပ်သမား ဥပဒေ
  4. အလုပ်သမားသမဂ္ဂများ

အလုပ်သမားသမဂ္ဂများ

ဤစာမျက်နှာကို နောက်ဆုံးပြင်ဆင်သည့်ရက်စွဲမှာ - 2025-01-21

အလုပ်သမားသမဂ္ဂလွတ်လပ်စွာဖွဲ့စည်းခွင့်၊ သမဂ္ဂတွင်လွပ်လပ်စွာပါဝင်ခွင့်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသင်းအဖွဲ့ များသို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်ရှိသည်။ သို့သော်ထိုအခွင့်အရေးသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးဌာ ပြဌာန်းထားသည့်ဥပဒေများနှင့် မဆန့်ကျင်ရ။

အရွယ်ရောက်ပြီးအလုပ်လုပ်နိုင်သူ မည်သူမဆို မိမိလုပ်ကိုင်နေသော သက်ဆိုင်ရာလုပ်ငန်းရှိ အလုပ်သမား အဖွဲ့ အစည်းတွင်ပါဝင်ခွင့်ရှိသည်။ သမဂ္ဂဆန့်ကျင်ရေးကို ဥပဒေအရ တားမြစ်ထားသည်။

အလုပ်သမားအဖွဲ့အစည်းဥပဒေ နှင့် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ နှစ်ရပ်လုံးတွင် အလုပ်သမားသမဂ္ဂများကို အလုပ်သမား အဖွဲ့အစည်းများအဖြစ်ဖေါ်ရည်ညွှန်းပြီး၊ အခြေခံအလုပ်သမားအဖွဲ့အစည်း၊ မြို့နယ် အလုပ်သမားအဖွဲ့အစည်း၊ တိုင်းဒေသကြီး /ပြည်နယ် အလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့ချုပ် နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်တို့ကို ဤဥပဒေဖြင့် ဖွဲ့စည်းခဲ့သည်။ အလုပ်ရှင်များသည် ၎င်းတို့၏ သက်ဆိုင်ရာ လုပ်ငန်းများတွင် အလုပ်သမားများကို ကိုယ်စားပြုသည့် အလုပ်သမားအဖွဲ့အစည်းများကို အသိအမှတ်ပြုရန် လိုအပ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့နှင့် အလုပ်သမားအဖွဲ့ချုပ်တို့မှအပ အလုပ်သမားအဖွဲ့အစည်းတစ်ခုခု၏အလုပ်အမှုဆောင်အဖွဲ့သည် သက်ဆိုင်ရာမြို့နယ် မှတ်ပုံတင်အရာရှိထံ မိမိအဖွဲ့အစည်း၏ ဖွဲ့စည်းပုံစည်းမျဉ်းများကို ပူးတွဲလျက် သတ်မှတ်ချက်နှင့်အညီတင်ပြပြီး လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအမျိုးအစားအလိုက် အလုပ်သမားအဖွဲ့အစည်းအဖြစ် မှတ်ပုံငတ်ရမည်။ မှတ်ပုံတင်ရာတွင် အခြေခံအလုပ်သမားအဖွဲ့အစည်းဖြစ်ပါက (လုပ်ငန်းခွင်/ ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းခွင်နှင့်ဆိုင်သော) အဖွဲ့ဝင်များသည် သက်ဆိုင်ရာ စည်းမျဉ်းများကို သဘောတူကြောင်း ဖော်ပြ၍ ၎င်း၏တည်ထောင်သူအဖွဲ့ဝင်များက လက်မှတ်ရေးထိုးထားသည့် ပုံစံကို ပူးတွဲတင်ပြရမည်ဖြစ်သည်။ မြို့နယ်အလုပ်သမားအဖွဲ့အစည်း သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလုပ်သမားအဖွဲ့အစည်းတို့ဖြစ်ပါက သက်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း၏ အလုပ်အမှုဆောင်အဖွဲ့ဝင်များကလည်းကောင်း သက်ဆိုင်ရာဖွဲ့စည်းပုံစည်းမျဉ်းကို သဘောတူကြောင်း လက်မှတ်ရေးထိုးထားသည့်ပုံစံ ပူးတွဲပါရှိရမည်။

မှတ်ပုံတင်ရန် လျှောက်လွှာကို ဗဟိုအလုပ်အမှုဆောင် ဥက္ကဋ္ဌက လက်မှတ်ရေးထိုးရမည်။ အလုပ်သမားအဖွဲ့အစည်းသည် အခြေခံအလုပ်သမားအဖွဲ့အစည်းဖြစ်ပါက လျှောက်လွှာပုံစံထဲတွင် အောက်ပါတို့ကို ထည့်သွင်းရမည်ဖြစ်ပါသည်။ အဖွဲ့အစည်း၏ လုပ်ငန်း /အလုပ်အကိုင်အမျိုးအစား၊ အဖွဲ့အစည်း လုပ်ငန်း /အလုပ်အကိုင် တွင်လုပ်ကိုင်နေကြသောအလုပ်သမားအရေအတွက်၊ ယင်းအဖွဲ့အစည်းကို ဖွဲ့စည်းရာတွင် ထောက်ခံပါဝင်သော အလုပ်သမားများအမည်များစာရင်း တို့ဖြစ်သည်။

လျှောက်လွှာတင်သွင်းသည့် အလုပ်သမားအဖွဲ့အစည်းသည် မြို့နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အလုပ်သမားအဖွဲ့အစည်းဖြစ်ပါက၊ လျှောက်လွှာဖောင်တွင် အောက်ပါတို့ပါဝင်ရမည်- အဖွဲ့အစည်းအမည်၊ ယင်းအလုပ်သမားအဖွဲ့အစည်းကို ထောက်ခံပါဝင်သော သက်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း အရေအတွက်နှင့် ရာခိုင်နှုန်း၊ ထောက်ခံပါဝင်သော အလုပ်သမားအဖွဲ့အစည်းများ၏ ထောက်ခံချက်နှင့် အလုပ်အမှုဆောင်ကော်မီတီများလက်မှတ်ထိုးထားသော အလုပ်သမားအဖွဲ့အစည်း၏ ဖွဲ့စည်းပုံ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများ တို့ ဖြစ်သည်။

မှတ်ပုံတင်ရန်လျှောက်လွှာကို မြို့နယ်မှတ်ပုံတင်အရာရှိမှ စစ်ဆေးအတည်ပြုပြီးသည့်နောက် မှတ်ပုံတင်အရာရှိချုပ်ထံ လျှောက်လွာလက်ခံရရှိသည်မှ ရက် ၃၀ အတွင်းဆက်လက်တင်ပြရမည်။ မှတ်ပုံတင်အရာရှိချုပ်မှ တင်ပြလာသောလျှောက်လွှာကိုစစ်ဆေးပြီး လျှောက်လွှာမှတ်ပုံတင်ခြင်းကိုလက်ခံရန် သို့မဟုတ်ငြင်းပယ်ရန်ဆုံးဖြတ်ပေးသည်။

လျှောက်လွှာကို ငြင်းဆိုပါက လျှောက်လွှာကို ငြင်းဆိုရန် ဆုံးဖြတ်ချက်ချသည့်နေ့မှ ရက်ပေါင်း 90 အတွင်း အလုပ်သမားအဖွဲ့အစည်းသည် လျှောက်လွှာကို ပြန်လည်တင်ပြနိုင်သည် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံဝင်နိုင်သည်။ မှတ်ပုံတင်ထားသော အဖွဲ့အစည်းအားလုံးကို တရားဝင်ပြန်တမ်းတွင် ထုတ်ပြန်ထားသည်။

အခြေခံအလုပ်သမားအဖွဲ့အစည်းတစ်ခုအတွက် မှတ်ပုံတင်ရန် အနည်းဆုံး အဖွဲ့ဝင် 30 ဦး (နှင့် ထိုလုပ်ငန်းရှိ အလုပ်သမားအားလုံး၏ ၁၀%) လိုအပ်ပါသည်။ မြို့နယ်အလုပ်သမားအဖွဲ့အစည်းကို အနည်းဆုံး အခြေခံအလုပ်သမားအဖွဲ့အစည်း၏ ၁၀% ထောက်ခံမှသာလျှင် ဖွဲ့စည်းနိုင်သည်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းကို အနည်းဆုံး မြို့နယ်အလုပ်သမားအဖွဲ့အစည်း၏ ၁၀ ရာခိုင်နှုန်း ထောက်ခံမှသာလျှင် ဖွဲ့စည်းနိုင်သည်။ အလုပ်သမားအဖွဲ့ချုပ်ကို အနည်းဆုံး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလုပ်သမားအဖွဲ့ စည်း၏ ၁၀% ထောက်ခံမှသာလျှင် ဖွဲ့စည်းနိုင်သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့သည် အနည်းဆုံး အလုပ်သမားအဖွဲ့ချုပ်၏ ၂၀% ထောက်ခံမှသာလျှင် ဖွဲ့စည်းနိုင်သည်။

အလုပ်သမားအဖွဲ့အစည်းဥပဒေ (၂၀၁၁) အရ အလုပ်ရှင်သည် သက်ဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့၏ထောက်ခံချက်ဖြင့် တာဝန်တစ်ခုခု ပေးအပ်ခြင်းခံရသော အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးအား အခြားနည်း သဘောတူညီထားသည်မှအပ ယင်းတာဝန်ကို ထမ်းဆောင်ရန် တစ်လလျှင် နှစ်ရက်ထက်မပိုစေဘဲ ခွင့်ပြုရမည်။ ယင်းကာလကို မိမိလုပ်ငန်းရှိ မူလတာဝန်ကို ထမ်းဆောင်နေသကဲ့သို့ မှတ်ယူရမည်။

မူရင်း။
အပိုဒ် - ၃၅၄ (ဂ) ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၂၀၀၈)
အပိုဒ် - ၂(ဇ) ၊ ၉ - ၁၁ ၊ ၂၉ ၊ ၄၄(ဃ) ၊ အလုပ်သမားအဖွဲ့အစည်းဥပဒေ ၂၀၁၁
အပိုဒ် - ၁၁ - ၁၈ ၊ အလုပ်သမားအဖွဲ့အစည်း နည်းဥပဒေများ ၂၀၁၂
ညွှန်ကြားချက်အမိန့်ကြောငြာစာအမှတ် - ၁ ၊ ၂၉ ဖေဖေါ်ဝါရီ ၂၀၁၂
အပိုဒ် - ၂(ခ) ၊ အလုပ်သမားရေးရာအငြင်းပွားမှုများဖြေရှင်းရေးဥပဒေ (ဥပဒေအမှတ် - ၅/၂၀၁၂)

လွတ်လပ်စွာ စုပေါင်းညှိနှိုင်းဆွေးနွေးခြင်း။

စုပေါင်းညှိနှိုင်းတောင်းဆိုခြင်းဆိုသည်မှာ အလုပ်ရှင်များ (သို့) သူတို့၏ အဖွဲ့အစည်းများ နှင့် အလုပ်သမားအဖွဲ့အစည်းများက ၎င်းတို့၏ ဆက်ဆံရေးကိစ္စများ သို့မဟုတ် အငြင်းပွားမှုများကို တားဆီးဖြေရှင်းရေးအတွက် ဆောင်ရွက်ချက်များကို အထူးသဖြင့် လုပ်ငန်း၏ စည်းကမ်းချက်များနှင့် အခြေအနေများကို ညှိနှိုင်းဆွေးနွေးခြင်းနှင့် နှစ်ဦးနှစ်ဖက်လုံးက လက်ခံနိုင်သည့် စုပေါင်းသဘောတူညီချက်ကို ရရှိရန် ဆောင်ရွက်သည့်ဖြစ်စဉ်ကို ဆိုလိုပါသည်။ စုပေါင်းသဘောတူညီချက် ဆိုသည်မှာ - အလုပ်ရှင်(အဖွဲ့အစည်း) နှင့် အလုပ်သမားအဖွဲ့အစည်း(များ) ကြား ရှိရမည့် ဆက်ဆံရေးအခြေအနေများနှင့် ဆက်စပ်သော အလုပ်သမားများ၏ လုပ်ငန်းခွင်နှင့် အလုပ်ခန့်ထားခြင်းဆိုင်ရာ အခြေအနေများအား ဖော်ပြထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အခြေအနေများ၊ အလုပ်သမားအဖွဲ့အစည်း၏ တရားဝင်ရပ်တည်မှုကိုအသိအမှတ်ပြုခြင်း နှင့် ဆက်လက်လုပ်ကိုင်နိုင်စေရေးနှင့် အလုပ်သမားများအား လူမှုရေးဘေးအန္တရာယ်များမှ အကာအကွယ်ပေးရန်အာမခံချက်ရရှိစေခြင်း တို့အတွက်နှစ်ဦးနှစ်ဘက်ကြားအပြီးသတ်လက်မှတ်ရေးထိုးချုပ်ဆိုသောစာချုပ်ဖြစ်သည်။

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေအရ ညှိနှိုင်းရေးကော်မတီသည် အလုပ်ရှင်နှင့် အလုပ်သမား သို့မဟုတ် အလုုပ်သမား အဖွဲ့အစည်းအကြားတွင် ဆက်ဆံမှုကောင်းမွန်စေရေး၊ အလုပ်လုပ်ကိုင်မှု အခြေအနေ၊ စည်းကမ်းချက်များ ဆွေးနွေးညှိနှိုင်းရေးနှင့် အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေးတို့ကို မြှင့်တင်ဆောင်ရွက်ရမည်။

ထို့ပြင် - ဤကိစ္စသည် သဘောရိုးဖြင့်တောင်းဆိုရန် တာဝန်ရှိခြင်း မဟုတ်သော်လည်း အလုပ်သမားအဖွဲ့အစည်းဥပဒေတွင် ဖော်ပြထားသည်မှာ အလုပ်ရှင်သည် အလုပ်သမားအဖွဲ့အစည်းများက မိမိတို့အလုပ်သမားများ၏အကျိုးအတွက် အကူအညီများ တောင်းခံလာလျှင် တတ်နိုင်သရွေ့ အကူအညီပေးရမည်။ စုပေါင်းညှိနှိုင်းတောင်းဆိုမှုတွင်အကျုံးမဝင်သောသူများမှာ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ သို့မဟုတ် တပ်မတော်၏ ထိန်းချုပ်မှုအောက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းဝင်များ ပါဝင်ပါသည်။

စုပေါင်းသဘောတူချက်နှင့်ပါတ်သက်၍ မှတ်ပုံတင်ခြင်း၊ စာချုပ်သက်တမ်း၊ သက်တမ်းတိုးခြင်း၊ အတည်ဖြစ်ခြင်း၊ ပြင်ဆင်ခြင်း စသည်တို့ကို ပြဌာန်းထားခြင်းမတွေ့ရပါ။

မူရင်း။
အပိုဒ် - (၂) နှင့် (၅) ၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ (၂၀၁၂) (ဥပဒေအမှတ် - ၅/၂၀၁၂)
အပိုဒ် - ၂(က) အလုပ်သမားအဖွဲ့အစည်းဥပဒေ (၂၀၁၁) (ဥပဒေအမှတ် - ၇/၂၀၁၁)

သပိတ်မှောက်ခွင့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်တို့ကိုအာမခံထားသည်။

သပိတ်မှောက်ခြင်းဆိုသည်မှာ အလုပ်ရှင်နှင့် အလုပ်သမားအငြင်းပွားမှုတစ်ခုခုတွင် ညှိနှိုင်း၍ မရသည့် အခြေအနေ၌ လူမှုရေး (သို့) အလုပ်အကိုင်ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အလုပ်သမားအချို့ကဖြစ်စေ၊ အားလုံးကဖြစ်စေ ဆုံးဖြတ်၍ အလုပ်ကို ရပ်ဆိုင်းခြင်း၊ အလုပ်ဆက်လက်လုပ်ကိုင်ရန် ငြင်းဆန်ခြင်း၊ အလုပ်နှောင့်နှေးစေရန် ပြုလုပ်ခြင်း (သို့) ကုန်ထုတ်လုပ်မှုကို ထိခိုက်ကျဆင်းစေသည့် စုပေါင်းလုပ်ဆောင်ခြင်းများဖြစ်သည်။ အလုပ်သမားများသည် မိမိတို့အပေါ် အန္တရာယ်ကျရောက်မည်ဟု ယုတ္တိတန်စွာ ယုံကြည်သည့် အကြောင်းကြောင့် အလုပ်လုပ်ခြင်းကို ရပ်ဆိုင်ပိုင်ခွင့်နှင့် လုပ်ငန်းခွင်မှ ထွက်ခွာသွားပိုင်ခွင့် ရှိပါသည်။ ယင်းအခြေအနေကို သပိတ်မှောက်ခြင်း အနေဖြင့် မှတ်ယူခြင်း မပြုပါ။

အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွင် သပိတ်မှောက်ခြင်းပြုလိုသော အလုပ်သမားအဖွဲ့အစည်းသည် အဖွဲ့အစည်းဝင် အလုပ်သမားအများစု၏ ဆန္ဒပြုချက်အရ သက်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၏ ညွှန်ကြားချက်ဖြင့် သပိတ်မှောက်မည့်နေရက်၊ နေရာ၊ ပါဝင်မည့်ဦးရေ၊ နည်းလမ်းနှင့် သပိတ်မှောက်မည့်အချိန်ကာလကို ဖော်ပြ၍ သတ်မှတ်ချက်နှင့်အညီ သက်ဆိုင်ရာအလုပ်ရှင်နှင့် သက်ဆုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ သပိတ်မှောက်မည့်ရက်မတိုင်မီ အနည်းဆုံး ၁၄ ရက် ကြိုတင်အကြောင်းကြားရမည်။ အလုပ်သမားအဖွဲ့အစည်းဝင်အများစု၏ ဆန္ဒပြုချက်အရ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းနှင့် အကျုံးမဝင်သောလုပ်ငန်းများတွင် သပိတ်မှောက်ခြင်းပြုလိုသော အလုပ်သမားအဖွဲ့အစည်းသည် သက်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်၏ ခွင့်ပြုချက်ဖြင့် သပိတ်မှောက်မည့် နေ့ရက်၊ နေရာ၊ ပါဝင်မည့် ဦးရေ၊ နည်းလမ်းနှင့် အချိန်ကာတို့ကို ဖော်ပြ၍ သတ်မှတ်ချက်နှင့်အညီ သက်ဆိုင်ရာအလုပ်ရှင်နှင့် သက်ဆိုင်ရာညှိနှိုင်းဖျန်‌ြေဖရေးအဖွဲ့သို့ သပိတ်မှောက်မည့်ရက် မတိုင်မီ အနည်းဆုံး သုံးရက် ကြိုတင်အကြောင်းကြားရမည်။ ထို့အပြင် လုပ်ငန်းခွင်အဆင့်နှင့် လုပ်ငန်းအဆင့်ရှိ သမဂ္ဂများသည် သပိတ်မှောက်ခြင်း မစတင်မီ အဖွဲ့ချုပ်၏ ခွင့်ပြုချက်ရရှိရန် လိုအပ်ပါသည်။

အလုပ်သမားများ၏ သပိတ်မှောက်ခြင်းဆိုင်ရာ အခွင့်အရေးကို မထိခိုက်စေဘဲ အများပြည်သူ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန် ဝန်ဆောင်မှုပြုမည့် အနည်းဆုံးအရေအတွက်ကို အငြင်းပွားမှု မတိုင်မီ ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ရမည်။ ထိုသို့ဆောင်ရွက်ရာတွင် အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းများသည် သပိတ်မှောက်ခဲ့လျှင် လုပ်ငန်းခွင်တွင် ဆက်လက်လုပ်ကိုင်နေရမည့် အလုပ်သမားအရေအတွက်နှင့် ရာထူး အမျိုးအစားအပေါ် သဘောတူညီချက် ရယူထားရမည်။ ယင်းသို့ သဘောတူညီမှုမရရှိခဲ့ပါက ဝန်ဆောင်မှုပြုမည့် အနည်းဆုံးအရေအတွက်ကို စီရင်ပိုင်ခွင့်ရှိသည့် တရားရုံးတွင် ဆုံးဖြတ်ရမည်။

သက်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်သည် အလုပ်သမားအဖွဲ့အစည်းတစ်ခုခုက သပိတ်မှောက်ခွင့်ပြုရန် တင်ပြချက်နှင့် စပ်လျဉ်း၍ ခွင့်ပြု မပြုကို အလုပ်သမားအဖွဲ့အစည်းထံ အချိန်မီ အကြောင်းပြန်ကြားရမည်။

အလုပ်ပိတ်ခြင်း သို့မဟုတ် သပိတ်မှောက်ခြင်းသည် အောက်ပါ အချက်တစ်ရပ်ရပ်နှင့် ငြိစွန်းပါက ဥပဒေနှင့် ဆန့်ကျင်သော အလုပ်ပိတ် သို့မဟုတ် ဥပဒေနှင့် ဆန့်ကျင်သော သပိတ်မှောက်ခြင်းဖြစ်သည် - (က) လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှု ပြတ်တောက် ရပ်ဆိုင်းစေခြင်းဖြင့် အများပြည်သူအချို့၏ အသက်၊ ကျန်းမာရေးနှင့် လုံခြုံရေးကို ထိခိုက်စေနိုင်သော အောက်ပါ မရှိိမဖြစ် လိုအပ်သည့်ဝန်ဆောင်မှုများဖြစ်ခြင်း - (၁) ရေပေးဝေရေးလုပ်ငန်း၊ (၂) လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ (၃) မီးသတ်လုပ်ငန်း၊ (၄) ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ (၅) တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်း တို့ဖြစ်ပါသည်။

မည်သည့် လုပ်ငန်းရှင်မျှ အလုပ်သမား၏ သပိတ်မှောက်ခွင့်ကို တာမြစ်ခြင်းမပြုရ။ အလားတူပင် အလုပ်သမားအဖွဲ့အစည်းသည် သပိတ်တွင်ပါဝင်ရန် ဆန္ဒမရှိသည့်အလုပ်သမားကို အတင်းအကြပ်ပါဝင်စေခြင်းကို ဆောင်ရွက်ခွင့်မရှိပါ။ တရားဝင်သပိတ်မှောက်သူအလုပ်သမားကို အလုပ်ထုတ်ခြင်း သို့မဟုတ် တရားမဝင်အလုပ်ပိတ်ခြင်း တို့ကို ဥပဒေအရတားမြစ်ထားသည်။

မူရင်း။
အပိုဒ် - ၃၅၄(ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၂၀၀၈)
အပိုဒ် - ၂(ဆ) ၊ အပိုဒ် - ၃၈ - ၅၀ အလုပ်သမားအဖွဲ့အစည်းဥပဒေ (၂၀၁၁)
အပိုဒ် - ၄၂ ၊ လုပ်ငန်းသမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ (၂၀၁၂)

အလုပ်သမားသမဂ္ဂများဆိုင်ရာ စည်းမျဉ်းများ

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) / Constitution of Myanmar, 2008
  • အလုပ်သမားအဖွဲ့အစည်းနည်းဥပဒေ (၂၀၁၂) / Labour Organisation Rules, 2012
  • အလုပ်သမားအဖွဲ့အစည်းဥပဒေ (၂၀၁၁) / Labour Organisation Law, 2011
  • အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ (၂၀၁၂) / The Settlement of Labour Dispute Law 2012
  • အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ (၂၀၁၉) / The Second Amendment of the Settlement of Labour Dispute Law, 2019

ဆက်စပ်သည့်အကြောင်းအရာများ။

လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှု။ ကိုယ်ဝန်ဆောင်မိခင် နှင့် အလုပ်တာဝန် အလုပ်နှင့် အခကြေးငွေ အဓမ္မအလုပ်ခိုင်းစေခြင်း အနည်းဆုံးအခကြေးငွေ
ဤစာမျက်နှာကို ကိုးကားပါ: © WageIndicator 2026  –  မြန်မာ  –  အလုပ်သမားသမဂ္ဂ၊ စုပေါင်းညှိနှိုင်း ဆွေးနွေးခြင်း၊ စုပေါင်းညှိနှိုင်း သဘောတူစာချုပ်။
FacebookXLinkedInEmail
WageIndicator အကြောင်း ပိုမိုသိရှိရန်
WageIndicator အဖွဲ့နှင့် ဆက်သွယ်ပြီး ကျွန်ုပ်တို့၏ လုပ်ငန်းများအကြောင်း ပိုမို သိရှိလိုက်ပါ။
ဆက်ဖတ်ရန် ဆက်ဖတ်ရန်
arrow
ဆက်သွယ်ရန် ဆက်သွယ်ရန်
arrow
WageIndicator Logo
WageIndicator မြန်မာနိုင်ငံ
လက်တွေ့အသုံးချနေသော ဒေတာများ
WageIndicator Foundation သည် ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်သော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အနည်းဆုံးအခကြေးငွေ၊ ဖူလုံသည့်လုပ်အားခများ၊ လူနေမှုစရိတ်နှုန်းထားများ နှင့် ဖူလုံသည့်ဝင်ငွေ၊ လုပ်ခလစာများ၊ အလုပ်သမားဥပဒေ၊ စုပေါင်းညှိနှိုင်းတောင်းဆိုမှု သဘောတူညီချက်များ နှင့် ကမ္ဘာတစ်ဝှမ်းရှိ Gig နှင့် ပလက်ဖောင်း အခြေပြု အလုပ်အကိုင်များဆိုင်ရာ အချက်အလက်များကို စုဆောင်းခြင်း၊ နှိုင်းယှဉ်ခြင်းနှင့် မျှဝေခြင်းတို့ကို ဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ နိုင်ငံနှင့် နယ်မြေပေါင်း ၂၀၈ ခုတွင် လှုပ်ရှားဆောင်ရွက်လျက် ရှိပါသည်။
အလုပ်နှင့်ဒေတာ
အနည်းဆုံးအခကြေးငွေ
ဖူလုံသည့်လုပ်အားခများ
လစာစစ်တမ်း
အလုပ်သမားဥပဒေ
စုပေါင်းသဘောတူညီချက်များ
ဒေတာနှင့် ဝန်ဆောင်မှုများ
နောက်ဆုံးထွက် အပ်ဒိတ်များ
စီမံကိန်းများ
ပွဲများ
သတင်း
စာတမ်းများ
ကျွန်ုပ်တို့အကြောင်း
ကျွန်ုပ်တို့အကြောင်း
ကျွန်ုပ်တို့နှင့်အတူ အလုပ်လုပ်ရန်
ကျွန်ုပ်တို့၏ မူဝါဒများနှင့် အစီအစဉ်များ
သတင်းမီဒီယာခန်းမ
FacebookInstagramLinkedinYoutube
Privacy PolicyCookies StatementWebsite Terms & ConditionsAccessibilityPowered by the WageIndicator Foundation