• Back to the Global website
WageIndicator Logo
မြန်မာနိုင်ငံတွင် အလုပ်လုပ်သည်Chevron
ကျွန်ုပ်တို့ လုပ်ဆောင်သည့်အရာများChevron
ကျွန်ုပ်တို့အကြောင်းChevron
Search
ဆက်သွယ်ရန်
arrow
မြန်မာနိုင်ငံတွင် အလုပ်လုပ်သည်
Explore this section to learn more.
ဖူလုံသည့်လုပ်အားခများ
အနည်းဆုံးအခကြေးငွေ
လစာArrow
အလုပ်သမား ဥပဒေArrow
လစာစစ်တမ်း
လစာစစ်ဆေးမှု
အလုပ်နှင့် အခကြေးငွေ
လျော်ကြေးနှင့် အလုပ်ချိန်
လုပ်သက်ခွင့်နှင့် အားလက်ရက်များ။
စာချုပ်များနှင့် ထုပ်ပယ်မှုများ။
မိသားစုတာဝန် များ။
ကိုယ်ဝန်ဆောင်မိခင် နှင့် အလုပ်တာဝန်
ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး
နာမကျန်းခွင့်
လူမှုဖူလုံရေး
သင့်တင့်လျောက်ပတ်စွာ ပြုမူပြောဆိုဆက်ဆံမှု။
အလုပ်သမားသမဂ္ဂများ
Explore all topics
ကျွန်ုပ်တို့ လုပ်ဆောင်သည့်အရာများ
Explore this section to learn more.
ဒေတာနှင့် ဝန်ဆောင်မှုများ
စီမံကိန်းများ [ENG]
အခမ်းအနားများ [ENG]
ထုတ်ဝေစာများ [ENG]
သတင်းနှင့် အကြောင်းအရာများ [ENG]
ကျွန်ုပ်တို့အကြောင်း
Explore this section to learn more.
ကျွန်ုပ်တို့အကြောင်းArrow
ကျွန်ုပ်တို့၏ မိတ်ဖက်များ [ENG]
ကျွန်ုပ်တို့ လုပ်ဆောင်ရာနေရာများ [ENG]
ကျွန်ုပ်တို့၏ မူဝါဒများနှင့် အစီအစဉ်များ [ENG]
သတင်းမီဒီယာခန်းမ [ENG]
ဆက်သွယ်ရန် [ENG]
ကျွန်ုပ်တို့နှင့် အတူလုပ်ကိုင်ပါ [ENG]
အလုပ်သင်အခွင့်အလမ်းများ [ENG]
ကျွန်ုပ်တို့၏ သမိုင်းကြောင်း
ဒေတာအသုံးပြုသူများ
Scroll left
Scroll right
  1. မြန်မာနိုင်ငံ
  2. မြန်မာနိုင်ငံတွင် အလုပ်လုပ်သည်
  3. အလုပ်သမား ဥပဒေ
  4. သင့်တင့်လျောက်ပတ်စွာ ပြုမူပြောဆိုဆက်ဆံမှ [...]
  5. ကလေးသူငယ်များနှင့် လူငယ်များ။

ကလေးသူငယ်များနှင့် လူငယ်များ။

ဤစာမျက်နှာကို နောက်ဆုံးပြင်ဆင်သည့်ရက်စွဲမှာ - 2025-01-21

အလုပ်ခိုင်းစေနိုင်သည့်အနိမ့်ဆုံးအသက်အရွယ်။

အလုပ်အကိုင်လုပ်ကိုင်မှုအတွက် အနိမ့်ဆုံးအသက်သည် (၁၃) နှစ် ဖြစ်သည်။ လက်မှတ်ရဆရာဝန် ၏ အလုပ်လုပ်နိုင်ကြောင်းထောက်ခံချက်ဆေးစာမပါဘဲ အသက် (၁၄) နှစ် နှင့် (၁၇) နှစ်ကြား ကလေးကို မည်သည့်စက်ရုံတွင်မှအလုပ်မလုပ်စေရန်တားမြစ်ထားသည်။ ထိုကလေးအလုပ်သမားများအား တစ်နေ့လျှင်အများဆုံး (၄)နာရီ သာအလုပ်လုပ်ရမည်ပြီး ၁၈:၀၀ နာရီ မှ ၀၆:၀၀ နာရီ အချိန်အတွင်း အလုပ် မလုပ်ခိုင်းစေရ။ အလုပ်လုပ်နေသော ကလေးများ ၏ အလုပ်ချိန် ကို (၂) ဆိုင်းခွဲထားရန်၊ တစ်ဆိုင်းလျှင် နားချိန်အပါအဝင် (၅) နာရီထက်မပိုစေရ။ တနင်္ဂနွေနေ့သည် ကလေးအလုပ်သမားများအတွက်လည်း ရက်သတ္တပါတ်နားရက်ဖြစ်ပြီး ဤသတ်မှတ်ချက် များတွင်ချွင်းချက်မရှိစေရ။ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၂၊ ၂၀၁၆) အရ “ကလေး” ဆိုသည်မှာ အသက်တဆယ့်ငါးနှစ်မပြည့်သေးသူကို ဆိုလိုသည်။ အသက်ဆယ့်သုံးနှစ်မပြည့်သေးသည့် မည်သည့်ကလေးကိုမျှ အလုပ်ရုံတစ်ခုခုတွင် အလုပ်မလုပ်စေရ၊ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ။ မည်သည့်ကလေးကိုမျှ၊ အလုပ်ရုံတစ်ခု၌၊ အလုပ်လုပ်ပြီးဖြစ်သောရက်တွင်၊ အခြားအလုပ်ရုံတစ်ခု၌ ခိုင်းစေခြင်းမပြုရ၊ သို့တည်းမဟုတ် အလုပ်လုပ်ခွင့်မပြုရ။

ဆိုင်များနှင့်အလုပ်ဌာနများဥပဒေအရ အလုပ်ခိုင်းစေနိုင်သော အနိမ့်ဆုံးအသက်အရွယ်ကို (၁၄) နှစ်သို့တိုးမြှင့် ထားသည်။ (၁၄) နှစ်မှ (၁၆)နှစ်အတွင်းကလေးအလုပ်သမားများ၏ တစ်နေ့အလုပ်လုပ်ချိန်ကို အများဆုံး (၄) နာရီထက်မပိုရန်သတ်မှတ်ထားသည်။ အသက် (၁၆) နှစ်အောက်အလုပ်သမားအားအချိန်ပိုနှင့် ညဘက်အလုပ် (၁၈:၀၀ - ၀၆:၀၀ နာရီ) ခိုင်းခြင်းကို လုံးဝတားမြစ်ထားသည်။

အသက် (၁၆ - ၁၈) နှစ်အရွယ် ငယ်ရွယ်သူအလုပ်သမားသည် ဆရာဝန်၏ထောက်ခံချက်ဖြင့် ဘေးကင်းလုံခြုံ သောနေရာတွင်အလုပ်လုပ်နိုင်သည်။ သူ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအပေါ်တွင် ထိခိုက်သက် ရောက်မှုလုံးဝမရှိစေရ။ ထို့ပြင်အလုပ်သမားငယ်သည် လုပ်ကိုင်ရမည့်သက်ဆိုင်ရာလုပ်ငန်းနှင့်ပါတ်သက်ပြီး ကျွမ်းကျင်မှုသင်တန်းရရှိပြီးဖြစ်ရမည့်အပြင် ၊ အလုပ်ခွင်တွင်း ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် ညွှန်ကြားချက်များကိုကောင်းစွာနားလည်လိုက်နာနိုင်ရမည်ဖြစ်ပြီး ၊ အလုပ်လုပ်နိုင်အောင်ကျန်းမာသန်စွမ်းခြင်း နှင့်ပြည့်စုံရမည်။

ကလေးသူငယ်များဆိုင်ရာဥပဒေကဆိုသည်မှာ - ကလေးတိုင်းသည် ဥပဒေနှင့်အညီသူ၏ကိုယ်ပိုင်ရွေးချယ်မှုဖြင့် အလုပ်လုပ်နိုင်ခွင့်ရှိသည်။ ဥပဒေကပြဌာန်းသော အလုပ်အကိုင်ရရှိခွင့် ၊ နားခွင့် ၊ အပန်းဖြေခွင့် နှင့် အခြားသော အခွင့်အရေးများရှိသည်။ ဥပဒေကထပ်မံဆိုသည်မှာ - အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ထိုကလေးအလုပ် သမားများ အလုပ်ခွင်အတွင်း ဘေးကင်းလုံခြုံရေး၊ ကိုယ်ပိုင်အခွင့်အရေးများထိပါးခြင်း၊ ဆုံးရှုံးခြင်း မခံရစေရေး အတွက် ဥပဒေအရ အကာအကွယ်ပေးရန်၊ လုံခြုံမှုရှိစေရန် တာဝန်ရှိသည်။

နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက ကလေးများအတွက် အခမဲ့ အခြေခံပညာရေး သင်ယူရရှိစေဖို့ အာမခံပေးထားသည်။ မသင်မနေရပညာရေးစံနစ်အတွက်သတ်မှတ်ထားသောအသက်အရွယ်မှာမူ (၁၀) နှစ် ဖြစ်သည်။

အလုပ်ရုံများဥပဒေအရ အသက် ၁၄ နှစ်အနည်းဆုံးရှိသော ကလေးများကို (ကလေးလုပ်သားအဖြစ် ကန့်သတ်အလုပ်များကိုသာ လုပ်ကိုင်စေရန်) နှင့် အသက် ၁၆ နှစ်အရွယ် ကလေးများကို (လူကြီးလုပ်သားအဖြစ်) အလုပ်ခန့်အပ်ရန်အတွက် ဆရာဝန်ထံမှ ထောက်ခံစာယူရပါသည်။ ထောက်ခံစာ၏သက်တမ်းသည် ၁၂ လ ဖြစ်သည်။

အရင်းအမြစ် ။ အပိုဒ် - ၂၈ နှင့် ၃၆၆ ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၂၀၀၈) အပိုဒ် - ၁၃ - ၁၄ ၊ ဆိုင်များနှင့်အလုပ်ဌာနများဥပဒေ (၂၀၁၆) အပိုဒ် - ၂၄ (က)(ခ) ၊ ကလေးသူငယ်များဆိုင်ရာဥပဒေ (၁၉၉၃) အပိုဒ် - ၇၅ - ၈၃ ၊ အလုပ်ရုံများအက်ဥပဒေ (၁၉၅၁)

ဘေးအန္တရာယ်ရှိသောအလုပ်များခိုင်းစေရေးအတွက်အနိမ့်ဆုံးအသက်အရွယ်။

ဘေးအန္တရာယ်ရှိသောအလုပ်များခိုင်းစေရေးအတွက်အနိမ့်ဆုံးအသက်အရွယ်သည် ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေ အရ (၁၈) နှစ်ဖြစ်သည်။ အသက် (၁၈) နှစ်မပြည့်သေးသူကို ဘေးအန္တရာယ်ရာယ်ရှိသောအလုပ်များတွင် အလုပ်လုပ်စေခြင်း၊ စေခိုင်းခြင်း မပြုလုပ်ရ။ ဘေးအန္တရာယ်ရှိသောလုပ်ငန်းခွင်နေရာတွင်အလုပ်မလုပ်စေရ။

ကလေးသူငယ်အခွင့်အရေဂများဆိုင်ရာဥပဒေအရ - သူ(မ) ၏ အသက်အန္တရာယ်ရှိသော၊ ရောဂါတစုံတရာဖြစ်စေနိုင်သော၊ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်စေနိုင်သော အလုပ်မျိုးကိုလုပ်ရန် ကလေးအလုပ်သမားအား ခွင့်ပြုခြင်း၊ ခိုင်းစေခြင်းကို တားမြစ်ထားသည်။

ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ (၂၀၁၆) အရ အသက် (၁၆) နှစ်အောက်အလုပ်သမားအား အချိန်ပိုအလုပ်၊ ညပိုင်းအလုပ် (၁၈:၀၀ - ၀၆:၀၀ နာရီအတွင်း) ခိုင်းစေမှုကိုတားမြစ်ထားသည်။ အလုပ်ချိန်နှင့် ညဘက်အလုပ်လုပ်ခွင့် တားမြစ်ခြင်းဆိုင်ရာ အလားတူပြဌာန်းချက်များကို အလုပ်ရုံများအက်ဥပဒေတွင်လည်း တွေ့နိုင်သည်။

အရင်းအမြစ် ။ အပိုဒ် - ၁၃ - ၁၄ ၊ ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ (၂၀၁၆)
အပိုဒ် - ၆၅(က) ၊ ကလေးသူငယ်များဆိုင်ရာဥပဒေ (၁၉၉၃)
အပိုဒ် - ၂၄-၂၉၊ ၅၉-၆၀ နှင့် ၇၅ ၊ အလုပ်ရုံများအက်ဥပဒေ ၁၉၅၁

ကလေးသူငယ်များနှင့် လူငယ်များ ဆိုင်ရာ စည်းမျဉ်းများ။

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) / Constitution of Myanmar, 2008
  • ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ ၂၀၁၆ / Shops and Establishments Act 2016
  • ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ၂၀၁၉ / Child Rights Law 2019
  • ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေကို ပြင်ဆင်သည့်ဥပေဒ (၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၂) / The Law Amending the Factories Act, 1951 (The Pyidaungsu Hluttaw Law No. 12, 2016)

ဆက်စပ်သည့်အကြောင်းအရာများ။

သင့်တင့်လျောက်ပတ်စွာ ပြုမူပြောဆိုဆက်ဆံမှု။
Related pages
အလုပ်နှင့် အခကြေးငွေလျော်ကြေးနှင့် အလုပ်ချိန်လုပ်သက်ခွင့်နှင့် အားလက်ရက်များ။စာချုပ်များနှင့် ထုပ်ပယ်မှုများ။အကြောင်းကြားစာ နှင့် အလုပ်ထုတ် နစ်နာကြေး။မိသားစုတာဝန် များ။ကိုယ်ဝန်ဆောင်မိခင် နှင့် အလုပ်တာဝန်အလုပ်အကိုင်ကာကွယ်ရေးကလေးနို့တိုက် ခြင်း။ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနာမကျန်းခွင့်လုပ်ငန်းခွင်အတွင်းထိခိုက်နစ်နာမှုအကျိုးခံစားခွင့်။လူမှုဖူလုံရေးအလုပ်လက်မဲ့အကျိုးခံစားခွင့်သင့်တင့်လျောက်ပတ်စွာ ပြုမူပြောဆိုဆက်ဆံမှု။လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှု။ကလေးသူငယ်များနှင့် လူငယ်များ။အဓမ္မအလုပ်ခိုင်းစေခြင်းအလုပ်သမားသမဂ္ဂများ

Cite this page: © WageIndicator 2026  –  မြန်မာ  –  ကလေးလုပ်သား၊ လူငယ် အလုပ်သမားများ။
FacebookLinkedin
WageIndicator အကြောင်း ပိုမိုသိရှိရန်
WageIndicator အဖွဲ့နှင့် ဆက်သွယ်ပြီး ကျွန်ုပ်တို့၏ လုပ်ငန်းများအကြောင်း ပိုမို သိရှိလိုက်ပါ။
ဆက်ဖတ်ရန် ဆက်ဖတ်ရန်
arrow
ဆက်သွယ်ရန် ဆက်သွယ်ရန်
arrow
WageIndicator Logo
WageIndicator မြန်မာနိုင်ငံ
လက်တွေ့အသုံးချနေသော ဒေတာများ
WageIndicator Foundation သည် ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်သော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အနည်းဆုံးအခကြေးငွေ၊ ဖူလုံသည့်လုပ်အားခများ၊ လူနေမှုစရိတ်နှုန်းထားများ နှင့် ဖူလုံသည့်ဝင်ငွေ၊ လုပ်ခလစာများ၊ အလုပ်သမားဥပဒေ၊ စုပေါင်းညှိနှိုင်းတောင်းဆိုမှု သဘောတူညီချက်များ နှင့် ကမ္ဘာတစ်ဝှမ်းရှိ Gig နှင့် ပလက်ဖောင်း အခြေပြု အလုပ်အကိုင်များဆိုင်ရာ အချက်အလက်များကို စုဆောင်းခြင်း၊ နှိုင်းယှဉ်ခြင်းနှင့် မျှဝေခြင်းတို့ကို ဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ နိုင်ငံနှင့် နယ်မြေပေါင်း ၂၀၈ ခုတွင် လှုပ်ရှားဆောင်ရွက်လျက် ရှိပါသည်။
အလုပ်နှင့်ဒေတာ
အနည်းဆုံးအခကြေးငွေ
ဖူလုံသည့်လုပ်အားခများ
လစာစစ်တမ်း
အလုပ်သမားဥပဒေ
စုပေါင်းသဘောတူညီချက်များ
ဒေတာနှင့် ဝန်ဆောင်မှုများ
နောက်ဆုံးထွက် အပ်ဒိတ်များ
စီမံကိန်းများ
ပွဲများ
သတင်း
စာတမ်းများ
ကျွန်ုပ်တို့အကြောင်း
ကျွန်ုပ်တို့အကြောင်း
ကျွန်ုပ်တို့နှင့်အတူ အလုပ်လုပ်ရန်
ကျွန်ုပ်တို့၏ မူဝါဒများနှင့် အစီအစဉ်များ
သတင်းမီဒီယာခန်းမ
FacebookInstagramLinkedinYoutube
Privacy PolicyCookies StatementWebsite Terms & ConditionsAccessibilityPowered by the WageIndicator Foundation