သင့်တင့်လျောက်ပတ်စွာ ပြုမူပြောဆိုဆက်ဆံမှု။

ဤစာမျက်နှာကို နောက်ဆုံးပြင်ဆင်သည့်ရက်စွဲမှာ - 2025-01-21

တူညီသောအလုပ်အတွက်တူညီသောလုပ်ခခံစားခွင့်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ "အမျိုးသမီးများသည် တူညီသောအလုပ်အတွက် အမျိုးသားများခံစားခွင့်ရှိသောအခွင့်အရေးနှင့် လစာတို့ကို ခံစားခွင့်ရှိသည်။"

အရင်းအမြစ်။ ။
အပိုဒ် - ၃၀၅၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)

ခွဲခြားဆက်ဆံမှုမရှိခြင်း။

နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေးရရှိစေရမည်။ ထို့ပြင် ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်။ နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ။ "နိုင်ငံတော်သည် အလုပ်အကိုင်ခန့်ထားရာတွင်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းရွေးချယ်တာဝန် ပေးရာတွင်ဖြစ်စေ သတ်မှတ်သောအရည်အချင်းနှင့် ပြည့်စုံပါက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ သာသနာ၊ အမျိုးသား၊ အမျိုးသမီး ကို အကြောင်းပြုလျက် ရာထူးရွေးချယ်ခန့်ထားခြင်းကို ခွဲခြားမှုမပြုရ။ သို့ရာတွင် အမျိုးသားများ နှင့်သာ လျော်ကန်သင့်မြတ်သည့် ရာထူးတာဝန်များအတွက် အမျိုးသားများအားရွေးချယ် ခန့်ထားခြင်း ကိုဤပုဒ်မအရ အဟန့်အတားမဖြစ်စေရ။"

မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ အရ မသန်စွမ်းမှုကို အကြောင်းပြု၍ မသန်စွမ်းသူများကို ခွဲခြားဆက်ဆံမှုနှင့် နှိမ့်ချမှုတို့မရှိစေရ။ အလုပ်ရှင်များသည် အလုပ်ခန့်ထားရာတွင် ဦးစီးဌာနနှင့် သက်ဆိုင်ရာ မြို့နယ်အလုပ်အကိုင်နှင့် အလုပ် သမားရှာဖွေရေးရုံးများတွင် မှတ်ပုံတင်ထားသည့် မသန်စွမ်းသူများကို ရွေးချယ်ခန့်ထားရမည်။ အစိုးရနင့် မသန်စွမ်းအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များပါဝင်သော ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ဖွဲ့စည်းထားသည့် မသန်စွမ်းသူများ၏ အခွင့်အရေးများ နှင့် တာဝန် နှင့် ဝတ္တရားများ ဆိုင်ရာ အမျိုးသားကော်မတီသည် မသန်စွမ်းသူများအား အလုပ်ခန့်ထားရာတွင် အလုပ်အကိုင်အမျိုးအစားအလိုက် အလုပ်လုပ်ကိုင်နိုင်စွမ်းရှိသော မသန်စွမ်း သူများကို သင့်လျော်သောအလုပ်တွင် သတ်မှတ်ပေးသော ဝေပုံကျ နှုန်းထား အရေအတွက်အတိုင်း (အဆိုပါဝေစုအတွက် နေရာအတိအကျ ချမှတ်မထားသော်လည်း) ခန့်ထားရမည်။ အလုပ်ရှင်သည် သတ်မှတ်ထားသော ဝေပုံကျနှုန်းထား အရေအတွက်အတိုင်း အလုပ်ခန့်ထားခြင်း မပြုနိုင်လျှင်ဖြစ်စေ၊ အလုပ်ခန့်ထားရန် အခြေအနေမပေးလျှင် သို့မဟုတ် အခွင့်အလမ်းမရှိလျှင်ဖြစ်စေ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေသို့ သတ်မှတ်ထားသော ငွေပမာဏကို ဝေပုံကျနှုန်း ထား အရေအတွက်အတိုင်း ပေးသွင်းရမည်။

ခွဲခြားဆက်ဆံခြင်းသည် ရာဇဝတ်ကြောင်း နှင့်/ သို့မဟုတ် တရားမ လမ်းကြောင်းသို့ ဦးတည်သွားနိုင်သည်။

အရင်းအမြစ်။
အပိုဒ် - ၃၄၇ ၊ ၃၄၈ ၊ နှင့် ၃၅၂ ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)
မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ - ၂၀၁၅ (၃၀ /၂၀၁၅)

တူညီသောအသက်မွေးဝမ်းကြောင်းအလုပ်အကိုင်ရွေးချယ်မှု။

အမျိုးသမီးများသည် အမျိုးသားများနှင့် တူညီသောအလုပ်ကို မလုပ်နိုင်ပါ။ ခွင့်ပြုမိန့်ရရှိသူ၊ အထွေထွေမန်နေဂျာ သို့မဟုတ် မန်နေဂျာသည် ကျန်းမာရေးနှင့် လူမှုဝန်ထမ်းလုပ်ငန်းများအတွက်မှတစ်ပါး သတ္တုတွင်း၏ မြေအောက်လုပ်ကွက်စခန်းများတွင် အမျိုးသမီးကို အလုပ်ခန့်ထားခြင်းမပြုရ။ ထိုအလုပ်ဌာများတွင် လူမှုရေး၊ ကျန်းမာရေးတို့နှင့် ပါတ်သက်သောအလုပ်များတွင်သာအမျိုးသမီးကိုခိုင်းစေနိုင်သည်။ အလုပ်ရုံများအက်ဥပဒေ (၁၉၅၁) အရ - ဝါဖတ်စက်လည်နေသော အလုပ်ရုံအစိတ်အပိုင်း တခုခုတွင်၊ မည်သည့်မိန်းမကိုမျှ၊ သို့တည်း မဟုတ် မည်သည့် ကလေးကိုမျှ မခိုင်းစေရ။

အခြားအသက်မွေးဝမ်းကြောင်းလုပ်ငန်းများအတွက် မည်သည့် ကန့်သတ်ချက်မျှ မတွေ့ရှိရပါ။

အရင်းအမြစ်။
အပိုဒ် - ၉၃ ၊ သတ္တုတွင်းဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် - ၁၂၅ /၁၉၉၆
အပိုဒ် - ၂၉ ၊ အလုပ်ရုံများအက်ဥပဒေ (၁၉၅၁)

သင့်တင့်လျောက်ပတ်စွာ ပြုမူပြောဆိုဆက်ဆံမှုဆိုင်ရာ စည်းမျဉ်းများ။

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) / Constitution of Myanmar, 2008
  • ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေကို ပြင်ဆင်သည့်ဥပေဒ (၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၂) / The Law Amending the Factories Act, 1951 (The Pyidaungsu Hluttaw Law No. 12, 2016)
  • ရာဇသတ်ကြီး (၁၈၆၁) / Penal Code 1861
  • မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၀) / Rights of Persons with Disabilities Law, 2015 (30/2015)
  • သတ္တုတွင်းဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် - ၁၂၅ /၉၆ / Ministry of Mines Notification No. 125 of 1996
 
Loading...