မိသားစုတာဝန် များ။

ဤစာမျက်နှာကို နောက်ဆုံးပြင်ဆင်သည့်ရက်စွဲမှာ - 2025-01-21

ဖခင်ဖြစ်ခွင့်

လူမှုဖူလုံရေးဥပဒေအရ လူမှုဖူလုံရေးအာမခံထားသူအမျိုးသားသည် ဇနီးမီးဖွားသည့်အခါ မွေးကင်းစကလေးအားပြုစုခွင့် ၁၅ ရက် ခံစားခွင့်ရှိသည်။ မီးဖွားခွင့်ယူသည့် လူမှုဖူလုံရေးအာမခံထားသူ အမျိုးသမီး၏ လူမှုဖူလုံရေးအာမခံထားသော ခင်ပွန်းအား ဖခင်ဖြစ်ခွင့် အကျိုးခံစားခွင့်ကို ပေးနိုင်သည်။ ခွင့်ခံစားထိုက်သောဖခင်သည် ကလေးမမွေးဖွားမီ သို့မဟုတ် ကိုယ်ဝန်ပျက်ကျခြင်းမတိုင်မီ (၁၂)လ ကာလအတွင်း လူမှုဖူလုံရေးအာမခံ ထည့်ဝင်ကြေးငွေကို အနည်းဆုံး (၆)လ ထည့်ဝင်ခဲ့ပြီးသား ရှိရမည်။ အာမခံထားသူ အမျိုးသားသည် အာမခံထားသူဖြစ်သော ဇနီးမီးဖွားသည့်အခါ ဖခင်ဖြစ်ခွင့် ကာလအတွက် မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်အဖြစ် တစ်နှစ်အတွင်း ပျမ်းမျှလုပ်ခ၏ ၇၀% ကို ခံစားခွင့်ရှိသည်။

အာမခံထားသူမဟုတ်သောဇနီးဖြစ်သူသည် ကလေးတစ်ဦးမွေးဖွားပါက သို့မဟုတ် တစ်ချိန်တည်းတွင် အမြွှာကလေးနှစ်ဦးမွေးပါက အာမခံထားသူအမျိုးသားသည် မီးဖွားစရိတ်ခံစားခွင့်၏ထက်ဝက်ခံစားခွင့်ရှိသည်။

အရင်းအမြစ်။ ပုဒ်မ ၂၈(က၊ခ) ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေ

မိဘဆိုင်ရာခွင့်

ဥပဒေတွင် မိဘများအတွက် မိဘ ခွင့် ပေးသော ပြဌာန်းချက်များ ရှာမတွေ့ပါ။

မိဘများအတွက်ချိန်ညှိအလုပ်ချိန်ရွေးချယ်ခွင့် / မိသားစုဘဝနှင့်အလုပ် ချိန်ညှိခြင်း။

ဥပဒေတွင် မိဘများ သို့မဟုတ် မိသားစုတာဝန်များရှိသော အလုပ်သမားများအတွက် အလုပ်နှင့်ဘဝ ဟန်ချက်ညီအောင်ချိန်ညှိနိုင်မှုအား ပံ့ပိုးပေးသော ပြဋ္ဌာန်းချက်များ ရှာမတွေ့ပါ။

မိသားစုတာဝန်များဆိုင်ရာစည်းမျဉ်း။

  • လူမှုဖူလုံရေးဥပဒေ (၂၀၁၂) / Social Security Law 2012
 
Loading...