လူမှုဖူလုံရေး

ဤစာမျက်နှာကို နောက်ဆုံးပြင်ဆင်သည့်ရက်စွဲမှာ - 2025-01-21

သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်

အသက် ၆၀ ပြည့်သော အာမခံထားသူ (အမျိုးသား၊ အမျိုးသမီး နှစ်ယောက်စလုံးအတွက်) သက်ပြည့်အငြိမ်းစားယူသည့်အခါ ထိုသူသည် သက်ပြည့်အငြိမ်းစား ခံစားခွင့်ရသည့်နေ့ မတိုင်မီ ထည့်ဝင်ကြေးငွေကို လပေါင်း ၁၈၀ ပေးသွင်းပြီး ဖြစ်လျှင် ထိုအာမခံထားသူ ထည့်ဝင်ကြေးငွေ ပေးသွင်းခဲ့သော ကာလများတွင် ရရှိခဲ့သည့် ပျမ်းမျှလုပ်ခ တစ်လစာ၏ ၁၅ ဆကို ထိုသူ၏ ဆန္ဒအရ အရစ်ကျဖြစ်စေ၊ တစ်လုံးတစ်ခဲတည်းဖြစ်စေ ခံစားခွင့်ရှိသည်။ အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဦးစလုံးသည် လူမှုဖူလုံရေးအဖွဲ့မှ သတ်မှတ်ထားသော သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့်၏ ထည့်ဝင်ကြေးများကို ပေးသွင်းကြရသည်။ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှုအကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့်ရန်ပုံငွေများကို အလုပ်ရှင်၏ လစဉ်လစာငွေစာရင်းထဲမှ ၃% နှင့် အလုပ်သမားမှ လစာဝင်ငွေမှ ၃% လစဉ်လတိုင်းထည့်ဝင်ပေးရမည်။

ထည့်ဝင်ကြေးငွေကို ၁၂ လနှင့်အထက်မှ လပေါင်း ၁၈၀ အောက်ပေးသွင်းထားသည့် ကိစ္စတွင် အလုပ်ရှင်က ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေ၏ ၄၀ ရာခိုင်နှုန်းနှင့် ထိုအာမခံထားသူက ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေတို့ကို သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့်တကွ ခံစားခွင့်ရှိသည်။ ထည့်ဝင်ကြေးငွေကို ၁၂ လ အောက်နည်း၍ ပေးသွင်းထားသည့်ကိစ္စတွင် ထိုအာမခံထားသူ ပေးသွင်းထားပြီးသော ငွေများကို တစ်လုံးတစ်ခဲတည်း ပြန်လည်ထုတ်ယူခွင့်ရှိသည်။

အရင်းအမြစ်။ အပိုဒ် - ၃၂ ၊ ၃၅ ၊ လူမှုဖူလုံရေးဥပဒေ (၂၀၁၂)

အလုပ်တွင်ထိခိုက်မှုကြောင့်မဟုတ်ဘဲသေဆုံးမှုအတွက်ကျန်ရစ်သူအကျိုးခံစားခွင့်

သေဆုံးသူအလုပ်သမားသည် သေဆုံးချိန်တွင် သက်ပြည့်အငြိမ်းစားခံစားခွင့်၊ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့် ခံစားခဲ့လျှင် (သို့) ခံစားခွင့်ရှိခဲ့လျှင် အကျိုးခံစားထိုက်သောကျန်ရစ်သူအား ကျန်ရစ်သူအကျိုးခံစားခွင့် ပေးနိုင်သည်။

အာမခံထားသူက အမည်စာရင်း ပေးသွင်းထားခြင်းခံရသူသည် ကျန်ရစ်သူ အကျိုးခံစားခွင့်ကို ခံစားခွင့်ရှိသည်။ အမည်စာရင်းပေးသွင်းထားခြင်းခံရသူ မရှိလျှင် ထိုအာမခံထားသူ၏ လုပ်ခကို မှီခိုနေထိုင်သူများသည် အောက်ပါအစီအစဉ်အလိုက် ကျန်ရစ်သူ အကျိုးခံစားခွင့်ကို အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်အတိုင်း ထိုသူ၏ဆန္ဒအရ အရစ်ကျဖြစ်စေ၊ တစ်လုံးတစ်ခဲ တည်းဖြစ်စေ သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်- (၁) သေဆုံးသူ၏ ဇနီး သို့မဟုတ် ခင်ပွန်း၊ (၂) သေဆုံးသူ၏ ဇနီး သို့မဟုတ် ခင်ပွန်းမရှိလျှင် ထိုသူ၏ သားသမီးများ၊ (၃) သေဆုံးသူ၏ ဇနီး၊ ခင်ပွန်းနှင့် သားသမီးများ မရှိလျှင် ထိုသူ၏မိခင်နှင့် ဖခင်။

အကျိုးခံစားခွင့်များကို ရထိုက်သူရှိလျှင် အလုပ်ရှင်သည် အလုပ်လုပ် ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ရန်ပုံငွေသို့ မိမိက ၁၂ လ နှင့်အထက် ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေ၏ ၂၅ ရာခိုင်နှုန်း ကို သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့်တကွ ရထိုက်ခွင့်ရှိသည်။

သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့်ပမာဏသည် ထည့်ဝင်သောကာလအတွင်း အာမခံထားသောအလုပ်သမား၏ ပျမ်းမျှလစာအခကြေးငွေ၏ (၁၅) ဆဖြစ်သည် (၁၅ လအတွက် အခကြေးငွေ)။ ထိုငွေကို လစဉ်အကျိုးခံစားခွင့် အဖြစ်သော်လည်းကောင်း၊ တခဲတည်းသော်လည်းကောင်း ခံစားနိုင်သည်။ ထည့်ဝင်ကြေးငွေကို လပေါင်း (၁၈၀) ထက်ပို၍ ထည့်ဝင်ခဲ့ပါက သည်ထက်များသော ပင်စင်ငွေ ခံစားခွင့်ရရှိ နိုင်မည်။

ထည့်ဝင်ကြေးငွေကို ၁၂ လနှင့်အထက်မှ လပေါင်း ၁၈၀ အောက်ပေးသွင်းထားသည့် ကိစ္စတွင် အလုပ်ရှင်က ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေ၏ ၄၀ ရာခိုင်နှုန်းနှင့် ထိုအာမခံထားသူက ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေတို့ကို သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့်တကွ ခံစားခွင့်ရှိသည်။ ထည့်ဝင်ကြေးငွေကို ၁၂ လ အောက်နည်း၍ ပေးသွင်းထားသည့်ကိစ္စတွင် ထိုအာမခံထားသူ ပေးသွင်းထားပြီးသော ငွေများကို တစ်လုံးတစ်ခဲတည်း ပြန်လည်ထုတ်ယူခွင့်ရှိသည်။

အရင်းအမြစ်။ အပိုဒ် - ၃၆ ၊ လူမှုဖူလုံရေးဥပဒေ (၂၀၁၂)

အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်

အာမခံထားသူသည် လူမှုဖူလုံရေးအာမခံငွေ အနည်းဆုံး လပေါင်း (၁၈၀) ထည့်ဝင်ခဲ့ပြီးဖြစ်ပြီး၊ အမြဲတမ်းအလုပ်လုပ်ကိုင်နိုင်စွမ်း မရှိသည့်အခါ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်ရှိသည်။

အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှုအတွက် ငွေကြေးအကျိုးခံစားခွင့်ပမာဏသည် ထည့်ဝင်သောကာလအတွင်း အာမခံထားသောအလုပ်သမား၏ ပျမ်းမျှလစာအခကြေးငွေ၏ (၁၅) ဆဖြစ်သည် (၁၅ လအတွက် အခကြေးငွေ)။ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှုအတွက် ငွေကြေးအကျိုးခံစားခွင့်ကို အရစ်ကျဖြစ်စေ၊ တစ်လုံးတစ်ခဲတည်းဖြစ်စေ ခံစားခွင့်ရှိသည်။ ထည့်ဝင်ကြေးငွေကို လပေါင်း ၁၈၀ ထက်ပို၍ပေးသွင်းပါက ထိုသို့ပို၍ပေးသွင်းထားသည့်ကာလနှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီထပ်ပေါင်း၍ ခံစားခွင့်ရှိသည်။

ထည့်ဝင်ကြေးငွေကို ၁၂ လနှင့်အထက်မှ လပေါင်း ၁၈၀ အောက် ထည့်ဝင်ထားသည့် ကိစ္စတွင်မူ အလုပ်ရှင်က ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေ၏ ၄၀ ရာခိုင်နှုန်းနှင့် ထိုအာမခံထားသူက ပေးသွင်း ထားသည့် ထည့်ဝင်ကြေးငွေတို့ကို သတ်မှတ် ချက်များနှင့် အညီ အတိုးနှင့်တကွ ခံစားခွင့်ရှိသည်။ ထည့်ဝင်ကြေးငွေကို ၁၂ လ အောက်နည်း၍ ပေးသွင်းထားသည့်ကိစ္စတွင် ထိုအာမခံထားသူ ပေးသွင်းထားပြီးသော ငွေများကို တစ်လုံးတစ်ခဲတည်း ပြန်လည်ထုတ်ယူခွင့်ရှိသည်။

အရင်းအမြစ်။ အပိုဒ် - ၃၂ နှင့် ၃၃ ၊ လူမှုဖူလုံရေးဥပဒေ (၂၀၁၂)

လူမှုဖူလုံရေးဆိုင်ရာ စည်းမျဉ်းများ ။

  • လူမှုဖူလုံရေးဥပဒေ (၂၀၁၂) / Social Security Law 2012
 
Loading...